Showing posts with label PIC. Show all posts
Showing posts with label PIC. Show all posts

Tuesday, 23 February 2010

GPS Module Interface Commands

GPS (Global Positioning System) ကတော့ လူတိုင်းကြားဖူး သိဖူးပီးသားပါ။ ပြောချင်တာက အဲ့ GPS Module တွေနဲ့ ဆက်သွယ် တဲ့အခါမှာ လိုအပ်တာလေးတွေပါ။ များသောအားဖြင့် Serial COM လေးနဲ့ပါပဲ။ Baud Rate ကတော့ နဲနဲ မြင့်တယ်လို့ပြောလို့ရတယ် ပုံမှန် GPRS, Modem နဲ့စာရင်ပေါ့။ သူက NMEA (National Marine Electronics Association) ဆိုတဲ့အဖွဲ့အစည်းက သုံးတဲ့ တွေပဲသုံးတယ်ဗျာ။ ဥပမာ - GGA ဆိုတဲ့ Command ကို ပေးလိုက်ရင် GPS ရဲ့ Data အားလုံးကို ပြန်ပေးတယ်။ Reply က အောက်မှာပြထားသလိုပေါ့။ Time, Latitude, Longitude, Altitude, .... တွေပါတယ်။

$GPGGA,123519,4807.038,N,01131.000,E,1,08,0.9,545.4,M,46.9,M,,*47

လင့်ခ်ကတော့ NMEA Data ။ အောက်ကပုံက လေးတစ်ခုရဲ့ပုံပါ။ Antenna တော့ ထပ်တပ်ရတယ်။ ပြီးတော့ အမိုးအောက်မှာဆိုရင် Data တွေကမမှန်ပါဘူး။

Friday, 19 February 2010

Graphic LCD

သာမန် Character display LCD တွေနဲ့ ကွာခြားတဲ့အချက်ကတော့ GLCD က Dot Matrix ပုံစံသွားပါတယ်။ ကျွန်တော်သုံးတာက Graphic LCD 128x64 Dot Matrix ပါ။ သူ့ပေါ်မှာ စာရေးတာပဲ ဖြစ်ဖြစ် ပုံဆွဲတာပဲဖြစ်ဖြစ် အဲ့ဒီ Dot Matrix ပုံစံနဲ့ သွားရပါတယ်။ အရှင်းဆုံးပြောရရင်တော့ Dot (pixel) လေးတွေကို ဆက်ပြီးတော့ ပုံဖေါ်လိုက်တာပါပဲ။ ကျန်တဲ့သဘောတရားတွေအကုန်လုံးက ပုံမှန် LCD module တွေနဲ့အတူတူပါပဲ။ ရေးချင်ရင် အနက်ရောင်လေးအုပ်၊ ဖျက်ချင်ရင် အဖြူရောင်လေး ပြန်အုပ် ဆိုတဲ့သဘောတွေပါပဲ။ ဒီကောင်လေးကို သုံးရင်းနဲ့ ဟိုးအရင် ၁၉၉၇ လောက်က Pascal programming မှာ Graphic mode နဲ့ DOS မှာ Windows, Buttons, Text boxes တွေရေးခဲ့တာလေးတွေကိုတောင် ပြန်သတိရမိတယ်။

Monday, 16 February 2009

RTC, Timer And External Oscillator

RTC နဲ့ TIMER တွေ အကြောင်းကို ကျွန်တော် ခဏခဏ ရေးလေ့ရှိပါတယ်။ အခုပြောပြချင်တာက RTC ကို Timer နဲ့ရေးတဲ့အခါ လိုအပ်တဲ့ လိုအပ်ချက်တွေပါ။ အများအားဖြင့် RTC သုံးချင်တဲ့အခါ External RTC chip ကိုသုံးလေ့ ရှိကြပါတယ်။ ဒါပေမယ့် Hardware overload ကိုလျှော့ချချင်တဲ့ အခါမှာဖြစ်ဖြစ်၊ Boom Price ကိုလျှော့ချင်တဲ့အခါမှာ ဖြစ်ဖြစ် RTC ကို routine ရေးပြီးသုံးကြပါတယ်။

