Showing posts with label Software. Show all posts
Showing posts with label Software. Show all posts

Thursday, 1 July 2010

4x4 Metrix Keypad

Matrix Keypad (4x4, 3x4, 3x3 ) တွေကို နေရာစုံမှာ သုံးကြပါတယ်။ ဖုန်း တွေရဲ့ တွေ အဖြစ်၊ တွေရဲ့ တွေအဖြစ် သုံးကြပါတယ်။ ခုပြောချင်တာက ဒီကောင်လေးရဲ့ တည်ဆောက်ပုံနဲ့ Matrix Keypad ရဲ့ သဘောတရားပါ။ ရိုးရိုးလေး တွေးကြည့်လိုက်ရင် 16 Keys (4x4) ကို scan လုပ်ဖို့အတွက် Input pin ၁၆ ခု လိုပါတယ်။ Input (whole 8 bits port) တွေ အဲ့လောက်အများကြီး မသုံးနိုင်တော့တဲ့အခါ Software controlled matrix Keypad ကို သုံးကြပါတယ်။

အောက်က ပုံတွေမှာ Schematic ကော Keypad ပုံစံတွေပါ ပြထားပါတယ်။ Software controlled logic ကတော့ ..
၁။ ၄ လိုင်းစီ (4 Outputs and 4 Inputs) ထားပါ။ Row, Column ကြိုက်သလို ထားလို့ရပါတယ်။
၂။ Output ၁ လိုင်းစီကနေ logic (High/ Low) ပေးပါ။ ၁ လိုင်းပေးတိုင်း Input 4 lines လုံးကို scan ပါ။ ၁ လိုင်းမိတာနဲ့ ထွက်ပစ်လိုက်ပါ။
ဥပမာ - Output 1 and Input 1 ဆိုရင် Row 1, Col 1 ဆိုတော့ “Key 1"
Output 2 and Input 3 ဆိုရင် Row 2, Col 3 ဆိုတော့ “Key 6"။ အဲလိုနည်းစနစ်နဲ့ ရေးသွားပါတယ်။
၃။ Key Bonce ကို ဖြောက်ချင်ယင်တော့ ၂ ခါပြန် scan လုပ်ပြီး တူတယ်ဆိုမှ အဲ့ဒီ Key ကို ယူပါ။ အောက်မှာ နမူနာ source code ထဲ့ပေးထားပါတယ်။


#include //Include file for 8051
#define keyport P2 //keypad connected to P2
#define col1 P2_0 //column 1
#define col2 P2_1 //column 2
#define col3 P2_2 //column 3
#define col4 P2_3 //column 4
#define TRUE 1 //some defines
#define FALSE 0

/*
+---------------------------------------+
| Prototype: void key_init(void); |
| Return Type: void |
| Arguments: None |
| Description: Initialize ports and |
| Keypad. |
+---------------------------------------+
*/
void key_init(){
keyport &=0x0F; //make Rows as o/p and cols are i/p
}

/*
+-----------------------------------------------+
| Prototype: unsigned char get_key(void); |
| Return Type: unsigned char |
| Arguments: None |
| Description: To read key from the keypad |
+-----------------------------------------------+
*/
unsigned char get_key(){
unsigned char i,k,key=0;
k=1;
for(i=0;i<4;i++){>
keyport &=~(0x80>>i); //to make rows low 1 by 1
if(!col1){ //check if key1 is pressed
key = k+0; //set key number
while(!col1); //wait for release
return key; //return key number
}
if(!col2){ //check if key2 is pressed
key = k+1; //set key number
while(!col2); //wait for release
return key; //return key number
}
if(!col3){ //check if key3 is pressed
key = k+2; //set key number
while(!col3); //wait for release
return key; //return key number
}
if(!col4){ //check if key4 is pressed
key = k+3; //set key number
while(!col4); //wait for release
return key; //return key number
}
k+=4; //next row key number
keyport |= 0x80>>i; //make the row high again
}
return FALSE; //return false if no key pressed
}

