Tuesday, 8 March 2011

Solar Power System Design

ဒီဆိုက်မှာ solar power နဲ့ ပါတ်သတ်တဲ့ နေ့စဉ် ကိုယ်လိုချင်တဲ့ မီးအားအသုံး၊ ဘက်ထရီ၊ ဆိုလာပြားအရေအတွက် စတာတွေကို တစ်ခုစီ တွက်ချက်လို့ရတဲ့ တွက်နည်းလေးတွေ အဆင်သင့်ပါပါတယ် ..

http://www.solar-power-answers.co.uk/design.php

Thursday, 16 December 2010

On-Grid Vs. Off-Grid Solar Power Systems

တကယ်လို့ ကျတော်တို့က Solar Power System တစ်ခုကို စဉ်းစားကြမယ် ဆိုပါစို့။ ၃ မျိုးရှိပါတယ်။

1. On-Grid Battery Solar Power System
2. On-Grid Solar Power System without Battery
3. Off-Grid Solar System
ရယ်လို့ ခွဲခြားလို့ရနိုင်ပါတယ် ..

On-Grid ကတော့ ပုံမှန်ပေးနေတဲ့ လျှပ်စစ်လိုင်း (grid) နဲ့ ချိတ်ဆက်ထားတဲ့ system ပါ။ Off-Grid ကတော့ လိုင်းနဲ့ ချိတ်မထားတဲ့ သီးသန့် system ပါ။

နံပါတ် (၁) အတွက်ဆိုရင် Back-up Battery လိုပါတယ်။ (အဲ့မှာ solar အတွက် သီးသန့်ဘက်ထရီဖြစ်တဲ့ Deep Cycle, Non Maintenance လို Battery တွေလိုပါတယ်။ ဒါလည်း ၂ နှစ်လောက်အထိပဲ ကောင်းပါတယ်။) battery အားသွင်းထားပြီး ပိုလာတဲ့ လျှပ်စစ်တွေကို grid ထဲကို ပြန်ထဲ့ (ပြန်ရောင်း) ပေးတာပါ။ (ကျွန်တော် Smart electricity system ဆိုတဲ့ခေါင်းစဉ်နဲ့ ရေးဘူးပါတယ်) battery ထဲက လျှပ်စစ်ကို ညအချိန်မှာ ပြန်သုံးပါတယ်။ သူကတော့ အရောင်း သီးသန့်ပေါ့။

နံပါတ် (၂) အတွက်ကတော့ battery မပါပါဘူး။ သူက နေ့အချိန်မှာ ရောင်းပြီး ညအချိန်မှာ grid ကနေ ပြန်ဝယ်ပါတယ်။ battery မလိုတဲ့အတွက် ကုန်ကျစားရိတ်သက်သာပါတယ်။ ဒါပေမယ့် Bi-directional metering system (ကျွန်တော်တခါရေးဘူးပါတယ်) လိုပါတယ်။


(၁) နဲ့ (၂) ကို FIT = Feed in Tariff လို့လည်း ခေါ်ပါတယ်

နံပါတ် (၃) ကတော့ အရှင်းဆုံးပါ။ battery လိုမယ် grid နဲ့ ချိတ်ထားခြင်းမရှိ။ battery ကို အားသွင်းပီး ပိုလာရင် အားသွင်းတဲ့အလုပ်ကို ဖြတ်ချလိုက်မယ်။ ခုန အားသွင်းရင်း ၀င်နေတဲ့ လျှပ်စစ်အားကို တိုက်ရိုက်သုံးမယ်။ DC သုံးတဲ့ ပစ္စည်းတွေဆိုရင်တော့ အဆင်ပြေတယ်။ AC သုံးတဲ့ ပစ္စည်းတွေအတွက်တော့ Inverter လိုပါတယ်။ (Inverter ဆိုတဲ့နေရာမှာလည်း Pure Sine wave ထွက်တဲ့ Inverter အမျိုးအစားကို သုံးရပါတယ်)။