အဲဒီအခါမှာ Timer တစ်ခုကို သုံးပြီး ရေးရပါတယ်။ အောက်မှာ RTC ရေးရတဲ့ Assembly source codeကို ပြထားပါတယ်။ C language အဖြစ်လည်း ပြောင်းပြီးရေးလို့ရပါတယ်။ ဒါပေမယ့် RTC routine အများစုကို Assembly ရေးလေ့ရှိပါတယ်။ Instruction cycle ကိုလျှော့ချချင်လို့ပါ။

အဲလို ရေးတဲ့အခါမှာ Timer ရဲ့ အချိန်ကို တိကျအောင် External Crystal (Oscillator) တစ်ခုကို ချိတ်ဆက်ပေးရပါတယ်။ အောက်မှာ ပြထားတာကတော့ Timer1 ကိုသုံးပြီးတော့ RTC routine ကိုရေးတဲ့အခါ လိုအပ်တဲ့ Crystal ချိတ်ဆက်ပေးရတဲ့ ပုံပါ။



Friday, 6 February 2009

PIC18F85J90 Plug-In Module

TQFP (Thin Quad Flat Pack) MCU တွေနဲ့ အလုပ်လုပ်တဲ့အခါ။ Mass production (standard PCB လုပ်ပြီးတဲ့အခါ) မှာတော့ သိပ်စဉ်းစားစရာ မလိုပေမယ့် R & D လုပ်တဲ့အခါမှာတော့ တစ်ချက်စဉ်းစားရပါတယ်။ အဲဒါက TQFP တွေက prototype PCB ပေါ်မှာ solder လုပ်ဖို့ အရမ်းခက်ခဲပါတယ်။ ရတယ်ထားဦး ကြာမယ်လေ။ အဲဒီတော့ သူ့အတွက် Daughter board (Plug-In Module) တွေရှာရပါတယ်။ အဲဒီ Module လေးတွေက Demo, Evolution Board တွေမှာတပ်သုံးတာပါ။ ရှိရင်တော့ အိုကေပါတယ်။ မရှိရင်တော့ prototype board မှာပဲရအောင် solder လုပ်ရမှာပေါ့။ ဒါကတော့ အလုပ်ကလေး တစ်ခုလုပ်ဖို့ ကျွန်တော့ အတွက်လိုအပ်တဲ့ PIC18F85J90 PIM ပါ။ သူက I/ O pin တွေကို နောက်ကျောမှာ ထုတ်ပေးထားတဲ့အတွက် ကျန်တဲ့ Device တွေနဲ့ I/ O pin တွေကနေတစ်ဆင့် ဆက်ပေးရုံပါပဲ။ ဒီ Module ကတော့ LCD Interface အတွက်အဓိကပါ။

သတိထားရမှာက Interface တစ်ခုချင်းစီအတွက် အဓိကထားပြီး PIM တွေက ရှိတတ်ပါတယ်။ ၀ယ်ရင်တော့ သေချာစစ်ပြီးမှ ၀ယ်သုံးပါ။

7 Segment LED Vs 7 Segment LCD

7 Segment LED နဲ့ 7 Segment LCD ရဲ့ ကွာခြားချက်ကို ပြောချင်လို့ပါ။

7 Segment LED Module က LED base ဖြစ်တဲ့အတွက် General I/O တွေသုံးပြီး Display လုပ်လို့ရပါတယ်။ Multliplex လည်းလုပ်လို့ရပါတယ်။

LCD မှာတော့ ပြဿနာနဲနဲရှိပါတယ်။ LCD မှာ Dynamic နဲ့ Static ဆိုပြီး LCD ၂ မျိုးရှိပါတယ်။ Static ကတော့ LED နဲ့ခပ်ဆင်ဆင်ပါ။ ရိုးရိုး General I/O နဲ့အလုပ်
လုပ်လို့ရပါတယ်။ ဒါပေမယ့် ဈေးကြီးပါတယ်။ Dynamic ကတော့ Oscillate လုပ်ပေးမှ Display ဆက်တိုက်ပေါ်ပါတယ်။ နို့မို့ဆို Dim ဖြစ်ပြီး တဖြည်းဖြည်းပျောက်သွားမှာပါ။ အဲဒါကြောင့် Dynamic LCD နဲ့ software ရေးတဲ့အခါ သုံးတဲ့ MCU ကိုသတိထားရွေးပါ။ LCD support လုပ်တဲ့ MCU ကိုရွေးချယ်ရပါတယ်။ ဥပမာ - PIC ဆိုရင် PIC16F91X, PIC18F85J90 series တွေက LCD အတွက် support လုပ်ပါတယ်။