Saturday, 13 February 2010

RCM5400W နောက်ဆက်တွဲ (၁)

RCM54XX တွေရဲ့အားသာချက်က Zworld http mini server လေးထဲ့လို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီ Server ရဲ့ Foot Print က အတော်ကြီးတဲ့အတွက် တစ်ကယ်တမ်း အသေအကြေသုံးကြစတမ်းဆိုရင် Storage Area များတဲ့ (၂ ဆ၊ ဈေးလည်း ပိုပါတယ်) RCM5450 လိုကောင်နဲ့မှ အဆင်ပြေလိမ့်မယ်။ ကျတော်သုံးတဲ့ ပုံစံက FTP server ကို အဲဒီထဲမှာ ထဲ့ပြီးတော့ Wireless Filer Transfer လောက်ပါပဲ။ http server ကို သုံးဖို့ စဉ်းစားပေမယ့်လည်း Port forwarding ကိတ်စတွေမှာ ပြသနာရှိနေတဲ့အတွက် တိုက်ရိုက် Data Access လုပ်တဲ့နည်းကို မေ့ပစ်ပြီး FTP နည်းစံနစ်ကို သုံးလိုက်ရတာပါ။

အားသာချက် နောက်တစ်ခုက Embedded WiFi Module ဖြစ်တဲ့အတွက် DHCP ကိုသုံးလို့ရပါတယ်။ အရင် 3700 ကတော့ Static IP ပဲ အဆင်ပြေပါတယ်။

Ref : http://www.rabbit.com/products/rcm5400W/


Monday, 16 February 2009

RTC, Timer And External Oscillator

RTC နဲ့ TIMER တွေ အကြောင်းကို ကျွန်တော် ခဏခဏ ရေးလေ့ရှိပါတယ်။ အခုပြောပြချင်တာက RTC ကို Timer နဲ့ရေးတဲ့အခါ လိုအပ်တဲ့ လိုအပ်ချက်တွေပါ။ အများအားဖြင့် RTC သုံးချင်တဲ့အခါ External RTC chip ကိုသုံးလေ့ ရှိကြပါတယ်။ ဒါပေမယ့် Hardware overload ကိုလျှော့ချချင်တဲ့ အခါမှာဖြစ်ဖြစ်၊ Boom Price ကိုလျှော့ချင်တဲ့အခါမှာ ဖြစ်ဖြစ် RTC ကို routine ရေးပြီးသုံးကြပါတယ်။

အဲဒီအခါမှာ Timer တစ်ခုကို သုံးပြီး ရေးရပါတယ်။ အောက်မှာ RTC ရေးရတဲ့ Assembly source codeကို ပြထားပါတယ်။ C language အဖြစ်လည်း ပြောင်းပြီးရေးလို့ရပါတယ်။ ဒါပေမယ့် RTC routine အများစုကို Assembly ရေးလေ့ရှိပါတယ်။ Instruction cycle ကိုလျှော့ချချင်လို့ပါ။

အဲလို ရေးတဲ့အခါမှာ Timer ရဲ့ အချိန်ကို တိကျအောင် External Crystal (Oscillator) တစ်ခုကို ချိတ်ဆက်ပေးရပါတယ်။ အောက်မှာ ပြထားတာကတော့ Timer1 ကိုသုံးပြီးတော့ RTC routine ကိုရေးတဲ့အခါ လိုအပ်တဲ့ Crystal ချိတ်ဆက်ပေးရတဲ့ ပုံပါ။



