Showing posts with label LabVIEW. Show all posts
Showing posts with label LabVIEW. Show all posts

Tuesday, 11 March 2008

LabView basic Tutorials

LabView programming ကိုအခြေခံကစပြီး လေ့လာချင်သူတွေအတွက်ပါ သူ့ရဲ့ Interfaces, Tools တွေကစပြီး Excel file Read/Write အထိကို အဆင့်ဆင့်ရှင်းလင်း သင်ကြားပေးထားတဲ့ Tutorial လေးတွေပါ။ ဒါပေမယ့် LabView 6.0 နဲ့ ရှင်းထားတာဖြစ်လို့ တစ်ချို့ Icon, Label လေးတွေမှာ အပြောင်းအလဲရှိပါတယ်။ ဒါပေမယ့် အားလုံးနီးပါးတော့တူပါတယ်။ တော်တော်အသုံးဝင်တဲ့ Tutorial လေးတွေပါ။

Tutorial (1)
Tutorial (2)
Tutorial (3)
Tutorial (4)
Tutorial (5)
Tutorial (6)
Tutorial (7)
Tutorial (8)
Tutorial (9)
Tutorial (10)

Sunday, 24 February 2008

Noise Filtering Program (Demo) with LabView

LabView နဲ့ DSP Signal Processing ရဲ့နမူနာလေးတည်ဆောက်ပုံပါ။ Program Flow ကတော့ Signal (Sine Wave)ကို Input အဖြစ်လက်ခံတယ် White Noise Signal နဲ့ရောတယ်။ နောက်အဲဒီ Signal ကို FIR filter နဲ့ Filtering ပြန်လုပ်တယ်။ နောက် Signal တွေထုတ်တယ်။ Input Signal ကတော့ Virtual ပေါ့။ DSP သဘောတရားတော့ နည်းနည်းနားလည်မှ ဒီဥပမာကို သိမှာပါ။ Signal Generator, White noise Components တွေက Clone တွေပါ။ ပြင်လို့မရနိုင်ပါဘူး။


Thursday, 21 February 2008

Programming With LabVIEW (3) (Creating and Using SubVI)

ဒီ LabVIEW အကြောင်းကို ကျွန်တော်ရပ်ထားခဲ့တာကြာပါပြီ။ LabVIEW က တစ်ခြား Programming Language တွေလိုပဲ Function တွေသုံးလို့ရပါတယ်။ ဒီမှာကျတော့ SubVI လို့ခေါ်ပါတယ်။ သူ့ကိုတည်ဆောက်ရတာ မခက်ပါဘူး။ ဒါပေမယ့် တစ်ချက်နှစ်ချက် လောက်တော့ သိဖို့လိုပါတယ်။

ပထမအဆင့်အနေနဲ့ ကိုယ်သုံးချင်တဲ့ VI ကိုတည်ဆောက်ရပါတယ်။ အဲဒါကပုံမှန် LabVIEW program ရေးတဲ့အတိုင်းပါပဲ။ အောက်မှာနမူနာအနေနဲ့ Fahrenheit ကနေ Celsius Degree ပြောင်းတဲ့ program လေးကိုပေးထားပါတယ်။

အဲလိုတည်ဆောက်လို့ပြီးသွားတဲ့အခါ အဲဒီ VI ကို SubVI အဖြစ်တစ်ခြား VI မှာထည့်သုံးလို့ရအောင် setting လုပ်ပေးရပါတယ်။ အဲဒါကတော့ ညာဘက်အပေါ်ဒေါင့်မှာ Icon လေးကို Right click လုပ်လိုက်ရင် Pattern ထဲမှာ အထက်က မှာပါတဲ့ Patterns ကိုရွေးရပါတယ်။ pattern ရွေးတဲ့နေရာမှာ ဘယ်၊ ညာ block နှစ်ခြမ်းရှိတဲ့ထဲက ဘယ်ဘက်က အခြမ်းက Input (Passed Value) ဖြစ်ပြီး၊ ညာဘက်က အခြမ်းက Output (Return) ဖြစ်ပါတယ်။ 1 Input, 1 Output ရှိတဲ့အတွက် တစ်ကွက်စီပဲဖြစ်နေတာပါ။ 2 Inputs ဆိုရင် ဘယ်ဘက်အခြမ်းမှာ ၂ ကွက်ဖြစ်ရပါမယ်။ ပုံမှန်က အဖြူရောင်တွေပါ။ ပြီးရင် Input Control ကိုရွေး ဘယ်ဘက်အကွက်ကို click လုပ်။ Output Indicator ကိုရွေး ညာဘက်အကွက်ကို click လုပ်ရင် အထက်မှာပါတဲ့အတိုင်း လိမ်မော်ရောင်လေးတွေ ဖြစ်လာမှာပါ။ အရောင်ကိစ္စကတော့ Integer ဆိုရင် အပြာရောင်၊ Float ဆိုရင် လိမ်မော်၊ Character ဆိုရင် အစိမ်း၊ String ဆိုရင် ပန်းရောင်ပါ။ Array ဆိုရင် line ထူပါတယ်။ Data Flow တွေကလည်း အဲဒီအရောင်တွေ အတိုင်းပါပဲ။ ပုံတွေမှာကြည့်လိုက်ပါ။