Monday, 26 July 2010

MCU များနှင့် Embedded OS များ ပေါင်းစပ်ခြင်း

Embedded (XP, Ubantu, Win CE, Android, LINUX) တွေကို Industrial PC တွေမှာ သုံးကြပါတယ်။ သူတို့က အရင်က CPU တစ်ခုပါရတယ် (Intel, AMD, ..)။ အခုနောက်ပိုင်း Smart phone, Touch screen phone, PDA တွေ အသုံးတွင်ကျယ်လာတဲ့အခါမှာ MCU တွေမှာ OS တွေ ပေါင်းပြီး ထဲ့လာကြတယ်။ Rabbit MCU တွေမှာတောင် FTP အတွက် UNIX, Tiny OS တွေ ထဲ့သုံးလာကြတယ်။ Mini web server တွေအထိ ထဲ့သုံးလာကြတယ်။ အဲ့ဒီကနေ တစ်ဆင့် တက်လာတဲ့အခါ အခုနောက်ပိုင်း အရမ်းခေတ်စားလာတာက Touch PDA development board တွေပါ။ အမျိုးအစား အများကြီးရှိလာပေမယ့် သဘောတရားကအတူတူပါ။ ထူးခြားချက်က ထုတ်လုပ်သူ (Samsung, Freescale, ST) တွေသာပြောင်းသွားတယ် သုံးကြတဲ့ Core ကတော့ ARM9, 11 တွေ ဖြစ်နေတာပါပဲ။ Industrial PC တွေလောက် စွမ်းရည်မမြင့်ပေမယ့် Low level protocol တွေသုံးဖို့အတွက် SPI, UART, I2C စတဲ့ protocol တွေကို တိုက်ရိုက်သုံးလို့ရတဲ့အတွက် အလွန်အဆင်ပြေပါတယ်။ ကျတော်ဒါကို လေ့လာဆဲဖြစ်တဲ့အတွက် သိသလောက်ကို ထပ်ထပ် တင်သွားပေးပါ့မယ်။


Thursday, 1 July 2010

4x4 Metrix Keypad

Matrix Keypad (4x4, 3x4, 3x3 ) တွေကို နေရာစုံမှာ သုံးကြပါတယ်။ ဖုန်း တွေရဲ့ တွေ အဖြစ်၊ တွေရဲ့ တွေအဖြစ် သုံးကြပါတယ်။ ခုပြောချင်တာက ဒီကောင်လေးရဲ့ တည်ဆောက်ပုံနဲ့ Matrix Keypad ရဲ့ သဘောတရားပါ။ ရိုးရိုးလေး တွေးကြည့်လိုက်ရင် 16 Keys (4x4) ကို scan လုပ်ဖို့အတွက် Input pin ၁၆ ခု လိုပါတယ်။ Input (whole 8 bits port) တွေ အဲ့လောက်အများကြီး မသုံးနိုင်တော့တဲ့အခါ Software controlled matrix Keypad ကို သုံးကြပါတယ်။

အောက်က ပုံတွေမှာ Schematic ကော Keypad ပုံစံတွေပါ ပြထားပါတယ်။ Software controlled logic ကတော့ ..
၁။ ၄ လိုင်းစီ (4 Outputs and 4 Inputs) ထားပါ။ Row, Column ကြိုက်သလို ထားလို့ရပါတယ်။
၂။ Output ၁ လိုင်းစီကနေ logic (High/ Low) ပေးပါ။ ၁ လိုင်းပေးတိုင်း Input 4 lines လုံးကို scan ပါ။ ၁ လိုင်းမိတာနဲ့ ထွက်ပစ်လိုက်ပါ။
ဥပမာ - Output 1 and Input 1 ဆိုရင် Row 1, Col 1 ဆိုတော့ “Key 1"
Output 2 and Input 3 ဆိုရင် Row 2, Col 3 ဆိုတော့ “Key 6"။ အဲလိုနည်းစနစ်နဲ့ ရေးသွားပါတယ်။
၃။ Key Bonce ကို ဖြောက်ချင်ယင်တော့ ၂ ခါပြန် scan လုပ်ပြီး တူတယ်ဆိုမှ အဲ့ဒီ Key ကို ယူပါ။ အောက်မှာ နမူနာ source code ထဲ့ပေးထားပါတယ်။


#include //Include file for 8051
#define keyport P2 //keypad connected to P2
#define col1 P2_0 //column 1
#define col2 P2_1 //column 2
#define col3 P2_2 //column 3
#define col4 P2_3 //column 4
#define TRUE 1 //some defines
#define FALSE 0