Monday, 29 December 2008

Double Head (Double Auger) Powder Filler

ပုံမှန် Powder Filler က Head တစ်ခုတည်းနဲ့ 2 Speed သုံးပြီး အမှုန့်တွေကို ဖြည့်လေ့ရှိတယ်။ First နဲ့ Second speed ပေါ့။ Normal speed နဲ့ Prelim speed လို့ ခေါ်တာပေါ့။ Double Head (Auger) ကျတော့ အဲဒီသဘောကိုပဲ Head နှစ်ခုခွဲလုပ်တာပါ။ Calculation နဲ့ Processing (speed change) time ကို ကျသွားအောင်လုပ်တာပေါ့။ ပထမ head က Normal speed ပဲဖြည့်တယ်။ ဒုတိယ head က Second speed နဲ့ဆက်ဖြည့်တာပါပဲ။ Container ၂ခုကို တစ်ပြိုင်နက်ဖြည့်တာပေါ့။ Conveyor (Assembly line) ပေါ်မှာအလုပ်လုပ်မှ အဆင်ပြေနိုင်ပါတယ်။



Tuesday, 9 December 2008

Short Notes (2)

Active Low အတွက် Signal ကို Scope နဲ့ဖတ်တဲ့အခါမှာ Low ဖြစ်တဲ့ Pulse ကိုပဲ ဖတ်ရပြီးတော့ Active High အတွက်ဆိုရင် High ဖြစ်တဲ့ Pulse ကိုဖတ်ရပါတယ် Pulse ကိုဖတ်တဲ့အခါမှာလည်း One Cycle အပြည့်ကို ဖတ်လို့မရပါဘူး။ ဖတ်ခဲ့ရင် Pulse Rate (Frequency) ရသွားမှာပါ။ Pulse (Time) ကိုလိုချင်တဲ့အတွက် Pulse (Low/ High) ဖြစ်သွားတဲ့ အချိန်လေးကိုပဲ ဖတ်ပါ။

Monday, 24 November 2008

Electronics E-Books Series (2)

Electronic စာအုပ် လက်ကျန်တွေ ထပ်တင်ပေးလိုက်ပါတယ်။









Thursday, 23 October 2008

Load Cell Degitizing Unit (LDU 78.1) for Weighting Machine

ဒီပစ္စည်းက Weighting Machine တွေမှာပဲ သုံးတဲ့ပစ္စည်းပါ။ ၁ x ၂ လက်မ ပတ်လည်ပဲ ရှိပါတယ်။ သူရဲ့လုပ်ငန်းကတော့ Weighter နဲ့ PLC or MCU ကြားမှာ အလေးချိန်ကို တွက်ချက် ဖေါ်ပြပေးတဲ့ အလုပ်ပါပဲ။ High Precision Measuremment Tool တစ်ခုပါ။ ကျွန်တော်သုံးတဲ့ Load Cell Unit က FLINTEC/ SOEMER ပါ။ Germany (EU) က ထုတ်ပါတယ်။ သူက RS-485 Communication ကိုပဲ လုပ်ပေးတာပါ။ ဒါပေမယ့် MCU နဲ့ သုံးတဲ့အခါမှာ RS-232 ကိုပဲ အလုပ်လုပ်တဲ့အတွက် converter (adaptor) တစ်ခုထပ်ထည့်ပေးရပါတယ်။ အဲဒီ Converter က ပုံမှာပြထားတဲ့ အစိမ်းရောင် အောက်ခံလေးပါ။ ပုံကိုကြည့်မယ်ဆိုရင် ဘယ်ဘက်ပိုင်းက Weighter နဲ့ ဆက်ရပြီးတော့ ညာဘက်ပိုင်းက Power supply, MCU/ PLC တွေနဲ့ ဆက်ရပါတယ်။ သူ့မှာ Firmware သပ်သပ်ပါတဲ့အတွက် command level communication လည်းလုပ်လို့ရပါတယ်။ PC's HyperTerminal ဒါမှမဟုတ် သူ့ရဲ့သက်ဆိုင်ရာ software (DOP program) ကိုသုံးရင်လည်း ရပါတယ်။

Monday, 20 October 2008

PIC18F4420 Timer Module (8 bit/ 16 bit)

