Tuesday, 11 March 2008

LabView basic Tutorials

LabView programming ကိုအခြေခံကစပြီး လေ့လာချင်သူတွေအတွက်ပါ သူ့ရဲ့ Interfaces, Tools တွေကစပြီး Excel file Read/Write အထိကို အဆင့်ဆင့်ရှင်းလင်း သင်ကြားပေးထားတဲ့ Tutorial လေးတွေပါ။ ဒါပေမယ့် LabView 6.0 နဲ့ ရှင်းထားတာဖြစ်လို့ တစ်ချို့ Icon, Label လေးတွေမှာ အပြောင်းအလဲရှိပါတယ်။ ဒါပေမယ့် အားလုံးနီးပါးတော့တူပါတယ်။ တော်တော်အသုံးဝင်တဲ့ Tutorial လေးတွေပါ။

Tutorial (1)
Tutorial (2)
Tutorial (3)
Tutorial (4)
Tutorial (5)
Tutorial (6)
Tutorial (7)
Tutorial (8)
Tutorial (9)
Tutorial (10)

Monday, 25 February 2008

Very Bad News .....

ရတနာပုံဈေးက ကျွန်တော့်သူငယ်ချင်းတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ ရှိနေသေးတဲ့နေရာကြီးပါ။ MICT park, SkyWalk Shopping Mall, MCC (Mdy), Offices, ... တွေရှိတဲ့နေရာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီနေရာမှာ အကြာကြီးနေခဲ့တာပဲ။ သံယောဇဉ်အရမ်းရှိပါတယ်။ အခုမီးလောင်သွားပြီတဲ့။ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ အားလုံးကိုလည်းသနားတယ်၊ ၀မ်းနည်းတယ်ဗျာ။

Sunday, 24 February 2008

Noise Filtering Program (Demo) with LabView

LabView နဲ့ DSP Signal Processing ရဲ့နမူနာလေးတည်ဆောက်ပုံပါ။ Program Flow ကတော့ Signal (Sine Wave)ကို Input အဖြစ်လက်ခံတယ် White Noise Signal နဲ့ရောတယ်။ နောက်အဲဒီ Signal ကို FIR filter နဲ့ Filtering ပြန်လုပ်တယ်။ နောက် Signal တွေထုတ်တယ်။ Input Signal ကတော့ Virtual ပေါ့။ DSP သဘောတရားတော့ နည်းနည်းနားလည်မှ ဒီဥပမာကို သိမှာပါ။ Signal Generator, White noise Components တွေက Clone တွေပါ။ ပြင်လို့မရနိုင်ပါဘူး။


Thursday, 21 February 2008

Programming With LabVIEW (3) (Creating and Using SubVI)

ဒီ LabVIEW အကြောင်းကို ကျွန်တော်ရပ်ထားခဲ့တာကြာပါပြီ။ LabVIEW က တစ်ခြား Programming Language တွေလိုပဲ Function တွေသုံးလို့ရပါတယ်။ ဒီမှာကျတော့ SubVI လို့ခေါ်ပါတယ်။ သူ့ကိုတည်ဆောက်ရတာ မခက်ပါဘူး။ ဒါပေမယ့် တစ်ချက်နှစ်ချက် လောက်တော့ သိဖို့လိုပါတယ်။

ပထမအဆင့်အနေနဲ့ ကိုယ်သုံးချင်တဲ့ VI ကိုတည်ဆောက်ရပါတယ်။ အဲဒါကပုံမှန် LabVIEW program ရေးတဲ့အတိုင်းပါပဲ။ အောက်မှာနမူနာအနေနဲ့ Fahrenheit ကနေ Celsius Degree ပြောင်းတဲ့ program လေးကိုပေးထားပါတယ်။

