Showing posts with label Machine. Show all posts
Showing posts with label Machine. Show all posts

Monday, 29 December 2008

Double Head (Double Auger) Powder Filler

ပုံမှန် Powder Filler က Head တစ်ခုတည်းနဲ့ 2 Speed သုံးပြီး အမှုန့်တွေကို ဖြည့်လေ့ရှိတယ်။ First နဲ့ Second speed ပေါ့။ Normal speed နဲ့ Prelim speed လို့ ခေါ်တာပေါ့။ Double Head (Auger) ကျတော့ အဲဒီသဘောကိုပဲ Head နှစ်ခုခွဲလုပ်တာပါ။ Calculation နဲ့ Processing (speed change) time ကို ကျသွားအောင်လုပ်တာပေါ့။ ပထမ head က Normal speed ပဲဖြည့်တယ်။ ဒုတိယ head က Second speed နဲ့ဆက်ဖြည့်တာပါပဲ။ Container ၂ခုကို တစ်ပြိုင်နက်ဖြည့်တာပေါ့။ Conveyor (Assembly line) ပေါ်မှာအလုပ်လုပ်မှ အဆင်ပြေနိုင်ပါတယ်။



Friday, 31 October 2008

LDU ၏နောက်ဆက်တွဲ

LDU နဲ့ ပါတ်သတ်ပြီး ပြောစရာလေးတွေ ကျန်နေလို့ ဆက်ရေးတာပါ။ ပုံက LDU Wiring Diagram ပါ။ ပြောမှာက Weigher နဲ့ LDU ချိတ်မည့် ကိစ္စပါ။ ကျွန်တော့် အရင်သုံးထားတဲ့ LDU က 4 wire ပဲချိတ်စရာ လိုပါတယ်။ Exc+, Exc-, Sig+, Sig- တွေပေါ့။ နောက်အသစ်က 6 wire ချိတ်ရပါတယ်။ အမှန်က 6 wire ချိတ်ရတာပေါ့။ ဘာကြောင့် Sen+, Sen- ပိုပါလည်းဆိုတော့ Compensate လုပ်ဖို့အတွက်ပါ။ ပထမ LDU ရဲ့ Firmware မှာ Sen+/ - ကို checiking လုပ်ထားတာမပါပါဘူး။ နောက် LDU ကျတော့မပါမဖြစ်အောင် စစ်ထားတဲ့အတွက် Sen (2 wire) ထည့်ကို ထည့်ပေးရပါတယ်။ တစ်ကယ်လို့ Weigher မှာ 4 wire ပဲထွက်ရင်တော့ Exc+ နဲ့ - ကို loop ပြန်ပါတ် ထည့်ပေးလိုက် (short) ပါ။

အောက်ဆုံးက နောက်တစ်ပုံက LDU အဟောင်းနဲ့ ချိတ်ထားတဲ့ 4 wire ပုံပါ။ ညာဘက်က ကြိုးတွေက Power နဲ့ Rs-232C ကြိုးတွေပါ။

Thursday, 23 October 2008

Load Cell Degitizing Unit (LDU 78.1) for Weighting Machine

ဒီပစ္စည်းက Weighting Machine တွေမှာပဲ သုံးတဲ့ပစ္စည်းပါ။ ၁ x ၂ လက်မ ပတ်လည်ပဲ ရှိပါတယ်။ သူရဲ့လုပ်ငန်းကတော့ Weighter နဲ့ PLC or MCU ကြားမှာ အလေးချိန်ကို တွက်ချက် ဖေါ်ပြပေးတဲ့ အလုပ်ပါပဲ။ High Precision Measuremment Tool တစ်ခုပါ။ ကျွန်တော်သုံးတဲ့ Load Cell Unit က FLINTEC/ SOEMER ပါ။ Germany (EU) က ထုတ်ပါတယ်။ သူက RS-485 Communication ကိုပဲ လုပ်ပေးတာပါ။ ဒါပေမယ့် MCU နဲ့ သုံးတဲ့အခါမှာ RS-232 ကိုပဲ အလုပ်လုပ်တဲ့အတွက် converter (adaptor) တစ်ခုထပ်ထည့်ပေးရပါတယ်။ အဲဒီ Converter က ပုံမှာပြထားတဲ့ အစိမ်းရောင် အောက်ခံလေးပါ။ ပုံကိုကြည့်မယ်ဆိုရင် ဘယ်ဘက်ပိုင်းက Weighter နဲ့ ဆက်ရပြီးတော့ ညာဘက်ပိုင်းက Power supply, MCU/ PLC တွေနဲ့ ဆက်ရပါတယ်။ သူ့မှာ Firmware သပ်သပ်ပါတဲ့အတွက် command level communication လည်းလုပ်လို့ရပါတယ်။ PC's HyperTerminal ဒါမှမဟုတ် သူ့ရဲ့သက်ဆိုင်ရာ software (DOP program) ကိုသုံးရင်လည်း ရပါတယ်။