Timer တွေနဲ့ပါတ်သတ်တဲ့ ပို့စ်တွေတော့ တင်ဘူးပါတယ်။ ခုရေးမှာက Datasheet တွေမှာပါတဲ့ Block Diagram ကိုဖတ်ပြီး Timer ရဲ့အလုပ်လုပ်ပုံကို လေ့လာတဲ့ သဘောပါ။ အောက်မှာ ကျွန်တော်ပြထားတာက 8 bit နဲ့ 16 bit Timer ရဲ့ Diagram တွေပါ။
ထုံးစံအတိုင်း ဘယ်ကနေ ညာကို စဖတ်မယ်ဆိုရင် -
၁။ Timer ရဲ့ speed က Oscillator (External) ရဲ့ ၄ ပုံတစ်ပုံ ရှိပါတယ်။ အဲဒါကို Timer interrupt နဲ့ တစ်ပြိုင်နက် ON ပါတယ်။ Interrupt က Pin (Hardware) ဒါမှမဟုတ် Software interrupt ရှိပါမယ်။
၂။ Prescaler သုံးရင် Prescaler အတွက် Ratio ထည့်တွက်ပါတယ်။
၃။ Internal clock က Timer interval အတွက် သုံးပါတယ်။ သုံးတဲ့ Register ကတော့ datasheet ကနေ ထပ်လေ့လာရပါတယ်။
၎။ TM0L က Tick တန်ဖိုးတစ်ခုပါ။ Tick ပေါင်း 00 FF (256) အထိရပါတယ်။ 8 bit ဖြစ်နေလို့ပါ။ TM0H မှာကြည့်လိုက်ရင် 16 bit ရတဲ့အတွက် FF FF (65535) tick အထိ ထည့်ပေးလို့ရပါတယ်။ ပိုပြီး interval ရှည်လို့ရတဲ့ သဘောပေါ့။
ဒါက PIC18F4420 MCU အတွက်သုံးတဲ့ Timer Routine ပါ။
အထက်က အဆင့်တွေအတိုင်း ရေးရင် Timer sub routine ကိုရမှာပါ။ ရေးတာကတော့ compiler ပေါ်မူတည်ပြီး လွယ်တာ ခက်တာတော့ ရှိပါလိမ့်မယ်။



Saturday, 20 September 2008

Programming with Touch Panel

Touch Panel အကြောင်းကို ပို့စ်တစ်ခုမှာတော့ ရေးဘူးပါတယ်။ Touch Panel တွေမှာ Program ရေးတဲ့အခါမှာ Protocol တစ်ခုကို ကိုယ်တိုင်ဖန်တီးယူရပါတယ်။ Microcontroller တွေကို သုံးပီး Low level နဲ့ software ရေးရင်ပေါ့။ PLC နဲ့တွဲသုံးမယ်ဆိုရင်တော့ PLC တွေမှာ support လုပ်တဲ့ dedicated protocol အမျိုးအစားကို ရွေးချယ်ပေးရုံပါပဲ။ တကယ်တော့ Touch Panel တွေက PLC တွေအတွက် အဓိကထားပြီး ထုတ်ထားတဲ့အတွက် MCU တွေနဲ့ရေးတဲ့အခါ တွေမှာ handshaking ပြသနာတက်လေ့ရှိပါတယ်။ ကျွန်တော်အရင်က TOP2M touch panel ကိုသုံးပါတယ်။ သူ့မှာက program routine အနေနဲ့သက်သက်ရေးလို့မရပဲ Register လေးတွေကို setting ချပေးလိုက်ပီး communication တွေလုပ်ပါတယ်။ အခုသုံးနေတဲ့ Delta ကတော့ program routine တွေကိုရေးလို့ရပါတယ်။ VB source code တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ပြသနာက MCU ကနေ Direct Memory addressing လုပ်လို့မရတဲ့အတွက် data read/ write လုပ်တဲ့အခါမှာ အခက်အခဲတွေတွေ့ပါတယ်။ အခုလောလောဆယ်တော့ အဲဒါနဲ့ခေါင်းကိုက်နေပါတယ်။ သက်ဆိုင်ရာကုမ်ပနီရဲ့ AE နဲ့တော့ အဆက်အသွယ်လုပ် ထားပါတယ်။ ပြန်တော့မဖြေသေးဘူး။ ကျွန်တော့်အထင်တော့ direct memory addressing မရရင် ဖြစ်နိုင်မယ်မထင်ပါဘူး။