ရှိပြီးသား LCD Module (အောက်ကပုံ) တွေကိုသုံးရင်တော့ အပေါ်ကကိစ္စတွေ ထည့်စဉ်းစားစရာ မလိုပါဘူး။

Friday, 26 December 2008

TX Level & RX Gain related to NOISE

ကျွန်တော် ဒုက္ခရောက်ခဲ့တဲ့ အတွေ့အကြုံလေးတစ်ခုပါ။ Modem data communication Project လေးတစ်ခုကို ရေးတုန်းက Terminal နှစ်ခုကို Single Tone Dual Frequency (V.21 300bps FSK High band, Bell 103 300bps FSK High band, V.23 FSK 75bps, Bell 202 FSK Protocols) နဲ့ပို့တော့ နဲ့ Tx Level & Rx Gain တွေကို steps ရွေးလို့ရအောင်ရေးတာပေါ့။ အဲဒီမှာ ပြဿနာက Transmit ပိုင်းမှာတော့ အိုကေပဲ။ Receive ပိုင်းကျတော့ Noise တွေဝင်လာပါလေရော။ ကျွန်တော်က Tx level နဲ့ Rx gain တွေကို ချိန်တဲ့နေရှာမှာ step တစ်မျိုးရွေးလိုက်တာနဲ့ ၂ ခုလုံး Set ဖြစ်သွားအောင် ရေးထားလိုက်တယ်။ တစ်ကယ်တော့ Tx level > Rx gain ဖြစ်ရမယ်လေ။ နို့မို့ဆို Noise တွေကိုပါ Rx ဘက်က Amplify လုပ်လိုက်တော့ garbage data အများကြီး ထွက်လာတာပေါ့လေ။ Software Protocol ဘက်ကနေ အမျိုးမျိုး Filter လုပ်တယ်။ မရဘူး။ နောက်ဆုံး Rx gain ကို လျှော့ချပြီး လွှင့်ကြည့်မှ အိုကေသွားတယ်။ Try in Error လုပ်လိုက်တာပါ။ Theory တွေကို မပိုင်ခဲ့တဲ့ ဆိုးကျိုးပေါ့ဗျာ။

Monday, 22 December 2008

DTMF (Dual Tone Multi Frequency) (Part - 1)

DTMF Key Pad လေးတွေကို လူတိုင်းသုံးဘူးကြမှာပါ။ ကျွန်တော်ပြောချင်တာက အဲဒီ DTMF ရဲ့ Encoding and Decoding အကြောင်းတွေပါ။

DTMF ဆိုတာက ကျွန်တော်ဟိုအရင်ကရေးဘူးတဲ့ PWM နဲ့ယှဉ်ပြောရမယ်ဆိုရင် PWM က Single Tone အတွက် Dual Frequency ပါ။ ဥပမာ 1 အတွက် 2 KHz Frequency နဲ့ 0 အတွက်က 1.5 KHz Frequency ဆိုပါစို့။ DTMF ကျတော့ 0 အတွက် 941, 1633 Hz ထုတ်ပြီးတော့ 1 အတွက် 697, 1209 Hz ထုတ်တာပါ။ 2, 3, 4, 5, 6, 7, 8, 9, A, B, C, D, E, F တွေအတွက်လည်း Tone pair တွေရှိပါတယ်။ သဘောကတော့ A (0x65) ဆိုတဲ့ character ကို transmit လုပ်ဖို့အတွက် PWM က 0110 0101 = 2000, 1500, 2000, .... Hz တွေထုတ်ရပြီးတော့ DTMF ကတော့ 6 5 = 770-1477, 770-1336 Hz တွေ ထုတ်ရတဲ့သဘောပါ။ သဘောကတော့ PWM နဲ့ဆိုရင် 8-bit အတွက် ၈ ခါပို့ရပြီးတော့ DTMF နဲ့ဆိုရင် 8-bit အတွက် ၂ ခါပဲ ပို့ရတဲ့သဘောပါ။

DTMF ရဲ့အားသာချက်က Noise အလွန်နည်းပြီးတော့ Security အလွန်ကောင်းပါတယ်။ အားနည်းချက်ကတော့ DTMF start-up time ကြာတာပါပဲ။ သူ့ရဲ့ Tone pair (frequency pair) တွေနဲ့ Key တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ ဇယားတွေကို အောက်မှာပြထားပါတယ်။ ဒါတွေက တစ်ကမ္ဘာလုံးက သုံးနေတဲ့ DTMF tone တွေပါ။