/*
+---------------------------------------+
| Prototype: void key_init(void); |
| Return Type: void |
| Arguments: None |
| Description: Initialize ports and |
| Keypad. |
+---------------------------------------+
*/
void key_init(){
keyport &=0x0F; //make Rows as o/p and cols are i/p
}

/*
+-----------------------------------------------+
| Prototype: unsigned char get_key(void); |
| Return Type: unsigned char |
| Arguments: None |
| Description: To read key from the keypad |
+-----------------------------------------------+
*/
unsigned char get_key(){
unsigned char i,k,key=0;
k=1;
for(i=0;i<4;i++){>
keyport &=~(0x80>>i); //to make rows low 1 by 1
if(!col1){ //check if key1 is pressed
key = k+0; //set key number
while(!col1); //wait for release
return key; //return key number
}
if(!col2){ //check if key2 is pressed
key = k+1; //set key number
while(!col2); //wait for release
return key; //return key number
}
if(!col3){ //check if key3 is pressed
key = k+2; //set key number
while(!col3); //wait for release
return key; //return key number
}
if(!col4){ //check if key4 is pressed
key = k+3; //set key number
while(!col4); //wait for release
return key; //return key number
}
k+=4; //next row key number
keyport |= 0x80>>i; //make the row high again
}
return FALSE; //return false if no key pressed
}

Wednesday, 30 June 2010

Smart Grid Power System

Smart Grid Power System ဆိုတာက အရင်တစ်ခါ ကျွန်တော်ရေးခဲ့ဘူးတဲ့ Bi-directional e-meter နဲ့ ခပ်ဆင်ဆင်ပါ။ ဒါကတော့ Whole system အကြောင်းပါ။ နိုင်ငံတော်တော်များများ (ဥရောပ၊ ယူအက်စ်၊ သြဇီ၊ တရုတ်) မှာ အပိုင်းလိုက်လေးတွေ ခွဲလုပ်နေကြပါပြီ။ စင်ကာပူနဲ့ မလေးရှားကတော့ ၂၀၁၃ မှာ အတော်အသင့် တပ်ဆင်ြံပီးတဲ့အထိ လုပ်သွားမယ်လို့ ဆိုပါတယ်။

သဘောတရားကတော့ အိမ်တွေမှာ Renewable energy source (Solar, Wind) တွေ တပ်ဆင်ထားမယ်။ သူတို့က ရတဲ့ ပါဝါတွေက နေ့ပိုင်း အသုံးနဲတဲ့ အခါမှာ ပိုလျှံတဲ့ ပါဝါတွေကို National Grid ထဲပြန်ရောင်းပြီးတော့ ညပိုင်း အသုံးများတဲ့ အချိန်တွေကျတော့ ပြန်ဝယ်သုံး အဲ့ဒီသဘောပါပဲ။ ပိုလျှံတဲ့ စွမ်းအင်တွေကို Store လုပ်ထားဖို့လည်း မလိုတဲ့အတွက် Additional cost တွေ ကျသွားမယ်။ အဲ့ဒီသဘောပါပဲ။

အဓိက လိုအပ်ချက်ကတော့ နဲ့ တွေပါပဲ။ ဒီနည်းစံနစ်က အခု တဖြည်းဖြည်း စလာပြီဖြစ်တဲ့အတွက် အတော်ကြီးနေပါပြီ။ အထူးသဖြင့် တရုတ်ပြည်မှာပါ။

Tuesday, 22 June 2010

MMC (Multi Media Card), SD (Secure Digital) card များနှင့် Sector Read/ Write Method

MMC တွေကတော့ ဟိုးအရင်တုန်းက သုံးတဲ့ Memory ကဒ်အမျိုးအစားတွေပါ။ SD တွေကတော့ ခုနောက်ပိုင်း သုံးလာတဲ့အမျိုးအစားပါ။ အဲဒီ ကဒ်တွေထဲကို Data Organize လုပ်တဲ့ ပုံစံ ၂ မျိုးရှိပါတယ်။ တစ်မျိုးက File Handling Metond နဲ့ နောက်တစ်မျိုးက Sector Method ပါ။