Thursday, 4 September 2008

Electronics E-Books Series (1)

အရင်ကတော့ တစ်ချို့တစ်ဝက်တွေကို တင်ထားပါသေးတယ်။ Electronic နဲ့ပါတ်သတ်တဲ့ စာအုပ်တွေပါပဲ။ လင့်ခ်တွေ သေကုန်လို့ စာရင်းတွေ ပြန်တင်ပေးလိုက်တာပါ။ ထုံးစံအတိုင်း အီးမေးလ်ကနေပဲ ပို့ပေးပါမယ်။ စီဘောက်စ်မှာ တောင်းခဲ့ကြပါ။

Monday, 25 August 2008

PIC Microcontrollers Projects Samples

PIC Microcontroller တွေနဲ့ပါတ်သတ်တဲ့ နမူနာ Project ကလေးတွေပါတဲ့ Website လေးပါ။ Source COde, Hardware Assembly တွေပါထည့်ရေးထားလို့ အဆင်ပြေမှာပါ။

http://www.micro-examples.com

Wednesday, 16 July 2008

External Memory using I2C Serial EEPROM

နဲနဲအစပျိုးပါဦးမယ်။ ကျွန်တော်တို့ Microcontroller program ရေးတဲ့အခါ memory သုံးရပါတယ်။ ၂ မျိုးသုံးလေ့ရှိပါတယ်။ On-Chip နဲ့ External Memory ပါ။ On-Chip က MCU ထဲမှာ ပါပြီးတော့ External က အပြင်မှာသပ်သပ်ထပ်ထည့်တဲ့ Memory ပါ။ ကွန်ပျူတာမှာဆိုရင်တော့ Cache နဲ့ RAM သဘောပေါ့။ ကျွန်တော် ပြောမှာက External Memory အကြောင်းပါ။ သူ့မှာ application ပေါ်မူတည်ပြီး အမျိုးအစားတွေကွဲလေ့ရှိပါတယ်။ SD, EEPROM, Flash ဆိုပြီးရှိကြပါတယ်။ protocol (I2C, SPI, UART) တွေလည်းကွဲကြပါတယ်။ ခုဟာက I2C protocol ကိုသုံးပြီးတော့ ရေးရတဲ့ EEPROM အကြောင်းပါ။

သူ့မှာ operation ၂ မျိုးပဲပါပါတယ်။ Read နဲ့ Write ပေါ့။ အောက်မှာ Read/ Write operation တွေရဲ့ Data Frame ပုံစံတွေပြထားပါတယ်။ I2C protocol အကြောင်းကိုတော့ ထပ်ပြောပါဦးမယ်။