အဲလိုတည်ဆောက်လို့ပြီးသွားတဲ့အခါ အဲဒီ VI ကို SubVI အဖြစ်တစ်ခြား VI မှာထည့်သုံးလို့ရအောင် setting လုပ်ပေးရပါတယ်။ အဲဒါကတော့ ညာဘက်အပေါ်ဒေါင့်မှာ Icon လေးကို Right click လုပ်လိုက်ရင် Pattern ထဲမှာ အထက်က မှာပါတဲ့ Patterns ကိုရွေးရပါတယ်။ pattern ရွေးတဲ့နေရာမှာ ဘယ်၊ ညာ block နှစ်ခြမ်းရှိတဲ့ထဲက ဘယ်ဘက်က အခြမ်းက Input (Passed Value) ဖြစ်ပြီး၊ ညာဘက်က အခြမ်းက Output (Return) ဖြစ်ပါတယ်။ 1 Input, 1 Output ရှိတဲ့အတွက် တစ်ကွက်စီပဲဖြစ်နေတာပါ။ 2 Inputs ဆိုရင် ဘယ်ဘက်အခြမ်းမှာ ၂ ကွက်ဖြစ်ရပါမယ်။ ပုံမှန်က အဖြူရောင်တွေပါ။ ပြီးရင် Input Control ကိုရွေး ဘယ်ဘက်အကွက်ကို click လုပ်။ Output Indicator ကိုရွေး ညာဘက်အကွက်ကို click လုပ်ရင် အထက်မှာပါတဲ့အတိုင်း လိမ်မော်ရောင်လေးတွေ ဖြစ်လာမှာပါ။ အရောင်ကိစ္စကတော့ Integer ဆိုရင် အပြာရောင်၊ Float ဆိုရင် လိမ်မော်၊ Character ဆိုရင် အစိမ်း၊ String ဆိုရင် ပန်းရောင်ပါ။ Array ဆိုရင် line ထူပါတယ်။ Data Flow တွေကလည်း အဲဒီအရောင်တွေ အတိုင်းပါပဲ။ ပုံတွေမှာကြည့်လိုက်ပါ။

အဲဒီ SubVI ကိုအခြား VI မှာယူသုံးလိုက်တဲ့ ပုံတွေပါ။ C->F Icon လေးက SubVI ရဲ့ Icon ပါ။ ကျန်တာတွေကတော့ အရင်တစ်ခါရေးခဲ့သလို နေရာချ။ Flow line တွေလိုက်ဆက်ပေး။ ပြီးရင် လို့ရပါပြီ။ နောက်ထပ် Post တွေမှာ Tools, Instruments, Components တွေကိုနဲနဲခြင်းထည့်ပြောသွားပါမယ်။ အဓိကဖြစ်တတ်တဲ့ Error တွေကတော့ မတူတဲ့ Data Type အချင်းချင်း Data Flow ချိတ်မိတာပါပဲ။

Tuesday, 19 February 2008

Classification of USB Chips and Microcontrollers

USD (Universal Serial Bus) တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာတာ ၁၀ နှစ်ကျော်လောက်ရှိပါပြီ။ USB တွေကိုအသုံးပြုနေပေမယ့် တစ်ခြား Port (COM, LPT) တွေကိုအခုထိဘာကြောင့် သုံးနေရသလဲဆိုတော့ Machine တွေနဲ့ချိတ်ဆက်တဲ့နေရာမှာ COM, LPT တွေက USB ထက်ပိုပြီး အဆင်ပြေနေသေးတာကြောင့်ပါ။ ဈေးကွက်မှာ USB Chip တွေကို အသုံးပြုတဲ့ပုံစံပေါ်မူတည်ပြီး Category အမျိုးမျိုးခွဲခြားထားပါတယ်။
  1. Microcontrollers with built-in USB interface
  2. Microcontrollers with USB Emulated program
  3. USB converters or USB bridges
  4. Hub Controllers
  5. Host Controllers
  6. Dual role controllers, OTG (On-The-Go)
  7. USB Transceivers, USB Switches

တွေလို့ခွဲခြားထားပါတယ်။

1. Microcontrollers with built-in USB interfaceသူက MCU ထဲမှာ ပါပြီးသားဖြစ်တဲ့အတွက် အခြား Chip တွေထက်ပိုမြန်ပါတယ်။ Full-Speed ရတယ်လို့ပြောလို့ရပါတယ်။ ကျန်တဲ့ Chip တွေက အခုလောက်မမြန်ပါဘူး။ ဒါပေမယ့် ဈေးကြီးတယ်၊ Customise လုပ်လို့မရဘူး။


2. Microcontrollers with USB Emulated programသူက USB ကို Software နဲ့ထိန်းချုပ်လို့ရအောင် သက်ဆိုင်တဲ့ Register တွေ၊ Bufferတွေ ထည့်ပေးထားပါတယ်။ ပထမတစ်မျိုးထက်နှေးပါတယ်။ Controller Software ကိုရေးပေးဖို့လိုပါတယ်။ Driver သဘောမျိုးပေါ့။ ရေးရတဲ့ Software ကတော့ခက်ပါတယ်။

