Friday, 26 December 2008
TX Level & RX Gain related to NOISE
Monday, 22 December 2008
DTMF (Dual Tone Multi Frequency) (Part - 1)
DTMF ရဲ့အားသာချက်က Noise အလွန်နည်းပြီးတော့ Security အလွန်ကောင်းပါတယ်။ အားနည်းချက်ကတော့ DTMF start-up time ကြာတာပါပဲ။ သူ့ရဲ့ Tone pair (frequency pair) တွေနဲ့ Key တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ ဇယားတွေကို အောက်မှာပြထားပါတယ်။ ဒါတွေက တစ်ကမ္ဘာလုံးက သုံးနေတဲ့ DTMF tone တွေပါ။
ကျွန်တော်အခုသုံးတဲ့ CMX865 မှာတော့ start-up time က ကြာပါတယ် one key အတွက် 40 ms အနည်းဆုံးပါ။ ကျွန်တော်လိုချင်တဲ့ 200 Baud မရနိုင်တဲ့အတွက် DTMF ကိုမသုံးနိုင်ပါဘူး။ Single tone ကိုပဲ သုံးလိုက်ပါတယ်။ Noise အတွက်တော့ Software/ Hardware Filter တွေထပ်ခံရမယ်ထင်တယ်။ ပြီးတော့ Digital & Analogue ground ကိုခွဲရပါလိမ့်မယ်။



Wednesday, 16 July 2008
Operate Speed Mode Servo Motor using PWM
Wednesday, 9 July 2008
Pulse Width Modulation (PWM) over Analog Communication
ဥပမာ ။ ။ A ကိုပို့ချင်တယ်ဆိုကြပါဆို့ ASCII အနေနဲ့ဆိုရင် 65၊ Hexa နဲ့ဆိုရင် 41။ သူ့ကို ပုံမှန် serial communication (UART) နဲ့ပို့မယ်ဆိုရင် Start bit, Data, Stop bit ဆိုတဲ့ protocol နဲ့ ရိုးရိုးတန်းတန်းပို့ပါတယ်။ ထုံးစံအတိုင်း Low/ High နဲ့ပေါ့။ Binary digit ဆိုရင် 1000001 ပေါ့။ အဲဒီနေရာမှာ Frequency နဲ့ကျတော့ Low = 2400 Hz, High = 3000 Hz ထားတယ်ဆိုပါစို့။ Low တွေဖြစ်တဲ့အချိန်မှာ 24 KHz ကိုလွှတ်ပြီးတော့ High တွေဖြစ်တဲ့အချိန်မှာ 30 Kz ကိုလွှတ်တယ်။ ၁၀ ဆ လွှတ်ရတာကတော့ Resolution အတွက်ပါ။ အဆများလေလေ Resolution ပိုကောင်းလေပေါ့။ timing က 5ms ဆိုရင် 1 bit ကို 5ms ထားပြီးလွှတ်ရတာပေါ့။ ပြန်ဖမ်းတဲ့အခါမှာလည်း အဲဒီ protocol အတိုင်းဖမ်းရပါတယ်။
တကယ်တော့ FM Radio တွေလည်း အဲလိုပဲ လွှင့်လေ့ရှိပါတယ်။ Frequency မြင့်လေ timing နဲ့ filtering လုပ်ရတာတွေ ခက်လာလေပါပဲ။ နောက်ထပ်အရေးကြီးတာက Noise ပါ။
Monday, 30 June 2008
Pulse Width Modulation (PWM) with Rabbit 3000 MCU
PWM (Pulse Width Modulation) ကို နောက်ပိုင်း MCU တွေမှာ တော်တော်တွေ့လာရပါတယ်။ ကျွန်တော်အခုပြမှာက Rabbit 3000 နဲ့ပါ။ အရင်ကျွန်တော်သုံးခဲ့တဲ့ MCU တွေ Cygnal, NEC, ARM မှာ ဒီ function မပါတဲ့အတွက် Timer တွေ၊ Interrupt တွေနဲ့ ရှုပ်နေအောင်တွက်ရ ရေးခဲ့ရပါတယ်။ ပြီးတော့ Time interval တိကျမှုလည်း မရှိပါဘူး။ ဒီ PWM function ကတော့ interval တိကျမှုရှိတဲ့အပြင် Duty Cycle ကိုလည်း လိုအပ်သလို (%) နဲ့ထုတ်ပေးလို့ရပါတယ်။ တကယ်တော့ MCU တွေရဲ့အားသာချက်ပါသလို compiler (core module) တွေရဲ့စွမ်းရည်ကလည်း အရမ်းမြင့်လာလို့ပါ။ ဒီမှာ pwm_set ၄ ခါရေးရတာကတော့ Rabbit 3000 မှာ PWM Channel ၄ ခုပါတဲ့အတွက်ဖြစ်ပါတယ်။ Duty cycle တစ်မျိုးစီနဲ့ ရေးပြထားတာပါ။
void main()
{
unsigned long freq;
int pwm_options;
// request 10kHz PWM cycle (will select closest possible value)
freq = pwm_init(10000);
printf("Actual PWM frequency = %d Hz\n", freq);
pwm_options = 0;
pwm_set(0, 0.10 * 1024, pwm_options);
pwm_set(1, 0.25 * 1024, pwm_options);
pwm_set(2, 0.50 * 1024, pwm_options);
pwm_set(3, 0.99 * 1024, pwm_options);
while(1); //keep running the program
}