Friday, 11 July 2008

Bittorrent protocol with Free Download Manager

RSJ က Cbox မှာရေးသွားလို့ တစ်ခုသတိရ သွားတယ်။ Torrent နဲ့ပါတ်သတ်လို့ ဆက်ရေးစရာ နည်းနည်းရှိလို့ပါ။ Bittorrent ဆိုတဲ့ Software ကိုသုံးလို့ရတယ်လို့ အရင်ပို့စ်မှာ ကျွန်တော်ရေးခဲ့ပါတယ်။ Bittorrent က Bandwidth တွေကို ရနိုင်သမျှဆွဲပြီး သူ့ Software မှာသုံးတဲ့အတွက် တစ်ခါတစ်လေမှာ Whole Network (LAN) ကြီး breakdown ဖြစ်သွားတတ်ပါတယ်။ အဲဒီတော့ အကောင်းဆုံးနည်းက Free Download Manager ကိုသုံးပြီး bittorrent protocol ကို ပြန်သုံးပါ။ FDM ကို Install လုပ်တဲ့အခါမှာ bittorrent protocol ကိုသုံးမလားဆိုတဲ့ Checkbox လေးပါပါတယ်။ အဲဒါကို checked လုပ်ပေးလိုက်ရုံပါပဲ။ သူ့ကိုသုံးမည့် bandwidth ကိုလည်း သတ်မှတ်ပေးထားလို့ရတော့ LAN ကြီး breakdown မဖြစ်တော့ဘူးပေါ့။ ပုံမှန် speed (စင်ကာပူ ရဲ့ Internet Speed နဲ့ဆို) 600 MB လောက်ကို တစ်ရက်ခွဲလောက်ပဲ ကြာပါတယ်။ Health ကောင်းတဲ့ torrent ဆိုရင်ပေါ့။ Health ဆိုတာ Seeder နဲ့ Leecher ရဲ့ ratio ပါ။ Leecher က ဆွဲတဲ့သူဖြစ်ပြီး၊ Seeder က တင်တဲ့သူတွေပါ။ torrent တွေကို နှောက်ယှက်တဲ့ Tracker ဆိုတာလည်းရှိပါသေးတယ်။ တွေဝင်လာရင် torrent တွေ download လုပ်နေရင်းနဲ့ ပြတ်ကျသွားတတ်ပါတယ်။ အဲလိုဆိုရင် နောက် torrent တစ်ခုထပ်ရှာပြီး ဆွဲရပါတယ်။

Download Free Download Manager :

Monday, 30 June 2008

Pulse Width Modulation (PWM) with Rabbit 3000 MCU

PWM (Pulse Width Modulation) ကို နောက်ပိုင်း MCU တွေမှာ တော်တော်တွေ့လာရပါတယ်။ ကျွန်တော်အခုပြမှာက Rabbit 3000 နဲ့ပါ။ အရင်ကျွန်တော်သုံးခဲ့တဲ့ MCU တွေ Cygnal, NEC, ARM မှာ ဒီ function မပါတဲ့အတွက် Timer တွေ၊ Interrupt တွေနဲ့ ရှုပ်နေအောင်တွက်ရ ရေးခဲ့ရပါတယ်။ ပြီးတော့ Time interval တိကျမှုလည်း မရှိပါဘူး။ ဒီ PWM function ကတော့ interval တိကျမှုရှိတဲ့အပြင် Duty Cycle ကိုလည်း လိုအပ်သလို (%) နဲ့ထုတ်ပေးလို့ရပါတယ်။ တကယ်တော့ MCU တွေရဲ့အားသာချက်ပါသလို compiler (core module) တွေရဲ့စွမ်းရည်ကလည်း အရမ်းမြင့်လာလို့ပါ။ ဒီမှာ pwm_set ၄ ခါရေးရတာကတော့ Rabbit 3000 မှာ PWM Channel ၄ ခုပါတဲ့အတွက်ဖြစ်ပါတယ်။ Duty cycle တစ်မျိုးစီနဲ့ ရေးပြထားတာပါ။

void main()
{
unsigned long freq;
int pwm_options;

// request 10kHz PWM cycle (will select closest possible value)
freq = pwm_init(10000);
printf("Actual PWM frequency = %d Hz\n", freq);
pwm_options = 0;
pwm_set(0, 0.10 * 1024, pwm_options);

pwm_set(1, 0.25 * 1024, pwm_options);
pwm_set(2, 0.50 * 1024, pwm_options);
pwm_set(3, 0.99 * 1024, pwm_options);
while(1); //keep running the program

}


Thursday, 19 June 2008

M2I TOP2 Touch Screen Interface Programming (1)