3. USB converters or USB bridges

ဒီမှာ အမျိုးအစားတွေထပ်ခွဲလို့ရပါတယ်။

- USB to Serial (COM) bridge

- USB to Parallel (LPT) bridge

- USB to Synchronous (I2C, SPI, JTAG)

- USB to Multimedia (IDE, Flash Disk, CD Drive)

တွေပါ။

Software ရေးရတာက ဒုတိယတစ်ခုထက်စာရင်လွယ်ပါတယ်။ Library တွေလုပ်ထားပြီး ထပ်ခါတလဲလဲ သုံးလို့ရပါတယ်။ ကြားခံအနေနဲ့ Converter တစ်မျိုးမျိုးတော့လိုတာပေါ့။ အသုံးအများဆုံး Chip ပါ။ ကျွန်တော်အခုသုံးနေတာက ဒီလိုမျိုးပုံစံနဲ့ပါ။ အရင် Post တွေမှာလည်းပါဘူးပါတယ်။ Library (Source Code) တွေကိုလည်းထပ်တင်ပေးပါ့မယ်။

4. Hub Controllers
USB port အများကြီးကို port တစ်ခုထဲမှာပေါင်းပေးတဲ့ Chip ပါ။ ရေးထားတဲ့ Software တွေက Hard-Code တွေဖြစ်ပြီး ပြင်လို့မရနိုင်ပါဘူး။ External Peripheral Device တွေအနေနဲ့ တွေ့ရလေ့ရှိပါတယ်။

5. Host Controllers
PC Motherboard တွေမှာသုံးပါတယ်။ PCI-USB, PCI-E-USB အစရှိသဖြင့် သုံးပါတယ်။ Host to Host Controller လို့လည်းပြောကြပါတယ်။ အဓိကအသုံးပြုလေ့ရှိတဲ့နေရာက 2 PC ကို USB port နဲ့ချိတ်တဲ့နေရာမှာ သုံးပါတယ်။

6. Dual role controllers, OTG (On-The-Go)
သူက Master or Slave device တွေအဖြစ်သုံးလို့ရပါတယ်။ Phillip Company က ထုတ်ခဲ့တဲ့ ပါ။

7. USB Transceivers, USB Switches
Additional Devices ဖြစ်ပါတယ်။ Over-Voltage protection တွေအတွက်သုံးလေ့ရှိပါတယ်။

Monday, 18 February 2008

Examples of Texas Instruments (MSP-430)

TI MSP-430 ရဲ့ ဥမာလေးတွေပါ။ ပျောက်သွားမှာစိုးလို့ တင်ထားတဲ့သဘောပါ။ C Language နဲ့ရေးထားတဲ့ MSP-430 Components (Timer, ADC, WatchDog Timer, Ports) တွေနဲ့ပါတ်သတ်တဲ့ ဥပမာလေးတွေပါ။

SolidWorks Basics - Video Tutorial (1)

KPZ ဆိုတဲ့ညီမလေးရဲ့ (ကျွန်တော့်ထက်ငယ်လိမ့်မယ် ထင်လို့ပါ) ဘလော့ဂ်ကို ဖတ်ပြီးတော့ အကြံရလာလို့ပါ။ ဒီ Software ကစိတ်ဝင်စားစရာကောင်းပါတယ်။ သူက တွေအတွက် အဓိကထုတ်ထားတယ် ဆိုပေမယ့် အခြားလုပ်ငန်းတွေမှာလည်း သုံးပါတယ်။ ဆွဲပုံအဆင့်ဆင့်တွေကို မြန်မာလိုပြန်ရေးရင် အရမ်းရှည်မှာစိုးလို့ Video Tutorial လေးတွေပေးလိုက်တာပါ။ အလွန်ရိုးရှင်းပါတယ်။ Download လုပ်ပြီး ကြည့်ရင်ကို နားလည်နိုင်ပါတယ်။ ကျွန်တော်က AutoCAD ကိုမတတ်ပါဘူး။ ဒါပေမယ့် SolidWorks က 3D base Software ဆိုတော့စိတ်ဝင်စားလို့ လေ့လာပြီး လုပ်ကြည့်ထားတာပါ။ ကျွန်တော့်အလုပ်က Testing Machine Box/ Panel လေးတစ်ခုကို ဆွဲကြည့်ထားတာပါ။ အောက်မှာပေးထားတဲ့ Video Tutorial လေးတွေကို ကြည့်ပြီး လုပ်ကြည့်ထားတာပါ။

