Showing posts with label Microcontroller. Show all posts
Showing posts with label Microcontroller. Show all posts

Monday, 26 July 2010

MCU များနှင့် Embedded OS များ ပေါင်းစပ်ခြင်း

Embedded (XP, Ubantu, Win CE, Android, LINUX) တွေကို Industrial PC တွေမှာ သုံးကြပါတယ်။ သူတို့က အရင်က CPU တစ်ခုပါရတယ် (Intel, AMD, ..)။ အခုနောက်ပိုင်း Smart phone, Touch screen phone, PDA တွေ အသုံးတွင်ကျယ်လာတဲ့အခါမှာ MCU တွေမှာ OS တွေ ပေါင်းပြီး ထဲ့လာကြတယ်။ Rabbit MCU တွေမှာတောင် FTP အတွက် UNIX, Tiny OS တွေ ထဲ့သုံးလာကြတယ်။ Mini web server တွေအထိ ထဲ့သုံးလာကြတယ်။ အဲ့ဒီကနေ တစ်ဆင့် တက်လာတဲ့အခါ အခုနောက်ပိုင်း အရမ်းခေတ်စားလာတာက Touch PDA development board တွေပါ။ အမျိုးအစား အများကြီးရှိလာပေမယ့် သဘောတရားကအတူတူပါ။ ထူးခြားချက်က ထုတ်လုပ်သူ (Samsung, Freescale, ST) တွေသာပြောင်းသွားတယ် သုံးကြတဲ့ Core ကတော့ ARM9, 11 တွေ ဖြစ်နေတာပါပဲ။ Industrial PC တွေလောက် စွမ်းရည်မမြင့်ပေမယ့် Low level protocol တွေသုံးဖို့အတွက် SPI, UART, I2C စတဲ့ protocol တွေကို တိုက်ရိုက်သုံးလို့ရတဲ့အတွက် အလွန်အဆင်ပြေပါတယ်။ ကျတော်ဒါကို လေ့လာဆဲဖြစ်တဲ့အတွက် သိသလောက်ကို ထပ်ထပ် တင်သွားပေးပါ့မယ်။


Thursday, 1 July 2010

4x4 Metrix Keypad

Matrix Keypad (4x4, 3x4, 3x3 ) တွေကို နေရာစုံမှာ သုံးကြပါတယ်။ ဖုန်း တွေရဲ့ တွေ အဖြစ်၊ တွေရဲ့ တွေအဖြစ် သုံးကြပါတယ်။ ခုပြောချင်တာက ဒီကောင်လေးရဲ့ တည်ဆောက်ပုံနဲ့ Matrix Keypad ရဲ့ သဘောတရားပါ။ ရိုးရိုးလေး တွေးကြည့်လိုက်ရင် 16 Keys (4x4) ကို scan လုပ်ဖို့အတွက် Input pin ၁၆ ခု လိုပါတယ်။ Input (whole 8 bits port) တွေ အဲ့လောက်အများကြီး မသုံးနိုင်တော့တဲ့အခါ Software controlled matrix Keypad ကို သုံးကြပါတယ်။

အောက်က ပုံတွေမှာ Schematic ကော Keypad ပုံစံတွေပါ ပြထားပါတယ်။ Software controlled logic ကတော့ ..
၁။ ၄ လိုင်းစီ (4 Outputs and 4 Inputs) ထားပါ။ Row, Column ကြိုက်သလို ထားလို့ရပါတယ်။
၂။ Output ၁ လိုင်းစီကနေ logic (High/ Low) ပေးပါ။ ၁ လိုင်းပေးတိုင်း Input 4 lines လုံးကို scan ပါ။ ၁ လိုင်းမိတာနဲ့ ထွက်ပစ်လိုက်ပါ။
ဥပမာ - Output 1 and Input 1 ဆိုရင် Row 1, Col 1 ဆိုတော့ “Key 1"
Output 2 and Input 3 ဆိုရင် Row 2, Col 3 ဆိုတော့ “Key 6"။ အဲလိုနည်းစနစ်နဲ့ ရေးသွားပါတယ်။
၃။ Key Bonce ကို ဖြောက်ချင်ယင်တော့ ၂ ခါပြန် scan လုပ်ပြီး တူတယ်ဆိုမှ အဲ့ဒီ Key ကို ယူပါ။ အောက်မှာ နမူနာ source code ထဲ့ပေးထားပါတယ်။


#include //Include file for 8051
#define keyport P2 //keypad connected to P2
#define col1 P2_0 //column 1
#define col2 P2_1 //column 2
#define col3 P2_2 //column 3
#define col4 P2_3 //column 4
#define TRUE 1 //some defines
#define FALSE 0