Touch Panel (Screen) ကိုမြင်ဖူး သုံးဖူးကြလိမ့်မယ်ထင်တယ်။ ကျွန်တော်ပြောမှာက Touch Panel ကိုသုံးပြီး Microcontroller Interface ရေးတဲ့ပုံစံကိုပါ။ သူ့ က Application program လိုလဲမဟုတ်၊ Embedded program နဲ့လည်း သိပ်မတူဘူး။ Application လို Intercafe တွေ create ရပြီးတော့ Embedded လို Memory address, Register တွေကိုသုံးပြီးရေးပါတယ်။ ကျွန်တော်တို့ သုံးတာက M2I TOP2 Touch Panel ပါ။ အဖြူနဲ့ တစ်ခြားတစ်ရောင် Monochrome ပဲရပါတယ်။ Microcontroller Interface ပိုင်းကတော့ RS232 ပါ။ PC Interface ကတော့ download သက်သက်အတွက်ပဲ သုံးပါတယ်။ RS232 နဲ့ပါပဲ။ သူ့မှာ Main Menu တစ်ခုပါပြီးတော့။ Program Mode ဆိုရင်တော့ အဲဒီ Menu ကို ဖြောက်ထားလို့ရပါတယ်။ Baud Rate ကိုလည်း Program Runtime အတွင်းမှာ ပြောင်းသုံးလို့ရပါတယ်။ Software Reset တော့ လုပ်ပေးရပါတယ်။

Wednesday, 9 April 2008

PIC Microcontroller Reference Books

ဒီစာအုပ်တွေက PIC Microcontroller နဲ့ပါတ်သတ်ပြီး။ Hardware, Software, Configuration တွေအကြောင်း အကုန်ပါပါတယ်။ Assembly ရော၊ C language ရောနဲ့ပြထားတာတွေပါ။ မြန်မာဘာသာပြန်ပြီးထားတဲ့ စာအုပ်တစ်အုပ်လည်း ပါမယ်ထင်တယ်။ PIC MCU အကြောင်းအပြည့်အစုံ ပါပါတယ်။ 8 bit MCU ရော၊ 16 bit MCU ရောအတွက် ရေးထားတာတွေပါ။

PIC 8051 Microcontrollers
Interfacing PIC Microcontrollers
PIC Microcontroller Project Book by John Lovine
Programming 16-Bit PIC Microcontrollers in C
Embedded C tutorial 8051

စာအုပ်တွေကို ဝေမျှတဲ့သူက “မောင်သန့်” ပါ။

Thursday, 3 April 2008

Parallel Port Monitor Program

ဒီ Software လေးက Parallel port ကို Monitor လုပ်တဲ့ Program လေးပါ။ port ရဲ့ ဘယ် bit မှာ Data (Low/ High) ရှိလဲဆိုတာကို ပြတာပါ။ Monitor program သက်သက်ပဲဖြစ်လို့ Hyper Terminal လိုတော့ Send/ Receive data လုပ်လို့မရဘူးပေါ့။
Download : Port Monitor

Tuesday, 1 April 2008

Controlling Parallel port with Visual Basic

Visual Basic နဲ့ Parallel Port (LPT, Printer) ကို Control (Read, Write) လုပ်တဲ့ ပရိုဂရမ်လေးပါ။ မေ့သွားမှာစိုးလို့ တင်ထားတာ။ သူ့မှာ VB Control Icon (.OCX) မရှိပါဘူး။ inpout32.dll file တစ်ခုတော့လိုပါတယ်။ အဲဒါက သပ်သပ်ရှာပြီး Windows – System32 folder ထဲကိုထည့်ပေးရပါတယ်။ အင်တာနက်မှာ အများကြီးရှိပါတယ်။ ဒီမှာ www.dll-files.com/dllindex/dll-files.shtml?inpout32 ဒေါင်းလုပ်ရင်ရပါတယ်။ သူ့ကို System32 folder ထဲထည့်ပေးလိုက်ပါ။ ပြီးရင်အောက်က Source code တွေကို ကူးထည့်လိုက်ပါ။ Screen Design ကိုတော့ အောက်မှာပြထားတဲ့အတိုင်းလုပ်ပေါ့။ အရမ်းလွယ်ပါတယ်။ အချိန်တွေတွက်ထားတာက အပိုတွေပါ။ ဖြုတ်ပစ်လို့ရတယ်။