File Handling ပုံစံကတော့ USB flash drive တွေအတွက်သုံးတဲ့ VDIP Module (ကျတော် တစ်ခါ ရေးဘူးပါတယ်) တွေမှာ သုံးတဲ့ပုံစံအတိုင်းပါပဲ။ File Create, Delete, Append နည်းစနစ်တွေပါပဲ။ PC software တွေနဲ့ အတူတူပါပဲ။

Sector Method ကတော့ sector အလိုက်ရေးပါတယ်။ sector တစ်ခုကို 512 bytes ပါပါတယ်။ sector နံပါတ်အလိုက် ရေးသွားတာပါပဲ။ ဥပမာ - sector နံပါတ် ၅၀ ကို 'E' အက္ခရာတွေအကုန်ဖြည့်မယ်ဆိုပါတော့။ ပြီးတော့ ပြန်ဖတ်မယ် ဆိုပါတော့ (MicroC ရဲ့ library ကို သုံးပြီးရေးမယ်ဆို အောက်ပါအတိုင်း ရေးရုံပါပဲ)
for(i = 0; i <= 511; i++) data [i] = 'E';
tmp = Sd_Write_Sector (50, data);
tmp = Sd_Read_Sector (50, data);

သုံးတဲ့ Protocol က SPI protocol ပါ။ (MMC, SD card တွေက SPI ပဲသုံးလေ့ ရှိကြပါတယ်)

Thursday, 29 April 2010

Inductive Power Transfer (IPT) or Wireless Power

Inductive Power Transfer (IPT) ဆိုတာကတော့ Induction coil ကို သုံးပြီး ထုတ်တဲ့နည်းပါပဲ။ Induction coil တစ်ခုနားကို တစ်ခု Metal body ကပ်လိုက်တဲ့အခါ ထွက်လာတဲ့ Power ကို ယူသုံးတာပါ။ ကျတော်တွေ့ဖူးတာကတော့ Panasonic Cordless phone တွေကို changing လုပ်တဲ့နေရာမှာ Wireless/ Plugless power charger အဖြစ်သုံးကြတယ်။ နောက်တစ်ခုက Smartstud System (Traffic Control system) တွေမှာ အများဆုံးသုံးပါတယ်။ အောက်မှာ Prototype လေး လုပ်ပြထားတာ ရှိပါတယ်။


Inductive Power Transfer (IPT) Prototype


Wireless Energy sample using IPT

Tuesday, 27 April 2010

UHF (Ultra High Frequency) RFID Readers

UHF RFID တွေကို Long and Wide range RFID application တွေအတွက် ရည်ရွယ်ပြီး သုံးလေ့ရှိပါတယ်။ Active Tag ကော Passive Tag ကော ၂ မျိုးလုံးရှိပါတယ်။ Passive Tag က ၂၀ မီတာ လောက်အထိ လှမ်းဖတ်လို့ရပြီးတော့ Active Tag က ၈၀ မီတာလောက်အထိ လှမ်းဖတ်လို့ ရပါတယ် (RFID Tags တွေအကြောင့်ကို ကျတော် အရင်က Post တစ်ခုအနေနဲ့ တင်ထားပြီးသားပါ) ။ သုံးတဲ့ Frequency ကတော့ 800 MHz to 1 GHz range ပါ။ သူက Antenna ကြီးပါတယ်။ ပုံမှာ ပြထားတဲ့ ကောင်ဆိုရင် 460 x 460 x 50 mm အထိရှိပါတယ်။ အဲ့ဒါကြောင့် Housing နဲ့ သပ်သပ် ထဲ့ပေးရပါတယ်။ သုံးလေ့ရှိတဲ့ နေရာတွေက Car parking, ERP လို နေရာကျယ်ပြန့်တဲ့ Space တွေမှာ သုံးလေ့ရှိကြပါတယ်။ သုံးလေ့ရှိတဲ့ RFID Tag အမျိုးအစားတွေကတော့ UHF EPC Gen2 Tag, UHF ISO180006B Tag (passive) တွေပါ။

UHF Reader Antenna


UHF RFID tag (Internal Antenna)

Friday, 9 April 2010

MC54-74HC4052 (Serial Data Shift Register)