/*
+---------------------------------------+
| Prototype: void key_init(void); |
| Return Type: void |
| Arguments: None |
| Description: Initialize ports and |
| Keypad. |
+---------------------------------------+
*/
void key_init(){
keyport &=0x0F; //make Rows as o/p and cols are i/p
}

/*
+-----------------------------------------------+
| Prototype: unsigned char get_key(void); |
| Return Type: unsigned char |
| Arguments: None |
| Description: To read key from the keypad |
+-----------------------------------------------+
*/
unsigned char get_key(){
unsigned char i,k,key=0;
k=1;
for(i=0;i<4;i++){>
keyport &=~(0x80>>i); //to make rows low 1 by 1
if(!col1){ //check if key1 is pressed
key = k+0; //set key number
while(!col1); //wait for release
return key; //return key number
}
if(!col2){ //check if key2 is pressed
key = k+1; //set key number
while(!col2); //wait for release
return key; //return key number
}
if(!col3){ //check if key3 is pressed
key = k+2; //set key number
while(!col3); //wait for release
return key; //return key number
}
if(!col4){ //check if key4 is pressed
key = k+3; //set key number
while(!col4); //wait for release
return key; //return key number
}
k+=4; //next row key number
keyport |= 0x80>>i; //make the row high again
}
return FALSE; //return false if no key pressed
}

Friday, 9 April 2010

MC54-74HC4052 (Serial Data Shift Register)

MCU တစ်ခုမှာ Serial port မလောက်တော့တဲ့ အခြေအနေတွေ ဖြစ်ခဲ့ရင် သုံးတဲ့ အမျိုးအစားပါ။ Motorola က ထုတ်ပါတယ်။ ဒီ က Serial IO ၄ ခုကို တစ်လှည့်စီ Channel-select Input တွေကနေထိန်းပြီး တစ်ဖက် ရဲ့ Serial I/ O နဲ့ ချိန်ကိုက် အလုပ်လုပ်ပါတယ်။ သဘောက ရဲ့ Serial I/ O တစ်ခုတည်းကို အထွက် အ၀င်လုပ်ပြီး ဒီဘက်ကနေ Serial I/ O ကို 4 Channel အထိ ပွားယူလိုက်တဲ့သဘောပါ။ Serial Port ကို Multiplex လုပ်လိုက်တဲ့ သဘောပါပဲ။ အောက်မှာ IC pin description နဲ့ Function table ကို ပြထားပါတယ်။


Wednesday, 10 March 2010

TLC5925 LED Driver

ဒီကောင်လေးက CPU Output port တွေ မလောက်တော့တဲ့အခါမှာ သုံးလေ့ရှိတာပါ။ အဓိကက LED တွေကို မောင်းဖို့အတွက်ဆိုပေမယ့် အခြား Digital I/O တွေကိုပါထုတ်ပေးလို့ရပါတယ်။ ပြဿနာက Current source ဖြစ်တဲ့အတွက် R-EXT value ကိုသေချာတွက်ပြီးမှ ထဲ့ရတဲ့ကွိုင်ပေါ့။ ဘာကြောင့်လည်းဆိုတော့ I/O တွေရဲ့ behavior (LED, CLK, C-Sel, ..) တွေမတူတဲ့အခါမျိုးမှာ resistant value တွက်ရခက်တဲ့အတွက်ပါ။ သူက 8 bit data ကို 1 bit ခြင်းတွန်းထုတ်ပေးရုံပါပဲ။ အဲဒီတော့ IC ကိုအလုပ်လုပ်စေဖို့ CLK အတွက် 1 pin ၊ SDI အတွက် 1 pin ပဲလိုပါတယ်။ အောက်မှာ Pin diagram နဲ့ Connection ပုံလေးတွေ ပြထားပါတယ်။


Thursday, 18 February 2010

Multi-Chip and Single Chip solutions

Embedded Application တွေကို Mass production ထုတ်လုပ်တဲ့အခါမှာ Single Chip solution ကို သုံးကြပါတယ်။ သဘောတရားကတော့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်း ၂ခုကို Chip တစ်ခုထဲမှာ ပေါင်းပြီးထဲ့လိုက်တဲ့သဘောပါ။