Saturday, 1 September 2007

Sunx Laser Marker

ပလတ်စတစ်၊ သစ်သား၊ ဖန်ထည်၊ သံ၊ သားရေထည် အစရှိတဲ့ မျက်နှာပြင်တွေပေါ်မှာ စာလုံးတွေထွင်းချင်၊ ရေးချင် တဲ့အခါ၊ သပ်သပ်ရပ်ရပ်နဲ့ (စာလုံးအရွယ်အစား၊ Line width 12.6 um to 655 nm အထိ) ရေးချင်တဲ့အခါ ဒီ Machine ကိုသုံးပါတယ်။ ကျွန်တော်တို့ဆီမှာသုံးတာက SunX LP-400 အမျိုးအစားပါ။ Sunx Laser Marker မှာ ၂မျိုးရှိပါတယ် CO2 နဲ့ FAYb ပါ။

CO2 Type က ဈေးသက်သာတယ်။ ဒါပေမယ့် Non-Impact အမျိုးအစား ဖြစ်ပါတယ်။ ထွင်းလို့မရဘူးပေါ့။ ပလတ်စတစ်၊ ဖန်၊ သစ်သား၊ သားရေ မျက်နှာပြင်တွေပေါ်မှာ ရပါတယ်။ LP-200, LP-300, LP-400 Models တွေရှိပါတယ်။ LP-400 ကတော့ Coated Metal Substrates တွေပေါ်မှာလည်း ရပါတယ်။

CO2 LP-400CO2 LP-200

နောက်တစ်မျိုးက FAYb Type ပါ။ သူက အထက်ကမျက်နှာပြင်တွေ အပြင် Metal တွေပါရပါတယ်။ Impact အမျိုးအစားဖြစ်လို့ ထွင်းလို့ရပါတယ်။ LP-F10, LP-V10 Models တွေရှိပါတယ်။ LP-V10 ရဲ့ Laser Beam က ပိုပြီး ကောင်းပါတယ်။

FAYb LP-V10အသုံးပြုလို့ရတဲ့ Application တွေကို အောက်မှာဖော်ပြထားပါတယ်။

Open/ Short Tester VS Phoe Thant (1)

အဲဒီမှာ ပထမဆုံး (အခုအချိန်အထိလည်း အဲဒီပုံစံတူ တွေပါပဲ) စတွေ့တဲ့ Machine ကတော့ Open/ Short Tester ပါ။ Circuit တွေမှာ Test Point တွေသတ်မှတ် Point-to-Point Open/ Short တွေကိုစစ်တာပါ။ Open/ Short ကိုတော့ ကျွန်တော် Post တစ်ခုအဖြစ်တင်ခဲ့ပြီးပါပြီ။ Panasinics Company က Fax Machine တွေရဲ့ PCB တွေကို စစ်ဆေးတဲ့ Machine ပါ။ သူက Hardware ပိုင်းနဲ့၊ ကျွန်တော်က Software (Program) ပိုင်းကိုတာဝန်ယူရပါတယ်။ C Programming Language ပါပဲ။

ပထမတစ်ခုက Modify သက်သက်ပါ။ Project တစ်ခုကို စလုပ်ရတာဆိုတော့ ကလည်ကလည်နဲ့ ဟိုလူဝင်ကူ၊ ဒီလူဝင်ကူနဲ့ ပြီးသွားတယ်ဆိုပါတော့ဗျာ။ နောက်တစ်ခုက Cavity (PCB) ၂ ခုကိုအပြိုင်တည်းစစ်ရတယ်။ Customer ကိုနောက်တစ်နေ့မနက်မှာ ပေးရမယ်ဆိုရင် ဒီနေ့ည ၁၁ နာရီလောက်မှာ အပြီးလုပ်လိုက်ရတယ်။ Problem ကတော့ သူတို့လိုချင်တဲ့ Time Limit ကို မရလို့ Speed-upလုပ်ရင်းကနေ Capacitor တွေက Charging Speed ကိုမလိုက်နိုင်တော့ Default values ဖြစ်သွားတယ်။ အဲဒီမှာ Error တွေဖြစ်ပြီး ကြာသွားတာပေါ့။ Senior တစ်ယောက်က ၀င်ကူပေးလိုက်လို့ အိမ်ပြန်ရတာပါ။ သူလုပ်လိုက်တာက Resistor တစ်ခုကို Parallel ချိတ်ပေးလိုက်တာပါပဲ။ သဘောက Charging speed ကို လျှော့ချပစ်လိုက်တာပေါ့။ Experience က စကားပြောသွားတယ်လေ။ ပညာတော်တော်ရလိုက်ပါတယ်။

