Monday, 26 July 2010

MCU များနှင့် Embedded OS များ ပေါင်းစပ်ခြင်း

Embedded (XP, Ubantu, Win CE, Android, LINUX) တွေကို Industrial PC တွေမှာ သုံးကြပါတယ်။ သူတို့က အရင်က CPU တစ်ခုပါရတယ် (Intel, AMD, ..)။ အခုနောက်ပိုင်း Smart phone, Touch screen phone, PDA တွေ အသုံးတွင်ကျယ်လာတဲ့အခါမှာ MCU တွေမှာ OS တွေ ပေါင်းပြီး ထဲ့လာကြတယ်။ Rabbit MCU တွေမှာတောင် FTP အတွက် UNIX, Tiny OS တွေ ထဲ့သုံးလာကြတယ်။ Mini web server တွေအထိ ထဲ့သုံးလာကြတယ်။ အဲ့ဒီကနေ တစ်ဆင့် တက်လာတဲ့အခါ အခုနောက်ပိုင်း အရမ်းခေတ်စားလာတာက Touch PDA development board တွေပါ။ အမျိုးအစား အများကြီးရှိလာပေမယ့် သဘောတရားကအတူတူပါ။ ထူးခြားချက်က ထုတ်လုပ်သူ (Samsung, Freescale, ST) တွေသာပြောင်းသွားတယ် သုံးကြတဲ့ Core ကတော့ ARM9, 11 တွေ ဖြစ်နေတာပါပဲ။ Industrial PC တွေလောက် စွမ်းရည်မမြင့်ပေမယ့် Low level protocol တွေသုံးဖို့အတွက် SPI, UART, I2C စတဲ့ protocol တွေကို တိုက်ရိုက်သုံးလို့ရတဲ့အတွက် အလွန်အဆင်ပြေပါတယ်။ ကျတော်ဒါကို လေ့လာဆဲဖြစ်တဲ့အတွက် သိသလောက်ကို ထပ်ထပ် တင်သွားပေးပါ့မယ်။


No comments:

Post a Comment