Showing posts with label OrCAD. Show all posts
Showing posts with label OrCAD. Show all posts

Wednesday, 19 March 2008

Electronics E-Books – 3 (Complete PCB design using OrCAD Capture & Layout)

OrCAD ကိုကျွန်တော် အစပဲသုံးတတ်တာ။ အဲဒါကြောင့်ဆက်မရေးဖြစ်တော့တာ။ ဟိုတလောက ဒီစာအုပ်လေးရလိုက်တယ်။ သူ့ထဲမှာ OrCAD နဲ့ PCB design ဆွဲပုံအဆင့်ဆင့်ကို သေသေချာချာရှင်းပြထားတာ တွေ့လိုက်တော့ ကျွန်တော်တင်ပေးလိုက်တာပါ။ အသုံးဝင်မယ်လို့တော့ထင်ပါတယ်။ ကျွန်တော်လည်း အဲဒါလေးဖတ်ပြီးဆက်လုပ်ရဦးမှာပါ။

Complete PCB design using OrCAD Capture & Layout

Monday, 23 July 2007

Schematic with OrCAD (1)

OrCAD နဲ့ Schematic ဆွဲတော့မယ်ဆိုရင် - ၁

OrCAD နဲ့ Circuit design စဆွဲတော့မယ်ဆိုရင် အရင်ဆုံး OrCAD Layoutထဲကိုဝင်ရပါတယ်။ အဲဒီမှာအခက်အခဲတွေ့နိုင်တာကတော့ License ပါ။ License file ကို OrCAD Installer CD ထဲကနေ Computer ထဲကို အရင်ဆုံးကူးထည့်ထားဖို့ လိုပါတယ်။ Layout ထဲကိုရောက်သွားရင် File Menu ထဲက New ထဲမှာ New Project ကိုရွေးရပါတယ်။ အဲဒီအခါမှာ Dialog Box လေးပေါ်လာပါလိမ့်မယ်။

Project Name ကိုပေး။ Schematic Option ကိုရွေး။ OK ကိုနှိပ်ပါ။

ဒီအခြေအနေရောက်ရင် Schematic စဆွဲလို့ရပါပြီ။ ဒါက Tool Bar ပါ။

Tools တွေကို ဘယ်ကနေညာအတိုင်း ကြည့်မယ်ဆိုရင်...

  1. Select
  2. Place part
  3. Place wire
  4. Place net alias
  5. Place Bus
  6. Place junction
  7. Place bus entry
  8. Place power
  9. Place ground
  10. ........
  11. ........
  12. ........

ဆိုပြီးတွေ့ရပါတယ်။

1. Select

ဒီ Tool ကတော့ ပြောစရာမလိုဘူးထင်ပါတယ်။

2. Place part

ဒါက Components တွေကို နေရာချတဲ့ Tool ပါ။ ရွေးလိုက်ရင် ဒီ လေးပေါ်လာမှာပါ။

ညာဘက်ဒေါင့်က Component ရဲ့ Preview ပါ။ ဒီ Circuit Design လေးကို ဆွဲကြည့်ပါ။

Wednesday, 18 July 2007

"Electronics" Designer

“အီလက်ထရွန်းနစ်ဒီဇိုင်နာ” ဆိုတာကတော့ အရောင်တွေအကြောင်း၊ Tone တွေအကြောင်း၊ Special Effect တွေအကြောင်းသိစရာမလိုပါဘူး။ ဒါပေမယ့် Electronics Components တွေအကြောင်းတော့သိဖို့လိုပါမယ်။ ပြီးတော့ ကိုလည်းကိုယ်တိုင် Circuit ဒီဇိုင်းထုတ်တတ်ရင်တော့ ပိုကောင်းပါတယ်။ Software ကတော့ OrCAD Software Package ကိုအများဆုံးအသုံးပြုကြပါတယ်။ Schematic, Layout, Simulation ဆိုပြီးအဆင့်ဆင့် တည်ဆောက် သွားခြင်းအားဖြင့် Electronics Circuit တစ်ခုကိုရပါတယ်။ PCB (Printed Circuit Board) လို့အတိုကောက် ခေါ်ပါတယ်။ OrCAD Software Pacakage မှာပါတဲ့ Software တွေကတော့ Capture, Layout, PSpice AD တို့ဖြစ်ပါတယ်။ အခြား Tools လေးတွေလည်းပါပါတယ်။ အသုံးပြုနည်းအဆင့်ဆင့်ကိုလည်း ဖေါ်ပြသွားပါမယ်။ ကျွန်တော်တို့ သုံးတာကတော့ OrCAD Version 10.0.0 ပါ။