ကျွန်တော်အခုသုံးတဲ့ CMX865 မှာတော့ start-up time က ကြာ
ပါတယ် one key အတွက် 40 ms အနည်းဆုံးပါ။ ကျွန်တော်လိုချင်တဲ့ 200 Baud မရနိုင်တဲ့အတွက် DTMF ကိုမသုံးနိုင်ပါဘူး။ Single tone ကိုပဲ သုံးလိုက်ပါတယ်။ Noise အတွက်တော့ Software/ Hardware Filter တွေထပ်ခံရမယ်ထင်တယ်။ ပြီးတော့ Digital & Analogue ground ကိုခွဲရပါလိမ့်မယ်။




Monday, 20 October 2008

PIC18F4420 Timer Module (8 bit/ 16 bit)

Timer တွေနဲ့ပါတ်သတ်တဲ့ ပို့စ်တွေတော့ တင်ဘူးပါတယ်။ ခုရေးမှာက Datasheet တွေမှာပါတဲ့ Block Diagram ကိုဖတ်ပြီး Timer ရဲ့အလုပ်လုပ်ပုံကို လေ့လာတဲ့ သဘောပါ။ အောက်မှာ ကျွန်တော်ပြထားတာက 8 bit နဲ့ 16 bit Timer ရဲ့ Diagram တွေပါ။
ထုံးစံအတိုင်း ဘယ်ကနေ ညာကို စဖတ်မယ်ဆိုရင် -
၁။ Timer ရဲ့ speed က Oscillator (External) ရဲ့ ၄ ပုံတစ်ပုံ ရှိပါတယ်။ အဲဒါကို Timer interrupt နဲ့ တစ်ပြိုင်နက် ON ပါတယ်။ Interrupt က Pin (Hardware) ဒါမှမဟုတ် Software interrupt ရှိပါမယ်။
၂။ Prescaler သုံးရင် Prescaler အတွက် Ratio ထည့်တွက်ပါတယ်။
၃။ Internal clock က Timer interval အတွက် သုံးပါတယ်။ သုံးတဲ့ Register ကတော့ datasheet ကနေ ထပ်လေ့လာရပါတယ်။
၎။ TM0L က Tick တန်ဖိုးတစ်ခုပါ။ Tick ပေါင်း 00 FF (256) အထိရပါတယ်။ 8 bit ဖြစ်နေလို့ပါ။ TM0H မှာကြည့်လိုက်ရင် 16 bit ရတဲ့အတွက် FF FF (65535) tick အထိ ထည့်ပေးလို့ရပါတယ်။ ပိုပြီး interval ရှည်လို့ရတဲ့ သဘောပေါ့။
ဒါက PIC18F4420 MCU အတွက်သုံးတဲ့ Timer Routine ပါ။
အထက်က အဆင့်တွေအတိုင်း ရေးရင် Timer sub routine ကိုရမှာပါ။ ရေးတာကတော့ compiler ပေါ်မူတည်ပြီး လွယ်တာ ခက်တာတော့ ရှိပါလိမ့်မယ်။



Thursday, 4 September 2008

Electronics E-Books Series (1)

အရင်ကတော့ တစ်ချို့တစ်ဝက်တွေကို တင်ထားပါသေးတယ်။ Electronic နဲ့ပါတ်သတ်တဲ့ စာအုပ်တွေပါပဲ။ လင့်ခ်တွေ သေကုန်လို့ စာရင်းတွေ ပြန်တင်ပေးလိုက်တာပါ။ ထုံးစံအတိုင်း အီးမေးလ်ကနေပဲ ပို့ပေးပါမယ်။ စီဘောက်စ်မှာ တောင်းခဲ့ကြပါ။

Monday, 25 August 2008

PIC Microcontrollers Projects Samples

PIC Microcontroller တွေနဲ့ပါတ်သတ်တဲ့ နမူနာ Project ကလေးတွေပါတဲ့ Website လေးပါ။ Source COde, Hardware Assembly တွေပါထည့်ရေးထားလို့ အဆင်ပြေမှာပါ။

http://www.micro-examples.com