ဥပမာ - Freescale က Energy meter ကိုထုတ်တဲ့နေရာမှာ အရင်က 2 Chip solution ကို သုံးပါတယ်။ E-Meter အတွက် ADC နဲ့ဆိုင်တဲ့ Chip တစ်လုံးနဲ့ Data collection, calculation, user interface တွေအတွက် MCU တစ်လုံးကို ခွဲပြီးသုံးပါတယ်။ သဘောကတော့ သူတို့အရင် ရှိပြီးသား IC တွေကို ယူသုံးလိုက်တဲ့သဘောပါ။ R & D အဆင့်လောက်ပေါ့။ နောက်ပိုင်းကျတော့ ခုန E-meter အဆင်ပြေသွားတဲ့ အခါ အဲ့ ၂ လုံးကို ပေါင်းလိုက်ပြီးတော့ Chip တစ်ခုတည်းမှာ Embedded ထဲ့လိုက်တယ်။ Single chip solution ကိုပြောင်းပစ်လိုက်တယ်။

အားသာချက်က ဈေးသက်သာသွားတယ်၊ နေရာပိုထွက်လာတယ်၊ power consumption ကျသွားတယ်။ လိုအပ်ချက်က Mass production ထုတ်မှအဆင်ပြေတယ်။ အောက်ကပုံကတော့ Multi chip and single chip solution ကို ယှဉ်ပြထားတဲ့ပုံပါ။ ဒီစကားအသုံးအနှုန်းက သပ်သပ် အလုပ်လုပ်နိုင်နေတဲ့ Chip ၂ လုံးကို တစ်လုံးတည်းမှာ ပေါင်းပြီး သုံးတဲ့အခါမှာ ပြောလေ့ရှိကြပါတယ်။

Saturday, 13 February 2010

RCM5400W နောက်ဆက်တွဲ (၁)

RCM54XX တွေရဲ့အားသာချက်က Zworld http mini server လေးထဲ့လို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီ Server ရဲ့ Foot Print က အတော်ကြီးတဲ့အတွက် တစ်ကယ်တမ်း အသေအကြေသုံးကြစတမ်းဆိုရင် Storage Area များတဲ့ (၂ ဆ၊ ဈေးလည်း ပိုပါတယ်) RCM5450 လိုကောင်နဲ့မှ အဆင်ပြေလိမ့်မယ်။ ကျတော်သုံးတဲ့ ပုံစံက FTP server ကို အဲဒီထဲမှာ ထဲ့ပြီးတော့ Wireless Filer Transfer လောက်ပါပဲ။ http server ကို သုံးဖို့ စဉ်းစားပေမယ့်လည်း Port forwarding ကိတ်စတွေမှာ ပြသနာရှိနေတဲ့အတွက် တိုက်ရိုက် Data Access လုပ်တဲ့နည်းကို မေ့ပစ်ပြီး FTP နည်းစံနစ်ကို သုံးလိုက်ရတာပါ။

အားသာချက် နောက်တစ်ခုက Embedded WiFi Module ဖြစ်တဲ့အတွက် DHCP ကိုသုံးလို့ရပါတယ်။ အရင် 3700 ကတော့ Static IP ပဲ အဆင်ပြေပါတယ်။

Ref : http://www.rabbit.com/products/rcm5400W/


Introduction of RCM5400W

RCM5400W ကိုကြိုက်မိတာ ဒီရက်ပိုင်းမှပါ။ အရင်ကျတော်သုံးနေကျကောင်က RCM3700, 3720 တွေ။ 3700 တွေရဲ့အားနည်းချက်က သူ့မှာ Ethernet Port တော့ပါတယ် ဒါပေမယ့် ခုနောက်ပိုင်းမှာ WiFi တွေကိုပဲအဓိကထားကြတာကိုး Cable တွေကအဆင်မပြေတော့တော့။ အဲ့တော့ ဒီကောင့်ကို အခုသုံးနေတဲ့ပုံစံက Acksys Wifi (Bridge) Card ကို ထပ်ထဲ့ပေးနေရတယ်။ Acksys က ဈေးကြီးတဲ့အပြင် Setting လည်း ချချပေးနေရတာကြောင့် ထပ်ရှာလိုက်တဲ့အခါ RCM5000 series ကိုတွေ့တာပဲ။ နောက်ပိုင်းတွေမှာ b/ g အထိရလာတော့ အဲ့ကောင်ကို နောက်ပိုင်းမှာ သုံးဖို့ ဆုံးဖြတ်လိုက်တယ်။ ဈေးကတော့ ၂ ဆကျော်ရှိတယ်။


RCM5400W (Rabbit Core Module)