MCU တစ်ခုမှာ Serial port မလောက်တော့တဲ့ အခြေအနေတွေ ဖြစ်ခဲ့ရင် သုံးတဲ့ အမျိုးအစားပါ။ Motorola က ထုတ်ပါတယ်။ ဒီ က Serial IO ၄ ခုကို တစ်လှည့်စီ Channel-select Input တွေကနေထိန်းပြီး တစ်ဖက် ရဲ့ Serial I/ O နဲ့ ချိန်ကိုက် အလုပ်လုပ်ပါတယ်။ သဘောက ရဲ့ Serial I/ O တစ်ခုတည်းကို အထွက် အ၀င်လုပ်ပြီး ဒီဘက်ကနေ Serial I/ O ကို 4 Channel အထိ ပွားယူလိုက်တဲ့သဘောပါ။ Serial Port ကို Multiplex လုပ်လိုက်တဲ့ သဘောပါပဲ။ အောက်မှာ IC pin description နဲ့ Function table ကို ပြထားပါတယ်။


Carlo Gavazzi EM21 72D (3-Phase Energy Meter)

ကျွန်တော် အခုသုံးနေတဲ့ E-Meter အမျိုးအစားပါ။ အီတလီက ထုတ်ပါတယ် (ဈေးလည်းကြီးပါတယ်)။ သူက သုံးရတာ အတော်အဆင်ပြေတယ်။ ကျတော့ Firmware ဘက်ကပြောတာပါ။ RS-232 port ကနေ command တွေပေးပြီး Data တွေကို လှမ်းဖတ်လို့ရပါတယ်။ ပြောချင်တာက Carlo Gavazzi က PLC ကိုအခြေခံထားပါတယ်။ သုံးတဲ့ Protocol က Modbus ပါ။ အဲ့ဒီတော့ သူ့အတွက် (Cyclic Redundancy Check) ကို တွက်ချက်ပြီး ထဲ့ပေးရတဲ့ ပြဿနာနဲ့ RS-485 ကို သုံးထားတဲ့အတွက် 485 IC တစ်ခု ပိုထဲ့ပေးရတဲ့ အလုပ်တွေပိုလာတယ်။ နောက် Enable အတွက် I/O pin တစ်ခု အပိုထပ်သုံးရတယ်။ ဒါပေမယ့် Data တွေက တိကျတယ်၊ Response မြန်တယ် ကျတော် အရင်သုံးနေတဲ့ Plogg ထက်စာရင်ပေါ့။

Monday, 22 March 2010

UTM (The Universal Transverse Mercator) Golbal Coordinate system

UTM (The Universal Transverse Mercator) ဆိုတာကတော့ GPS, LASER range finder တွေမှာသုံးလေ့ရှိပါတယ်။ GPS တွေက လောင်ဂျီကျု၊ လတ္တီကျု၊ ဂြိုလ်တုအရေအတွက်၊ အမြင့် တွေကိုပဲ ပြလေ့ရှိပါတယ်။ LASER range finder တွေအများစုက UTM ကိုပြပါတယ်။ ကွာခြားချက်က Longitude, Latitude က ကမ္ဘာလုံးပေါ်မှာ ဆွဲထားတဲ့အတွက် တစ်နေရာနဲ့ တစ်နေရာ အကွာအဝေးကို တွက်ချင်ယင် Curvature of World ကိုထဲ့တွက်နေရတယ်။ UTM ကတော့ 2 Dimension ပေါ်မှာ ဆွဲထားတဲ့အတွက် (မြေပုံတွေမှာ သုံးပါတယ်) တွက်ရချက်ရ လွယ်ကူပါတယ် (ကွန်ပါလေးနဲ့ ထောက်လိုက်ရုံပေါ့)။ အောက်မှာက UTM ရဲ့ Co-ordinate system ပုံပါ။



