Saturday, 1 September 2007

Sunx Laser Marker

ပလတ်စတစ်၊ သစ်သား၊ ဖန်ထည်၊ သံ၊ သားရေထည် အစရှိတဲ့ မျက်နှာပြင်တွေပေါ်မှာ စာလုံးတွေထွင်းချင်၊ ရေးချင် တဲ့အခါ၊ သပ်သပ်ရပ်ရပ်နဲ့ (စာလုံးအရွယ်အစား၊ Line width 12.6 um to 655 nm အထိ) ရေးချင်တဲ့အခါ ဒီ Machine ကိုသုံးပါတယ်။ ကျွန်တော်တို့ဆီမှာသုံးတာက SunX LP-400 အမျိုးအစားပါ။ Sunx Laser Marker မှာ ၂မျိုးရှိပါတယ် CO2 နဲ့ FAYb ပါ။

CO2 Type က ဈေးသက်သာတယ်။ ဒါပေမယ့် Non-Impact အမျိုးအစား ဖြစ်ပါတယ်။ ထွင်းလို့မရဘူးပေါ့။ ပလတ်စတစ်၊ ဖန်၊ သစ်သား၊ သားရေ မျက်နှာပြင်တွေပေါ်မှာ ရပါတယ်။ LP-200, LP-300, LP-400 Models တွေရှိပါတယ်။ LP-400 ကတော့ Coated Metal Substrates တွေပေါ်မှာလည်း ရပါတယ်။

CO2 LP-400CO2 LP-200

နောက်တစ်မျိုးက FAYb Type ပါ။ သူက အထက်ကမျက်နှာပြင်တွေ အပြင် Metal တွေပါရပါတယ်။ Impact အမျိုးအစားဖြစ်လို့ ထွင်းလို့ရပါတယ်။ LP-F10, LP-V10 Models တွေရှိပါတယ်။ LP-V10 ရဲ့ Laser Beam က ပိုပြီး ကောင်းပါတယ်။

FAYb LP-V10အသုံးပြုလို့ရတဲ့ Application တွေကို အောက်မှာဖော်ပြထားပါတယ်။

No comments:

Post a Comment