Friday, 26 December 2008

TX Level & RX Gain related to NOISE

ကျွန်တော် ဒုက္ခရောက်ခဲ့တဲ့ အတွေ့အကြုံလေးတစ်ခုပါ။ Modem data communication Project လေးတစ်ခုကို ရေးတုန်းက Terminal နှစ်ခုကို Single Tone Dual Frequency (V.21 300bps FSK High band, Bell 103 300bps FSK High band, V.23 FSK 75bps, Bell 202 FSK Protocols) နဲ့ပို့တော့ နဲ့ Tx Level & Rx Gain တွေကို steps ရွေးလို့ရအောင်ရေးတာပေါ့။ အဲဒီမှာ ပြဿနာက Transmit ပိုင်းမှာတော့ အိုကေပဲ။ Receive ပိုင်းကျတော့ Noise တွေဝင်လာပါလေရော။ ကျွန်တော်က Tx level နဲ့ Rx gain တွေကို ချိန်တဲ့နေရှာမှာ step တစ်မျိုးရွေးလိုက်တာနဲ့ ၂ ခုလုံး Set ဖြစ်သွားအောင် ရေးထားလိုက်တယ်။ တစ်ကယ်တော့ Tx level > Rx gain ဖြစ်ရမယ်လေ။ နို့မို့ဆို Noise တွေကိုပါ Rx ဘက်က Amplify လုပ်လိုက်တော့ garbage data အများကြီး ထွက်လာတာပေါ့လေ။ Software Protocol ဘက်ကနေ အမျိုးမျိုး Filter လုပ်တယ်။ မရဘူး။ နောက်ဆုံး Rx gain ကို လျှော့ချပြီး လွှင့်ကြည့်မှ အိုကေသွားတယ်။ Try in Error လုပ်လိုက်တာပါ။ Theory တွေကို မပိုင်ခဲ့တဲ့ ဆိုးကျိုးပေါ့ဗျာ။

Monday, 22 December 2008

DTMF (Dual Tone Multi Frequency) (Part - 1)

DTMF Key Pad လေးတွေကို လူတိုင်းသုံးဘူးကြမှာပါ။ ကျွန်တော်ပြောချင်တာက အဲဒီ DTMF ရဲ့ Encoding and Decoding အကြောင်းတွေပါ။

DTMF ဆိုတာက ကျွန်တော်ဟိုအရင်ကရေးဘူးတဲ့ PWM နဲ့ယှဉ်ပြောရမယ်ဆိုရင် PWM က Single Tone အတွက် Dual Frequency ပါ။ ဥပမာ 1 အတွက် 2 KHz Frequency နဲ့ 0 အတွက်က 1.5 KHz Frequency ဆိုပါစို့။ DTMF ကျတော့ 0 အတွက် 941, 1633 Hz ထုတ်ပြီးတော့ 1 အတွက် 697, 1209 Hz ထုတ်တာပါ။ 2, 3, 4, 5, 6, 7, 8, 9, A, B, C, D, E, F တွေအတွက်လည်း Tone pair တွေရှိပါတယ်။ သဘောကတော့ A (0x65) ဆိုတဲ့ character ကို transmit လုပ်ဖို့အတွက် PWM က 0110 0101 = 2000, 1500, 2000, .... Hz တွေထုတ်ရပြီးတော့ DTMF ကတော့ 6 5 = 770-1477, 770-1336 Hz တွေ ထုတ်ရတဲ့သဘောပါ။ သဘောကတော့ PWM နဲ့ဆိုရင် 8-bit အတွက် ၈ ခါပို့ရပြီးတော့ DTMF နဲ့ဆိုရင် 8-bit အတွက် ၂ ခါပဲ ပို့ရတဲ့သဘောပါ။

DTMF ရဲ့အားသာချက်က Noise အလွန်နည်းပြီးတော့ Security အလွန်ကောင်းပါတယ်။ အားနည်းချက်ကတော့ DTMF start-up time ကြာတာပါပဲ။ သူ့ရဲ့ Tone pair (frequency pair) တွေနဲ့ Key တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ ဇယားတွေကို အောက်မှာပြထားပါတယ်။ ဒါတွေက တစ်ကမ္ဘာလုံးက သုံးနေတဲ့ DTMF tone တွေပါ။

ကျွန်တော်အခုသုံးတဲ့ CMX865 မှာတော့ start-up time က ကြာ
ပါတယ် one key အတွက် 40 ms အနည်းဆုံးပါ။ ကျွန်တော်လိုချင်တဲ့ 200 Baud မရနိုင်တဲ့အတွက် DTMF ကိုမသုံးနိုင်ပါဘူး။ Single tone ကိုပဲ သုံးလိုက်ပါတယ်။ Noise အတွက်တော့ Software/ Hardware Filter တွေထပ်ခံရမယ်ထင်တယ်။ ပြီးတော့ Digital & Analogue ground ကိုခွဲရပါလိမ့်မယ်။