Wednesday, 10 March 2010

TLC5925 LED Driver

ဒီကောင်လေးက CPU Output port တွေ မလောက်တော့တဲ့အခါမှာ သုံးလေ့ရှိတာပါ။ အဓိကက LED တွေကို မောင်းဖို့အတွက်ဆိုပေမယ့် အခြား Digital I/O တွေကိုပါထုတ်ပေးလို့ရပါတယ်။ ပြဿနာက Current source ဖြစ်တဲ့အတွက် R-EXT value ကိုသေချာတွက်ပြီးမှ ထဲ့ရတဲ့ကွိုင်ပေါ့။ ဘာကြောင့်လည်းဆိုတော့ I/O တွေရဲ့ behavior (LED, CLK, C-Sel, ..) တွေမတူတဲ့အခါမျိုးမှာ resistant value တွက်ရခက်တဲ့အတွက်ပါ။ သူက 8 bit data ကို 1 bit ခြင်းတွန်းထုတ်ပေးရုံပါပဲ။ အဲဒီတော့ IC ကိုအလုပ်လုပ်စေဖို့ CLK အတွက် 1 pin ၊ SDI အတွက် 1 pin ပဲလိုပါတယ်။ အောက်မှာ Pin diagram နဲ့ Connection ပုံလေးတွေ ပြထားပါတယ်။


Sunday, 7 March 2010

Winradio (Software define radio receiver)

ဒီကောင်က ခုနောက်ပိုင်း ကျွန်တော်စတင်လေ့လာနေဆဲ ပစ္စည်းလေးပါ။ သူက မတူတဲ့ Radio Frequency Band တွေကို Hardware ပြောင်းစရာမလိုပဲနဲ့ ဖမ်းလို့ရပါတယ်။ နောက်ပြီး သူ့ရဲ့အားသာချက်က Radio Frequency တွေကို Monitor လုပ်လို့ရတာပါပဲ။ Program routine လေးတွေလည်း ရေးလို့ရတယ်။ တစ်ကယ်တော့ အလုပ်လုပ်ပုံက Spectrum Analyzer နဲ့ အတူတူပါပဲ။ Analyzer က Short range (RFID reader တွေအတွက် ကောင်းတယ်) မှာပဲ သုံးလို့ရပြီးတော့။ ဒီကောင်ကတော့ Long range အတွက်ပါ (RFID reader တွေအတွက်တော့ အဆင်မပြေနိုင်ပါ)။ ကျွန်တော် စမ်းနေတာက G305e Model ပါ။

Radio Frequency band တွေနဲ့ ပါတ်သတ်ပြီး ပြီးခဲ့တဲ့ Post မှာ ဇယားလေးနဲ့ ပြထားပါတယ်။

မူရင်း ၀က်ဘ်ဆိုက်ကတော့ - http://www.winradio.com/


Winradio (Receiver Hardware)


Winradio (User Interface)

Radio Frequency Bands

Radio Frequency Bands တွေပါ။ မေ့သွား၊ ပျောက်သွားမှာ စိုးလို့ တင်ထားလိုက်တာပါ။


Tuesday, 23 February 2010

GPS Module Interface Commands

GPS (Global Positioning System) ကတော့ လူတိုင်းကြားဖူး သိဖူးပီးသားပါ။ ပြောချင်တာက အဲ့ GPS Module တွေနဲ့ ဆက်သွယ် တဲ့အခါမှာ လိုအပ်တာလေးတွေပါ။ များသောအားဖြင့် Serial COM လေးနဲ့ပါပဲ။ Baud Rate ကတော့ နဲနဲ မြင့်တယ်လို့ပြောလို့ရတယ် ပုံမှန် GPRS, Modem နဲ့စာရင်ပေါ့။ သူက NMEA (National Marine Electronics Association) ဆိုတဲ့အဖွဲ့အစည်းက သုံးတဲ့ တွေပဲသုံးတယ်ဗျာ။ ဥပမာ - GGA ဆိုတဲ့ Command ကို ပေးလိုက်ရင် GPS ရဲ့ Data အားလုံးကို ပြန်ပေးတယ်။ Reply က အောက်မှာပြထားသလိုပေါ့။ Time, Latitude, Longitude, Altitude, .... တွေပါတယ်။

$GPGGA,123519,4807.038,N,01131.000,E,1,08,0.9,545.4,M,46.9,M,,*47

လင့်ခ်ကတော့ NMEA Data ။ အောက်ကပုံက လေးတစ်ခုရဲ့ပုံပါ။ Antenna တော့ ထပ်တပ်ရတယ်။ ပြီးတော့ အမိုးအောက်မှာဆိုရင် Data တွေကမမှန်ပါဘူး။