Basic - အခြေခံလေးတွေကိုရှင်းပြထားတာပါ နမူနာ လေ့ကျင့်ခန်းလေးတစ်ခုပါပါတယ်။

Interface – SolidWorks Setting လေးတွေကို ရှင်းပြထားတာပါ။

Tangent Arc - အခုံးပါတဲ့ အစိတ်အပိုင်းလေးတွေဆွဲတာပါ။

More on Extrusion - အဆင့်ဆင့် ထုထည်လုပ်ပုံလေးတွေပါ။

Sample hole - Surface တွေပေါ်မှာ အပေါက်ဖောက်တွေဖောက်ပုံကို ရှင်းထားတာပါ။

ဒါပေမယ့် အစိတ်အပိုင်းတွေကို Assembly လုပ်ဖို့တော့ လိုပါလိမ့်မယ်။ အဲဒီအပိုင်းကို Post တစ်ခုအနေနဲ့ သပ်သပ်တင်ပါ့မယ်။ Mechinical Drawing ရဲ့ အခြေခံတွေကို မသိလို့ Technical Terms လေးတွေ အသုံးအနှုံးလေးတွေမှားနေရင် ခွင့်လွှတ်ပါ။

Friday, 15 February 2008

Accessing Data from AD7715

ADC (Analog to Digital Converter) အကြောင်းကို ကျွန်တော် Post တစ်ခါရေးဘူးပါတယ်။ ဒါကအဲဒါရဲ့နောက်ဆက်တွဲပါ။ ADC ကနေပြီးတော့ Data တွေကိုဖတ်တဲ့ ပုံစံပါ။ ဖတ်တဲ့နေရာမှာ အဓိကအနေနဲ့ အဆင့် ၃ ဆင့်ပဲရှိပါတယ်။
၁။ ADC Initialisation
၂။ Send Read Command to ADC
၃။ Read back the Reply Value (Read 2 bytes)
ဆိုပြီးရှိပါတယ်။ အသေးစိတ်အဆင့်တွေကို အောက်မှာ Flow Chart နဲ့ပြထားပေးပါတယ်။

သူက MCU နဲ့ဆက်သွယ်တဲ့နေရာမှာ SPI Communication Protocol ကိုသုံးပါတယ်။ Clock နဲ့ Chip Select signal ကို MCU ကနေပေးပါတယ်။ Value ဖတ်တဲ့နေရာမှာ 16 bit ရှိတဲ့အတွက် 8-bit Low/High byte ဆိုပြီးနှစ်ခါပြန်ဖတ်ရပါတယ်။ ပြီးမှ 16-bit value အနေနဲ့ပြန်ပေါင်းပေးပြီး တန်ဖိုးကို ယူရပါတယ်။ ADC ကို Command တွေလှမ်းပေးခြင်းအားဖြင့် အလုပ်လုပ်တာပါ။ Flow Chart မှာ Hexa Command တွေပါထည့်ရေးထားပါတယ်။


Thursday, 14 February 2008

RF (Radio Frequency) with XBee (ZigBee)

Wireless Device တွေကို အသုံးပြုကြတဲ့နေရာတွေ အများကြီးပါ။ Medium တွေလည်းအများကြီးပါ။ ဥပမာ Infra Red, RF (Radio Frequency) တွေပေါ့။ ကျွန်တော်အခုပြောမှာက RF ပါ။ သူမှာ System တွေထပ်ရှိပါတယ်။ အောက်မှာ ဇယားနဲ့ နှိုင်းယှဉ်ပြထားပါတယ်။ ကျွန်တော်က အဲဒီထဲကနေ ZigBee နဲ့ပါတ်သတ်တဲ့ Devices, IC လေးတွေကို ရေးသွားမှာပါ။

XBee
XBee ဆိုတာက RF သုံးလို့ရတဲ့ IC ပါ။ MaxStream Company’s product ပါ။
သူ့ကိုတစ်ခြား MCU တစ်ခုနဲတွဲပြီးသုံးလေ့ရှိပါတယ် အောက်မှာ PIC MCU နဲ့ XBee ချိတ်ဆက်အသုံးပြုထားတဲ့ Daughter Board ပုံကိုပြထားပါတယ်။ Computer နဲ့ဆက်ပြီးသုံးချင်ရင် XBee Demonstration Board ကိုသုံးရင်လည်းရပါတယ်။ COM (Serial) port ကိုသုံးပြီးချိတ်ဆက်ပါတယ်။

