Showing posts with label Automation. Show all posts
Showing posts with label Automation. Show all posts

Monday, 29 December 2008

Double Head (Double Auger) Powder Filler

ပုံမှန် Powder Filler က Head တစ်ခုတည်းနဲ့ 2 Speed သုံးပြီး အမှုန့်တွေကို ဖြည့်လေ့ရှိတယ်။ First နဲ့ Second speed ပေါ့။ Normal speed နဲ့ Prelim speed လို့ ခေါ်တာပေါ့။ Double Head (Auger) ကျတော့ အဲဒီသဘောကိုပဲ Head နှစ်ခုခွဲလုပ်တာပါ။ Calculation နဲ့ Processing (speed change) time ကို ကျသွားအောင်လုပ်တာပေါ့။ ပထမ head က Normal speed ပဲဖြည့်တယ်။ ဒုတိယ head က Second speed နဲ့ဆက်ဖြည့်တာပါပဲ။ Container ၂ခုကို တစ်ပြိုင်နက်ဖြည့်တာပေါ့။ Conveyor (Assembly line) ပေါ်မှာအလုပ်လုပ်မှ အဆင်ပြေနိုင်ပါတယ်။



Friday, 31 October 2008

LDU ၏နောက်ဆက်တွဲ

LDU နဲ့ ပါတ်သတ်ပြီး ပြောစရာလေးတွေ ကျန်နေလို့ ဆက်ရေးတာပါ။ ပုံက LDU Wiring Diagram ပါ။ ပြောမှာက Weigher နဲ့ LDU ချိတ်မည့် ကိစ္စပါ။ ကျွန်တော့် အရင်သုံးထားတဲ့ LDU က 4 wire ပဲချိတ်စရာ လိုပါတယ်။ Exc+, Exc-, Sig+, Sig- တွေပေါ့။ နောက်အသစ်က 6 wire ချိတ်ရပါတယ်။ အမှန်က 6 wire ချိတ်ရတာပေါ့။ ဘာကြောင့် Sen+, Sen- ပိုပါလည်းဆိုတော့ Compensate လုပ်ဖို့အတွက်ပါ။ ပထမ LDU ရဲ့ Firmware မှာ Sen+/ - ကို checiking လုပ်ထားတာမပါပါဘူး။ နောက် LDU ကျတော့မပါမဖြစ်အောင် စစ်ထားတဲ့အတွက် Sen (2 wire) ထည့်ကို ထည့်ပေးရပါတယ်။ တစ်ကယ်လို့ Weigher မှာ 4 wire ပဲထွက်ရင်တော့ Exc+ နဲ့ - ကို loop ပြန်ပါတ် ထည့်ပေးလိုက် (short) ပါ။

အောက်ဆုံးက နောက်တစ်ပုံက LDU အဟောင်းနဲ့ ချိတ်ထားတဲ့ 4 wire ပုံပါ။ ညာဘက်က ကြိုးတွေက Power နဲ့ Rs-232C ကြိုးတွေပါ။

Thursday, 23 October 2008

Load Cell Degitizing Unit (LDU 78.1) for Weighting Machine

ဒီပစ္စည်းက Weighting Machine တွေမှာပဲ သုံးတဲ့ပစ္စည်းပါ။ ၁ x ၂ လက်မ ပတ်လည်ပဲ ရှိပါတယ်။ သူရဲ့လုပ်ငန်းကတော့ Weighter နဲ့ PLC or MCU ကြားမှာ အလေးချိန်ကို တွက်ချက် ဖေါ်ပြပေးတဲ့ အလုပ်ပါပဲ။ High Precision Measuremment Tool တစ်ခုပါ။ ကျွန်တော်သုံးတဲ့ Load Cell Unit က FLINTEC/ SOEMER ပါ။ Germany (EU) က ထုတ်ပါတယ်။ သူက RS-485 Communication ကိုပဲ လုပ်ပေးတာပါ။ ဒါပေမယ့် MCU နဲ့ သုံးတဲ့အခါမှာ RS-232 ကိုပဲ အလုပ်လုပ်တဲ့အတွက် converter (adaptor) တစ်ခုထပ်ထည့်ပေးရပါတယ်။ အဲဒီ Converter က ပုံမှာပြထားတဲ့ အစိမ်းရောင် အောက်ခံလေးပါ။ ပုံကိုကြည့်မယ်ဆိုရင် ဘယ်ဘက်ပိုင်းက Weighter နဲ့ ဆက်ရပြီးတော့ ညာဘက်ပိုင်းက Power supply, MCU/ PLC တွေနဲ့ ဆက်ရပါတယ်။ သူ့မှာ Firmware သပ်သပ်ပါတဲ့အတွက် command level communication လည်းလုပ်လို့ရပါတယ်။ PC's HyperTerminal ဒါမှမဟုတ် သူ့ရဲ့သက်ဆိုင်ရာ software (DOP program) ကိုသုံးရင်လည်း ရပါတယ်။