ဒီ ဂိမ်းဆော့နေလို့ ပို့စ်တွေ ဆက်မတင်ဖြစ်တာပါ။
Showing posts with label Personal. Show all posts
Showing posts with label Personal. Show all posts
Tuesday, 27 January 2009
Tuesday, 23 September 2008
ဘာရယ်လို့တော့ မဟုတ်ပါဘူး .....
ဘာရယ်လို့တော့ မဟုတ်ပါဘူး .....
၁၉၉၆ သြဂုတ်လလောက်မှာ MIT (Mandalay Institute of Technology) ရောက်ရော။ ဒီဇင်ဘာလောက်မှာ ကျောင်းတွေပိတ်ရော။ နောက်ပီးပြန်လည်းဖွင့်ရော MTU (Mandalay Technology University) ဖြစ်သွားတယ်။ အဲဒီကနေစပီး ပျက်သွားလိုက်တာ GTC တွေဖြစ်။ ဘွဲ့ကလည်း B.E ကနေ GTI, B.Tech တွေဖြစ်နဲ့။ တစ်နှစ်ကို လူ ၁၀၀၀ (တစ်ထောင်) လောက်တောင် မခေါ်တဲ့ ကျောင်းကနေ ခုဆို တစ်နှစ်ကို ၁၀၀၀၀၀ (တစ်သိန်း) တောင်ကျော်သွားပြီထင်တယ်။ တစ်နိုင်ငံလုံးမှာ ၂ ကျောင်းပဲ ရှိခဲ့တာကနေ ခုဆို ၁၀ ကျောင်းတောင်ကျော်နေပြီ ထင်တယ်။ ကြားဘူးတာတော့ရှိတယ် “အရေအတွက်မှ အရည်အချင်းသို့” ဆိုလား ....

Thursday, 5 June 2008
ပြန်ရောက်လာပါပြီ . . .
ကျွန်တော် ပြန်ရောက်လာပါပြီ။ နောက်ပိုင်းမှာ Post အသစ်တွေထပ်တင်သွား ပါ့မယ်။ Post အများကြီးတင်စရာ ရှိပါတယ်။
Wednesday, 9 April 2008
Blog Posting လုပ်ခြင်းကို ခဏတာ ရပ်နားခြင်း
ကျွန်တော် ကမ္ဘာပေါ်မှာ www.Blogspot.com ကို Banned တဲ့ တစ်နိုင်ငံတည်းသော တိုင်းပြည်သို့ ၁၂. ၄. ၂၀၀၈ (စနေနေ့) မှစပြီး သွားတော့မှာ ဖြစ်လို့ Blog ကိစ္စများကို ခဏတာရပ်နားပါဦးမည်။
Monday, 25 February 2008
Very Bad News .....
ရတနာပုံဈေးက ကျွန်တော့်သူငယ်ချင်းတွေ၊ လုပ်ဖေါ်ကိုင်ဖက်တွေ ရှိနေသေးတဲ့နေရာကြီးပါ။ MICT park, SkyWalk Shopping Mall, MCC (Mdy), Offices, ... တွေရှိတဲ့နေရာပေါ့။ ကျွန်တော်ကိုယ်တိုင်လည်း အဲဒီနေရာမှာ အကြာကြီးနေခဲ့တာပဲ။ သံယောဇဉ်အရမ်းရှိပါတယ်။ အခုမီးလောင်သွားပြီတဲ့။ အရမ်းကို စိတ်မကောင်းဖြစ်မိပါတယ်။ အားလုံးကိုလည်းသနားတယ်၊ ၀မ်းနည်းတယ်ဗျာ။
Monday, 24 September 2007
Mandalay Winter
“အားမေ့” ကလည်း တက်ဂ်၊ ကိုယ်တိုင်ကလည်း ရေးချင်နေတော့ ရေးရပြီပေါ့။ ဒီ ပို့စ်က ကျွန်တော့ရဲ့ ပထမဆုံး Personal ပို့စ်ဖြစ်မှာပါ။ မန်းလေးမှာ ဆောင်းတွင်းက အရမ်းပျော်ဖို့ကောင်းပါတယ်။ ပွဲတွေလည်းများ။ ကွေးလို့လည်းကောင်းတာကိုး။ အရင်ကတော့ မန်းလေးတောင်ကို ဆောင်းတွင်းနံနက်တွေမှာ သူငယ်ချင်းတွေစုပြီး တက်ကြတယ်။ လူတွေလည်းအများကြီးပဲ။ အရမ်းပျော်ဖို့ကောင်းတယ်။ ပထမဆုံးရက်က တော်တော်အေးတယ်ဆိုပြီး အနွေးထည်ဝတ်ခဲ့တာ တောင်အလယ်လောက်မှာပဲ လွှင့်ပစ်ချင်စိတ်ပေါက်ခဲ့တာပေါ့။ တောင်တက်ရင်းနဲ့ ပူလာတာကိုး။ အဲဒီကပြန်ရင် တစ်ခုခုဝင်စား။ အလုပ်သွားဖို့ အချိန်လိုသေးတယ်ဆိုရင် ကျွန်တော်ကတော့ ပြန်အိပ်တာပဲ။ နောက် ကျုံးဘေးမှာဆို မနက်ကော ညကော လူအရမ်းစည်တာပဲ။ New Year Night ဆိုရင်ကျုံးဘေးမှာ သင်္ကြန်ကျသလိုကို စည်တာ။ အင်း ... မန်းလေးမှာဆိုရင် ဘယ်အချိန်မဆို ပျော်နေတာပါပဲလေ .....။
Subscribe to:
Posts (Atom)