XBee daughter board

XBee daughter board (layout)

XBee daughter board attached with PIC MCU

XBee Demonstration Board

XBee Development Kit

Internal Data Flow Diagram

Wednesday, 13 February 2008

Hexa Code <-> Assembly Code <-> C Code

ဒီ Post ကတော့ နဲနဲမျက်စိလည်မယ်ထင်ပါတယ်။ ကျွန်တော်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ Software တစ်ခုပေါ့ အဲဒါကကျွန်တော့ဆီမှာရှိတဲ့ နောက်ဆုံးဆိုတဲ့ Source Code ကလည်း နောက်ဆုံးဟုတ်မဟုတ် မသေချာတဲ့အခါမှာ Microprocessor ထဲကနေ Hexa Codes ကိုပြန်ယူ။ Assembly Code ပြောင်း နောက် C Code ကိုပြန်ပြောင်း နောက်ပြီး C Code ကိုပြင် ပြီးတော့မှ Microprocessor ထဲကိုပြန်ပြီး Download လုပ်လိုက်ရတဲ့ အခြေအနေပါ။ Hex Code ကိုဖတ်တဲ့နေရာမှာ ဥပမာပြောရရင် 02 04 65 53 က Assembly ဆိုရင် LJMP 0465H ANL ပါ C ဆိုရင် #include “GBA.h”။ တစ်ကယ်တော့ Function Call ပါပဲ။ ဒါပေမယ့်အဲဒါ အသေမဟုတ်ပါဘူး။ Complier Type ပေါ်မူတည်ပြီး Code Conversion ပြောင်းလဲမှုရှိပါတယ်။ နမူနာ Program တစ်ခုကိုအရင်ပြောင်းကြည့်ပြီးမှ တစ်ကယ်ကိုလုပ်မည့် Software ကိုပြောင်းမှ အဆင်ပြေမှာပါ။ မှန်ဖို့ရာခိုင်နှုန်း အလွန်းနည်းပါတယ်။ မရနိုင်ဘူးလို့ပြောတာ ပိုကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မသေချာလို့ တစ်ခြားနည်းပြောင်းသုံးရပါတယ်။

Wednesday, 30 January 2008

DSP (Digital Signal Processing) Reference Book

DSP (Digital Signal Processing) ကိုကျွန်တော်လေ့လာနေတုန်းပါ။ အမှန်အတိုင်းပြောရရင် အဲဒီအပိုင်းမှာ Theory ပိုင်းတွေအများကြီးလိုပါတယ်။ တကယ်တော့ သူကသပ်သပ် Degree, Diploma တစ်ခုပေးလို့ရတဲ့ Subject ပါ။ ကျွန်တော်ကတော့ လုံးဝနီးပါးမသိခဲ့လို့ ခုမှ စလေ့လာတုန်းပါ။ ကျွန်တော်ဖတ်နေတဲ့ e-Book လေးကိုတဆင့်ဝေမျှလိုက်ပါတယ်။ အခြေခံကနေစပြီး တော်တော်လေး စုံစုံလင်လင်ရေးထားပါတယ်။

ကျွန်တော့်ကို ဒီစာအုပ်ရှာဖွေပေးတဲ့ “မောင်သန့်” ကိုကျေးဇူးတင်ကြပါ။

Chapter (1) Chapter (2) Chapter (3) Chapter (4) Chapter (5)
Chapter (6)
Chapter (7) Chapter (8) Chapter (9) Chapter (10)
Chapter (11)
Chapter (12) Chapter (13) Chapter (14) Chapter (15)
Chapter (16)
Chapter (17) Chapter (18) Chapter (19) Chapter (20)
Chapter (21) Chapter (22) Chapter (23) Chapter (24) Chapter (25)
Chapter (26) Chapter (27) Chapter (28) Chapter (29) Chapter (30)
Chapter (31) Chapter (32) Chapter (33) Chapter (34)