ဒါက Form Code မှာကူးထဲ့

Private Sub send_Click()

PortAddress = Val(&H37F)
Out PortAddress, Val(Text1.Text)
End Sub

Private Sub start_click()
Dim speed As Double
Dim fre As Double
Text1.Text = "0"

Dim ino As Integer
Dim GMTime As SYSTEMTIME
Dim TheTime As String
Dim a As Double, b As Double
GetSystemTime GMTime

a = GMTime.wSecond + 0.001 * GMTime.wMilliseconds
For x = 1 To 10000
PortAddress = Val(&H378)

ino = InValue(PortAddress + 1)
Next

GetSystemTime GMTime
Timer1.Interval = 1
b = GMTime.wSecond + 0.001 * GMTime.wMilliseconds
speed = 0.127 / (b - a)

Text1.Text = speed
End Sub

Private Sub stop_click()
Text1.Text = "0"
End Sub

ဒါက Module Code မှာကူးထဲ့

Public Declare Function InValue Lib "inpout32.dll" _
Alias "Inp32" (ByVal PortAddress As Integer) As Integer
Public Declare Sub Out Lib "inpout32.dll" _
Alias "Out32" (ByVal PortAddress As Integer, ByVal Value As Integer)
Public Declare Sub GetSystemTime Lib "kernel32" (lpSystemTime As SYSTEMTIME)
Public Declare Function SetSystemTime Lib "kernel32" (lpSystem
Time As SYSTEMTIME) As Long

Public Type SYSTEMTIME
wYear As Integer
wMonth As Integer

wDayOfWeek As Integer
wDay As Integer
wHour As Integer
wMinute As Integer

wSecond As Integer
wMilliseconds As Integer

End Type

အဲဒီမှာပါတဲ့ (&H378) က Parallel port ရဲ့ Address ပါ။ သူက 8 Channels ရှိပါတယ်။ အောက်ကပုံကိုကြည့်ပါ။ 0x378 ကနေ 0x37F ဆိုတော့ I/O ၈ လိုင်းကို ထိန်းချုပ်လို့ရတဲ့သဘောပေါ့။

Wednesday, 26 March 2008

Magic ISO

Torrents တွေကိုသုံးပြီး အင်တာနက်ကနေ Software တွေကို Download လုပ်တဲ့အခါ .ISO ဆိုတဲ့ Extension နဲ့ ဖိုင်လေးတစ်ခုပဲ ရလာတတ်ပါတယ်။ အဲဒါကတကယ်တော့ CD/ DVD တစ်ခုလုံးကို Package လိုက် Download လုပ်လိုက်တဲ့ သဘောပါပဲ။ သူ့ကိုပြန်ဖွင့်ဖို့ဆိုရင် Magic ISO ဆိုတဲ့ Software လိုပါတယ်။ အောက်မှာပြထားတဲ့ အတိုင်း File ဖွင့်ပြီး Extract လုပ်ပေးလိုက်ပါ။ အဲဒါမှ Install လုပ်လို့ရပါလိမ့်မယ်။ တကယ်လို့ CD/ DVD အဖြစ်လိုချင်တယ်ဆိုရင်တော့ အဲဒီ ဖိုင်လေးကို တန်းပြီး Burn လိုက်လို့ရပါတယ်။ Unregistered ဖြစ်နေတဲ့အတွက် Extract အရင် လုပ်ပြီးမှ Burn လိုက်တာကောင်းပါတယ်။

Magic ISO

Tuesday, 25 March 2008

Thermal Head (NEC 515 MCU) Software Files

ဘာမှမဟုတ်ပါဘူး NEC 515 MCU နဲ့ရေးထားတဲ့ Software လေးကို မေ့သွားမှာစိုးလို့ တင်ထားတာပါ။

ThermalHead Main Program
Mecha 2 Arm Program
Mecha 3 Arm Program