အဲဒီ SubVI ကိုအခြား VI မှာယူသုံးလိုက်တဲ့ ပုံတွေပါ။ C->F Icon လေးက SubVI ရဲ့ Icon ပါ။ ကျန်တာတွေကတော့ အရင်တစ်ခါရေးခဲ့သလို နေရာချ။ Flow line တွေလိုက်ဆက်ပေး။ ပြီးရင် လို့ရပါပြီ။ နောက်ထပ် Post တွေမှာ Tools, Instruments, Components တွေကိုနဲနဲခြင်းထည့်ပြောသွားပါမယ်။ အဓိကဖြစ်တတ်တဲ့ Error တွေကတော့ မတူတဲ့ Data Type အချင်းချင်း Data Flow ချိတ်မိတာပါပဲ။

Monday, 24 September 2007

G Programming with LabVIEW - (2)

LabVIEW Installation လုပ်တဲ့အခါမှာ လိုအပ်တဲ့ Setting လေးတွေအကြောင်းပါ။

တစ်ခုကတော့ ကြုံတွေ့နေကျဖြစ်တဲ့ Activation ကိစ္စပါ။ LabVIEW မှာ Crack ဆိုတဲ့ Folder ထဲမှာ Key-Gen ဆိုတဲ့ Program လေးပါပါတယ်။ သူ့ကိုအရင် Run ပြီးတော့ Serial Key ယူရပါတယ်။ ပြီးရင် License file ပါတစ်ခါတည်းထုတ်ပြီး save လုပ်ခဲ့ပါ။ LabVIEW Installation လုပ်ပြီးတဲ့အခါ National Instruments -> NI License Manager ကို run ပါ။ Option Menu ထဲက Install License File ထဲမှာ ခုန file ကို execute လုပ်လိုက်ရင် ရပါပြီ။ ဒီလိုမှမလုပ်ရင် ထုံးစံအတိုင်း Evolution period ၃၀ ရက်ပဲရပါလိမ့်မယ်။


နောက်တစ်ခုကတော့ Example တွေကိစ္စပါ။ LabVIEW မှာ Example တွေတော်တော်များများ ပါပါတယ်။ တစ်ခါတစ်လေမှာ အဲဒီ Example file တွေကို ဖွင့်လို့မရတဲ့ ပြဿနာပေါ်တတ်ပါတယ်။ အဲဒီအခါမှာ Control Panel -> Administrative Tools -> Services ထဲက NI Service Locator service ကို Stop ပြီး Start ပြန်လုပ်ပေးလိုက်ပါ။ ပြီးရင် LabVIEW ကို Restart လုပ်လိုက်ပါ။



Wednesday, 8 August 2007

G Programming with LabVIEW - (1)

LabVIEW (G programming) နဲ့ Program ရေးတဲ့အခါမှာ Front Panel နဲ့ Block Diagram ဆိုပြီး ၂ နေရာမှာ ရေးရပါတယ်။ Front Panel ဆိုတာက VB မှာ Form (User Interface) လိုဖြစ်ပြီး Block Diagram က VB မှာ Code (Logic) ပုံစံမျိုးဖြစ်ပါတယ်။ ဒီမှာတော့ စာမရေးရပဲ Logic Diagram (Icon), Flow line လေးတွေနဲ့ Program တည်ဆောက်ရပါတယ်။ အောက်မှာ ဥပမာလေးတစ်ခုပြထားပါတယ်။ Front Panel မှာ Controls Box က Component တွေကိုသုံးရပြီးတော့ Block Diagram မှာတော့ Functions Box က Component တွေကိုသုံးရပါတယ်။ Reference Manual နဲ့တွဲပြီးလေ့လာပါ။ လွယ်ပါတယ်။

Front Panel


Controls Box


Block Diagram

Functions Box

Run လိုက်ရင်ထွက်လာတဲ့ Screen Design ပါ။