Tuesday, 29 January 2008

NEC MCU's Debuggers and Programmers

NEC Microcontroller တွေနဲ့ ရေးတဲ့အခါကြုံရတဲ့ Problem လေးတွေပါ။ ကျွန်တော်သုံးဘူးတာ Programmer နှစ်မျိုးရှိပါတယ်။ PG-FPL3 နဲ့ MiniCUBE2 ပါ။ MiniCUBE2 က Debugging လုပ်လို့ရပြီး FPL3 က Debugging မရပါဘူး။ Target speed 8MHz, 16MHz ရှိတဲ့ MCU တွေပေါ်မူတည်ပြီး Hardware (Programmer) မှာ switch ကိုပြောင်းပေးရပါတယ်။ Software မှာလည်း Setting ပြန်ပြင်ပေးရပါတယ်။ အဲဒီလိုမလုပ်ရင် သုံးလို့မရပါဘူး။ နောက်တစ်ခုက Port (USB-Serial) မှာ Driver လိုပါတယ်။ Install & Setting လုပ်ပေးရပါတယ်။ အောက်မှာ Setting လုပ်တဲ့ နမူနာပြထားပါတယ်။ PRM (Parameter File) ကိုလည်း Install လုပ်ရပါတယ်။ Software, driver အားလုံးကို NEC ရဲ့ Website မှာ free download လုပ်လို့ရပါတယ်။ FPL3 အတွက်ဆိုရင် FPL3 Software ကိုသုံးပါတယ်။

MiniCUBE2 and AccessoriesPG-FPL3FPL3 setup screen

Friday, 25 January 2008

KENWOOD AG-204D Oscillator

Frequency Generator အတွက်ပဲသုံးတာပါ။ အခုသုံးနေတာပေါ့။ သူက Frequency 1 MHz အထိအများဆုံးရတယ်။ Amplitude က 24V (Peak to Peak) အထိရတယ်။ ပြီးတော့ Sine Wave form နဲ့ Square Wave form နှစ်မျိုးထုတ်လို့ရတယ်။ မေ့သွားမှာစိုးလို့ တင်ထားတာပါ။


Mojo with TI MSP430 Microprocessor

အဓိကသုံးတာကတော့ Digital Filter အဖြစ်သုံးတာပါ။ Slave Device (Co-processor) အဖြစ်ပဲသုံးလို့ရပါတယ်။ I/O Ports အရေအတွက်နည်းလို့ပါ။ သူ့မှာ Digital or Analog Receiver Channel ၄ ခုပါပါတယ်။ အမြန်နှုန်းကတော့ 1MHz, 8MHz, 12MHz, 16MHz ဆိုပြီး ကြိုက်တဲ့ Clock ကိုရွေးသုံးနိုင်ပါတယ်။ Clock Divider 1, 2, 3 , 4, 8, 16, 48 Software ကနေ Setting လုပ်ပေးရုံပါပဲ။ သူနဲ့အတူ တွဲသုံးရတဲ့ Debugger ကတော့ eZ430 Development Tool ပါ။ ၀င်လာတဲ့ Signal တွေကို Filter လုပ်ပြီး Result တန်ဖိုးတွေကို သူနဲ့ဆက်ထားတဲ့ Master (Main Processor) ကို I2C or SPI Communication နဲ့ပြန်ပို့ပေးရပါတယ်။ အကောင်သေးသလောက် အသုံးဝင်ပါတယ်။

eZ430 and Texas Instruments MSP430x Proecssor

eZ430 and MSP Mojo Target Board

RS232 Hacking Cable with PC Card

RS232C ကို အသုံးပြုပြီး Electronics Device အချင်းချင်းဖြစ်ဆက်သွယ်ပြီး အလုပ်လုပ်တဲ့အခါမှာ သူတို့အချင်းချင်းကြားမှာ ဆက်သွယ်တဲ့ Data Communication တွေကိုသိချင်တဲ့အခါမှာ သုံးပါတယ်။ Software တစ်မျိုးတော့လိုပါတယ်။ တစ်နည်းအားဖြင့် Hacking လုပ်တဲ့ သဘောပေါ့။ မူရင်း Reference တွေပျောက်သွားတဲ့အတွက် ကျွန်တော်သုံးဘူးတာပါ။ Device နှစ်ခုရဲ့ Transmit & Receive Data တွေကိုကြည့်လို့ရတာပေါ့။ အဲဒီလိုကြည့်ပြီး Software ကိုပြန်ပြင်လို့ရနိုင်ပါတယ်။

PC card အမျိုးအစားပေါ်မူတည်ပြီး Port အရေအတွက်ကွာပါတယ်။