Showing posts with label Solar Energy System. Show all posts
Showing posts with label Solar Energy System. Show all posts

Tuesday, 8 March 2011

Solar Power System Design

ဒီဆိုက်မှာ solar power နဲ့ ပါတ်သတ်တဲ့ နေ့စဉ် ကိုယ်လိုချင်တဲ့ မီးအားအသုံး၊ ဘက်ထရီ၊ ဆိုလာပြားအရေအတွက် စတာတွေကို တစ်ခုစီ တွက်ချက်လို့ရတဲ့ တွက်နည်းလေးတွေ အဆင်သင့်ပါပါတယ် ..

http://www.solar-power-answers.co.uk/design.php

Thursday, 16 December 2010

On-Grid Vs. Off-Grid Solar Power Systems

တကယ်လို့ ကျတော်တို့က Solar Power System တစ်ခုကို စဉ်းစားကြမယ် ဆိုပါစို့။ ၃ မျိုးရှိပါတယ်။

1. On-Grid Battery Solar Power System
2. On-Grid Solar Power System without Battery
3. Off-Grid Solar System
ရယ်လို့ ခွဲခြားလို့ရနိုင်ပါတယ် ..

On-Grid ကတော့ ပုံမှန်ပေးနေတဲ့ လျှပ်စစ်လိုင်း (grid) နဲ့ ချိတ်ဆက်ထားတဲ့ system ပါ။ Off-Grid ကတော့ လိုင်းနဲ့ ချိတ်မထားတဲ့ သီးသန့် system ပါ။

နံပါတ် (၁) အတွက်ဆိုရင် Back-up Battery လိုပါတယ်။ (အဲ့မှာ solar အတွက် သီးသန့်ဘက်ထရီဖြစ်တဲ့ Deep Cycle, Non Maintenance လို Battery တွေလိုပါတယ်။ ဒါလည်း ၂ နှစ်လောက်အထိပဲ ကောင်းပါတယ်။) battery အားသွင်းထားပြီး ပိုလာတဲ့ လျှပ်စစ်တွေကို grid ထဲကို ပြန်ထဲ့ (ပြန်ရောင်း) ပေးတာပါ။ (ကျွန်တော် Smart electricity system ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးဘူးပါတယ်) battery ထဲက လျှပ်စစ်ကို ညအချိန်မှာ ပြန်သုံးပါတယ်။ သူကတော့ အရောင်း သီးသန့်ပေါ့။

နံပါတ် (၂) အတွက်ကတော့ battery မပါပါဘူး။ သူက နေ့အချိန်မှာ ရောင်းပြီး ညအချိန်မှာ grid ကနေ ပြန်ဝယ်ပါတယ်။ battery မလိုတဲ့အတွက် ကုန်ကျစားရိတ်သက်သာပါတယ်။ ဒါပေမယ့် Bi-directional metering system (ကျွန်တော်တခါရေးဘူးပါတယ်) လိုပါတယ်။


(၁) နဲ့ (၂) ကို FIT = Feed in Tariff လို့လည်း ခေါ်ပါတယ်

နံပါတ် (၃) ကတော့ အရှင်းဆုံးပါ။ battery လိုမယ် grid နဲ့ ချိတ်ထားခြင်းမရှိ။ battery ကို အားသွင်းပီး ပိုလာရင် အားသွင်းတဲ့အလုပ်ကို ဖြတ်ချလိုက်မယ်။ ခုန အားသွင်းရင်း ၀င်နေတဲ့ လျှပ်စစ်အားကို တိုက်ရိုက်သုံးမယ်။ DC သုံးတဲ့ ပစ္စည်းတွေဆိုရင်တော့ အဆင်ပြေတယ်။ AC သုံးတဲ့ ပစ္စည်းတွေအတွက်တော့ Inverter လိုပါတယ်။ (Inverter ဆိုတဲ့နေရာမှာလည်း Pure Sine wave ထွက်တဲ့ Inverter အမျိုးအစားကို သုံးရပါတယ်)။