Tuesday, 9 December 2008

Short Notes (2)

Active Low အတွက် Signal ကို Scope နဲ့ဖတ်တဲ့အခါမှာ Low ဖြစ်တဲ့ Pulse ကိုပဲ ဖတ်ရပြီးတော့ Active High အတွက်ဆိုရင် High ဖြစ်တဲ့ Pulse ကိုဖတ်ရပါတယ် Pulse ကိုဖတ်တဲ့အခါမှာလည်း One Cycle အပြည့်ကို ဖတ်လို့မရပါဘူး။ ဖတ်ခဲ့ရင် Pulse Rate (Frequency) ရသွားမှာပါ။ Pulse (Time) ကိုလိုချင်တဲ့အတွက် Pulse (Low/ High) ဖြစ်သွားတဲ့ အချိန်လေးကိုပဲ ဖတ်ပါ။

Tuesday, 25 November 2008

C-Bus Vs SPI

C-Bus က SPI နဲ့ ခပ်ဆင်ဆင်တူပါတယ်။ အောက်မှာ ဇယားနဲ့ ကွာခြားပုံတွေကို ပြထားပါတယ်။

ဒါပေမယ့် SPI မှာ command တွေမလိုပဲ C-Bus မှာတော့ command တွေသုံးရပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့မှာ mode တွေရှိလို့ပါ။ အပေါ်သုံးခုက Modem mode တွေဖြစ်ပြီး အောက်ဆုံးတစ်ခုက DTMF (Dual Tone Multi-Frequency) mode ဖြစ်ပါတယ်။
- Bell 103 300bps (FSK High band (Answering modem))/ (Low band (Calling modem))
- V.23 FSK (1200bps/ 75bps)
- Bell 202 FSK (1200bps/ 150bps)
- DTMF / Tones
ဆိုပြီး mode တွေရှိပါတယ်။ အားလုံးအတွက် commands က အတူတူပါပဲ။ အားသာချက်ကတော့ ကိုယ်လိုချင်တဲ့ speed (baud rate) ကိုတွက်ချက်ပြီး ကြိုက်တဲ့ mode သုံးလို့ရတာပါပဲ။ ကျွန်တော်တို့ ပုံမှန်သုံးနေတဲ့ DTMF communication က 220 baud လောက်ပဲ ရပါတယ်။ Radio Channel ပေါ်တင်လိုက်တဲ့ အခါမှာ 100 baud လောက်တောင်မကျန်တဲ့အတွက် CMX865 ဆိုတဲ့ IC ကို သုံးချင်တဲ့အတွက် အဲဒီ IC ကလက်ခံတဲ့ C-Bus ကို လေ့လာရတာပါ။
command တွေကတော့ -
General Reset Command (address only, no data). Address = $01
General Control Register, 16-bit write only. Address = $E0
Transmit Mode Register, 16-bit write-only. Address = $E1
Receive Mode Register, 16-bit write-only. Address = $E2
Transmit Data Register, 8-bit write only. Address = $E3
Receive Data Register, 8-bit read-only. Address = $E5
Status Register, 16-bit read-only. Address = $E6
Programming Register, 16-bit write-only. Address = $E8

ဒါက CMX865 ပါ။ သူနဲ့ ဆက်စပ်တဲ့ components diagram ကိုပါ တင်ပေးလိုက်ပါတယ်။ coding ကိုတော့ နောက်ထပ်တင်ပေးပါမယ်။