နောက် ၃ ရက်လောက်ကြာတော့ အဲဒီစက် ပြန်ရောက်လာပါတယ်။ Test Point တွေ ထပ်တိုးချင်လို့တဲ့။ တော်တော်ရှုပ်တဲ့ Panasonics (PCM) ပါဗျာ။
Panasonics Fax Machine
Test Points and Channels (Just Example)

Friday, 10 August 2007

GameBoy for User Interface with Machines

Microcontroller Program (Embedded SW) တွေမှာ User Interface တွေ Display တွေအသုံးပြုချင်တဲ့အခါမှာ GameBoy ဆိုတဲ့ Device လေးကိုအသုံးပြုပါတယ်။ GameBoy ဆိုတာတကယ်တော့ ကလေးတွေကစားတဲ့ TV Game လေးပါပဲ။ Memory Card ပါတဲ့အတွက် Game အသစ်တွေကို Download လုပ်ပြီးကစားလို့ရတာပေါ့။ Testing, Sensor Machine တွေမှာ သူ့ကိုအသုံးပြုရတာက ၀ယ်ရတာလွယ်တယ်၊ ဈေးသက်သာတယ်၊ RGB Display, GUI (Graphical User Interface) ရတယ်၊ သုံးရတာအဆင်ပြေတယ်၊ Software ရေးရတာအဆင်ပြေတယ် အဲဒါတွေကြောင့်ပါ။ ဘာ Debugger, Compiler အသစ်မှလည်းမလိုပါဘူး။ USB Adaptor လေးတစ်ခုရှိရင်ရပါတယ်။ များသောအားဖြင့်တော့ C language ကိုပဲအသုံးပြုပါတယ်။ ကျွန်တော်တို့သုံးတာကတော့ Visual C++ Software ပါ။ စက်ကတော့ Netando GameBoy ပါ။ သူ့မှာ Assign လုပ်စရာ Key တွေလည်းပါတော့ Menu Selection လုပ်ရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် User Interface နဲ့ Menu Selection သက်သက်ပဲရတာပါ။ တခြား ဘာ Function မှတော့ လုပ်မပေးနိုင်ပါဘူး။ Machine တွေနဲ့တွဲသုံးပါတယ်။


Netando Game Boy လေးတွေရဲ့ပုံပါ။

Wednesday, 8 August 2007

HP 16500A Logic Analysis System

ဒီစက်ကတော့ Microcontroller Program တွေရေးတဲ့အခါမှာ Ports တွေကနေ ကိုလိုချင်တဲ့ Singnal, Waveform တွေထွက်ရဲ့လားလို့စစ်ဆေးတဲ့ Analysis system စက်ပါ။ ကျွန်တော်အခုရေးနေတဲ့ Program ကို ပထမဆုံး 2 Channels Analogue Oscilloscope နဲ့ signal အမှန်ထွက်မထွက်စစ်ကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော့် program က 4 channels (CLK, SC, DIN, DOUT) ထုတ်ပေးတာဆိုတော့ 2 Channels နဲ့မလုံလောက်တဲ့အခါ 4 Channel Digital Oscilloscope ကိုသုံးကြည့်ပါတယ်။ အဆင်ပြေပါတယ်။ ဒါပေမယ့် လက်က ၂ ဖက်ပဲရှိတာရယ် Wire တွေကရှုပ်နေတာရယ်ကြောင့် Waveform တွေကို Break ပြီးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ အဲဒီအခါမှာ ကျွန်တော်ဒီစက်ကို ပြောင်းပြီးသုံးဖို့ ကြိုးစားရပါတယ်။ ဒီစက်က Channel ပေါင်း ၇၅ ခုကို တပြိုင်နက်မှာ Waveform တိုင်းတာလို့ရပါတယ်။ စက်ကတော့ ခေတ်နောက်ကျနေပါပြီ။ ဒါပေမယ့် အလွန်အသုံးကျနေပါသေးတယ်။ HP (Hewlett Packard) ကထုတ်ပါတယ်။ 16500A Logic Analysis System ပါ။ Digital Waveform တွေကိုထုတ်ပေးပါတယ်။ Oscilloscope တွေထက် အလွန်တိကျတဲ့ Digital Waveform တွေထုတ်ပေးပါတယ်။

Tektronix 2/ 4 Channels Digital Storage Oscilloscopes
HP 6500A Logic Analysis System