Monday, 24 November 2008

C-Bus (Clipsal Bus) communication Overview

C-Bus (Clipsal Bus) ဆိုတာကတော့ Communication Protocol တစ်မျိုးပါပဲ။ I2C, SPI, UART တို့လိုပါ။ ဒါပေမယ့် သူက Remote Control Communication အတွက် အဓိက လုပ်ထားတဲ့ Protocol ပါ။ Wired ကော၊ Wireless ကော ရပါတယ်။ အဲဒါက အားသာချက်ပါ။
Wired C-Bus System ကတော့ Standard Category 5 UTP Network Communication Cable ကို သုံးပါတယ်။ Network Topology ကတော့ ကြိုက်တာ သုံးလို့ရတယ်လို့ ပြောပါတယ်။ ကျွန်တော်က ခုမှ စလေ့လာတုန်းပါ။ ကျွန်တော့ Application ကတော့ Star Topology ကိုပဲ သုံးမှာပါ။ Wired မှာ Cable Length က 1000 meters အထိအရှည်ဆုံးရပါတယ်။ Wireless မှာတော့ Attenuation, Noise, Distoration တွေကြောင့် အဲဒီလောက် အရှည်တော့ ရမယ် မထင်ပါဘူး။
Network တစ်ခုမှာ Terminal 255 အထိ အများဆုံး ချိတ်ဆက်လို့ရပါတယ်။ 8 bit Addressing ကိုသုံးထားတယ်လို့ ထင်ပါတယ်။
သူ့မှာလည်း ထုံးစံအတိုင်း Data Synchronisation အတွက် ONE system colck generating unit တစ်ခုလိုပါတယ်။
C-Bus က တစ်ခြား Protocol တွေ (TCP/IP, Crestron, AMX, LonWorks, ModBus, Charmed Quark Controller, etc ..) နဲ့လည်း ချိတ်ဆက် သုံးလို့ရပါတယ်။ သဘောကတော့ PC Network၊ PLC တွေနဲ့လည်း ဆက်သွယ်လို့ရတဲ့ သဘောပေါ့။
အောက်မှာ C-Bus overview နဲ့ သူဆက်သွယ်လို့ရတဲ့ Device တွေကိုပုံနဲ့ ပြထားပါတယ်။




Electronics E-Books Series (2)

Electronic စာအုပ် လက်ကျန်တွေ ထပ်တင်ပေးလိုက်ပါတယ်။









Friday, 14 November 2008

Ethernet Module at Embedded Software (Rabbit)

Embedded Software တွေမှာ Flash File System သုံးတာကို ကျွန်တော် ရေးခဲ့ဘူးပါတယ်။ အခု အဲဒီထဲက ဖိုင်တွေကို ဘယ်လို ယူလို့ရလည်း၊ MCU ထဲကို file တွေဘယ်လိုထည့်လည်း ဆိုတာကို ပြောမှာပါ။ FTP protocol တော်တော်များများ ကြားဘူးပါလိမ့်မယ်။ MCU တွေမှာလည်း FTP, TCP/ IP, UDP စတဲ့ Protocol တွေကို သုံးပါတယ်။ အဲလိုသုံးဖို့အတွက် MCU မှာ Ethernet port ရှိရပါတယ်။ MCU ကို IP Address အရင်ပေးရမှာပါ။ Dynamic IP ကော Static IP ကော လုပ်လို့ရပါတယ်။ ဟိုဘက်က DHCP သုံးရင်တော့ Dynamic IP ကိုသုံးလို့ရပါတယ်။ ဒါပေမယ့် Static ကတော့ ပိုပြီးအဆင်ပြောပါတယ်။ အဲဒီ Ehternet port ကနေပြီး နဲ့ Network cable ကိုချိတ်ဆက်ပြီး PC ကနေ FTP software တစ်မျိုးမျိုးနဲ့ လုပ်ကြတာပါ။ MCU ဘက်မှာတော့ IP Address, User Name, Password တွေကို setting လုပ်ပေးရတာပေါ့။ အဲဒီ Ethernet port ကနေပဲ WLAN Module နဲ့ဆက်ပြီးတော့ WLAN facility တွေကို သုံးလို့ရပါတယ်။

ဒီလိုလုပ်တဲ့ နေရာမှာ TCP/ IP protocol က Transparent ဖြစ်ပါတယ်။ ဘာမှကြားခံ Hardware, Software တွေထည့်နေစရာ မလိုပါဘူး။

ကျွန်တော်က Filezilla, Core FTP Software တွေသုံးပြီး access လုပ်ပါတယ်။

Thursday, 6 November 2008

Short Notes (1)

၁။ Battery Backup RAM က power ဖြတ်လိုက်သော်လည်း RAM variables ထဲမှာ နောက်ဆုံး data တွေကျန်ခဲ့တယ်။ နောက်တစ်ကြိမ် power on ပြီး ပြန် run လို့ အဲဒီ တွေကို Initialize မလုပ်ဘူးဆိုရင် contents အဟောင်းအတိုင်း ကျန်ခဲ့တယ်။
Non-battery backup RAM က power ဖြတ်လိုက်ရင် variable ထဲက data တွေ အကုန်ပျောက်ကုန်တယ်။ initialize လည်း ပြန်လုပ်စရာမလိုဘူး။ ဒါကြောင့် MCU တွေမှာ program ရေးတော့မယ်ဆိုရင် battery backup ပါ၊ မပါ အရင်စစ်ဆေးပါ။
၂။ Mifare card reader မှာ Wegan mode နဲ့ Command mode ဆိုပြီး ရှိတယ်။ Wegan က card ကို အမြဲဖတ်နေပြီးတော့ Command mode က command ပေးတဲ့အခါမှာပဲ card ကို ဖတ်တယ်။
wegan mode ကို Barcode reader တွေမှာသုံးထားပြီးတော့ command mode ကို Smart card reader တွေမှာသုံးလေ့ရှိတယ်။

Friday, 31 October 2008

LDU ၏နောက်ဆက်တွဲ

LDU နဲ့ ပါတ်သတ်ပြီး ပြောစရာလေးတွေ ကျန်နေလို့ ဆက်ရေးတာပါ။ ပုံက LDU Wiring Diagram ပါ။ ပြောမှာက Weigher နဲ့ LDU ချိတ်မည့် ကိစ္စပါ။ ကျွန်တော့် အရင်သုံးထားတဲ့ LDU က 4 wire ပဲချိတ်စရာ လိုပါတယ်။ Exc+, Exc-, Sig+, Sig- တွေပေါ့။ နောက်အသစ်က 6 wire ချိတ်ရပါတယ်။ အမှန်က 6 wire ချိတ်ရတာပေါ့။ ဘာကြောင့် Sen+, Sen- ပိုပါလည်းဆိုတော့ Compensate လုပ်ဖို့အတွက်ပါ။ ပထမ LDU ရဲ့ Firmware မှာ Sen+/ - ကို checiking လုပ်ထားတာမပါပါဘူး။ နောက် LDU ကျတော့မပါမဖြစ်အောင် စစ်ထားတဲ့အတွက် Sen (2 wire) ထည့်ကို ထည့်ပေးရပါတယ်။ တစ်ကယ်လို့ Weigher မှာ 4 wire ပဲထွက်ရင်တော့ Exc+ နဲ့ - ကို loop ပြန်ပါတ် ထည့်ပေးလိုက် (short) ပါ။

အောက်ဆုံးက နောက်တစ်ပုံက LDU အဟောင်းနဲ့ ချိတ်ထားတဲ့ 4 wire ပုံပါ။ ညာဘက်က ကြိုးတွေက Power နဲ့ Rs-232C ကြိုးတွေပါ။

Thursday, 23 October 2008

Load Cell Degitizing Unit (LDU 78.1) for Weighting Machine

ဒီပစ္စည်းက Weighting Machine တွေမှာပဲ သုံးတဲ့ပစ္စည်းပါ။ ၁ x ၂ လက်မ ပတ်လည်ပဲ ရှိပါတယ်။ သူရဲ့လုပ်ငန်းကတော့ Weighter နဲ့ PLC or MCU ကြားမှာ အလေးချိန်ကို တွက်ချက် ဖေါ်ပြပေးတဲ့ အလုပ်ပါပဲ။ High Precision Measuremment Tool တစ်ခုပါ။ ကျွန်တော်သုံးတဲ့ Load Cell Unit က FLINTEC/ SOEMER ပါ။ Germany (EU) က ထုတ်ပါတယ်။ သူက RS-485 Communication ကိုပဲ လုပ်ပေးတာပါ။ ဒါပေမယ့် MCU နဲ့ သုံးတဲ့အခါမှာ RS-232 ကိုပဲ အလုပ်လုပ်တဲ့အတွက် converter (adaptor) တစ်ခုထပ်ထည့်ပေးရပါတယ်။ အဲဒီ Converter က ပုံမှာပြထားတဲ့ အစိမ်းရောင် အောက်ခံလေးပါ။ ပုံကိုကြည့်မယ်ဆိုရင် ဘယ်ဘက်ပိုင်းက Weighter နဲ့ ဆက်ရပြီးတော့ ညာဘက်ပိုင်းက Power supply, MCU/ PLC တွေနဲ့ ဆက်ရပါတယ်။ သူ့မှာ Firmware သပ်သပ်ပါတဲ့အတွက် command level communication လည်းလုပ်လို့ရပါတယ်။ PC's HyperTerminal ဒါမှမဟုတ် သူ့ရဲ့သက်ဆိုင်ရာ software (DOP program) ကိုသုံးရင်လည်း ရပါတယ်။

Monday, 20 October 2008

PIC18F4420 Timer Module (8 bit/ 16 bit)

Timer တွေနဲ့ပါတ်သတ်တဲ့ ပို့စ်တွေတော့ တင်ဘူးပါတယ်။ ခုရေးမှာက Datasheet တွေမှာပါတဲ့ Block Diagram ကိုဖတ်ပြီး Timer ရဲ့အလုပ်လုပ်ပုံကို လေ့လာတဲ့ သဘောပါ။ အောက်မှာ ကျွန်တော်ပြထားတာက 8 bit နဲ့ 16 bit Timer ရဲ့ Diagram တွေပါ။
ထုံးစံအတိုင်း ဘယ်ကနေ ညာကို စဖတ်မယ်ဆိုရင် -
၁။ Timer ရဲ့ speed က Oscillator (External) ရဲ့ ၄ ပုံတစ်ပုံ ရှိပါတယ်။ အဲဒါကို Timer interrupt နဲ့ တစ်ပြိုင်နက် ON ပါတယ်။ Interrupt က Pin (Hardware) ဒါမှမဟုတ် Software interrupt ရှိပါမယ်။
၂။ Prescaler သုံးရင် Prescaler အတွက် Ratio ထည့်တွက်ပါတယ်။
၃။ Internal clock က Timer interval အတွက် သုံးပါတယ်။ သုံးတဲ့ Register ကတော့ datasheet ကနေ ထပ်လေ့လာရပါတယ်။
၎။ TM0L က Tick တန်ဖိုးတစ်ခုပါ။ Tick ပေါင်း 00 FF (256) အထိရပါတယ်။ 8 bit ဖြစ်နေလို့ပါ။ TM0H မှာကြည့်လိုက်ရင် 16 bit ရတဲ့အတွက် FF FF (65535) tick အထိ ထည့်ပေးလို့ရပါတယ်။ ပိုပြီး interval ရှည်လို့ရတဲ့ သဘောပေါ့။
ဒါက PIC18F4420 MCU အတွက်သုံးတဲ့ Timer Routine ပါ။
အထက်က အဆင့်တွေအတိုင်း ရေးရင် Timer sub routine ကိုရမှာပါ။ ရေးတာကတော့ compiler ပေါ်မူတည်ပြီး လွယ်တာ ခက်တာတော့ ရှိပါလိမ့်မယ်။



Saturday, 20 September 2008

Programming with Touch Panel

Touch Panel အကြောင်းကို ပို့စ်တစ်ခုမှာတော့ ရေးဘူးပါတယ်။ Touch Panel တွေမှာ Program ရေးတဲ့အခါမှာ Protocol တစ်ခုကို ကိုယ်တိုင်ဖန်တီးယူရပါတယ်။ Microcontroller တွေကို သုံးပီး Low level နဲ့ software ရေးရင်ပေါ့။ PLC နဲ့တွဲသုံးမယ်ဆိုရင်တော့ PLC တွေမှာ support လုပ်တဲ့ dedicated protocol အမျိုးအစားကို ရွေးချယ်ပေးရုံပါပဲ။ တကယ်တော့ Touch Panel တွေက PLC တွေအတွက် အဓိကထားပြီး ထုတ်ထားတဲ့အတွက် MCU တွေနဲ့ရေးတဲ့အခါ တွေမှာ handshaking ပြသနာတက်လေ့ရှိပါတယ်။ ကျွန်တော်အရင်က TOP2M touch panel ကိုသုံးပါတယ်။ သူ့မှာက program routine အနေနဲ့သက်သက်ရေးလို့မရပဲ Register လေးတွေကို setting ချပေးလိုက်ပီး communication တွေလုပ်ပါတယ်။ အခုသုံးနေတဲ့ Delta ကတော့ program routine တွေကိုရေးလို့ရပါတယ်။ VB source code တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ပြသနာက MCU ကနေ Direct Memory addressing လုပ်လို့မရတဲ့အတွက် data read/ write လုပ်တဲ့အခါမှာ အခက်အခဲတွေတွေ့ပါတယ်။ အခုလောလောဆယ်တော့ အဲဒါနဲ့ခေါင်းကိုက်နေပါတယ်။ သက်ဆိုင်ရာကုမ်ပနီရဲ့ AE နဲ့တော့ အဆက်အသွယ်လုပ် ထားပါတယ်။ ပြန်တော့မဖြေသေးဘူး။ ကျွန်တော့်အထင်တော့ direct memory addressing မရရင် ဖြစ်နိုင်မယ်မထင်ပါဘူး။



Thursday, 4 September 2008

Electronics E-Books Series (1)

အရင်ကတော့ တစ်ချို့တစ်ဝက်တွေကို တင်ထားပါသေးတယ်။ Electronic နဲ့ပါတ်သတ်တဲ့ စာအုပ်တွေပါပဲ။ လင့်ခ်တွေ သေကုန်လို့ စာရင်းတွေ ပြန်တင်ပေးလိုက်တာပါ။ ထုံးစံအတိုင်း အီးမေးလ်ကနေပဲ ပို့ပေးပါမယ်။ စီဘောက်စ်မှာ တောင်းခဲ့ကြပါ။