Showing posts with label General. Show all posts
Showing posts with label General. Show all posts

Thursday, 1 July 2010

4x4 Metrix Keypad

Matrix Keypad (4x4, 3x4, 3x3 ) တွေကို နေရာစုံမှာ သုံးကြပါတယ်။ ဖုန်း တွေရဲ့ တွေ အဖြစ်၊ တွေရဲ့ တွေအဖြစ် သုံးကြပါတယ်။ ခုပြောချင်တာက ဒီကောင်လေးရဲ့ တည်ဆောက်ပုံနဲ့ Matrix Keypad ရဲ့ သဘောတရားပါ။ ရိုးရိုးလေး တွေးကြည့်လိုက်ရင် 16 Keys (4x4) ကို scan လုပ်ဖို့အတွက် Input pin ၁၆ ခု လိုပါတယ်။ Input (whole 8 bits port) တွေ အဲ့လောက်အများကြီး မသုံးနိုင်တော့တဲ့အခါ Software controlled matrix Keypad ကို သုံးကြပါတယ်။

အောက်က ပုံတွေမှာ Schematic ကော Keypad ပုံစံတွေပါ ပြထားပါတယ်။ Software controlled logic ကတော့ ..
၁။ ၄ လိုင်းစီ (4 Outputs and 4 Inputs) ထားပါ။ Row, Column ကြိုက်သလို ထားလို့ရပါတယ်။
၂။ Output ၁ လိုင်းစီကနေ logic (High/ Low) ပေးပါ။ ၁ လိုင်းပေးတိုင်း Input 4 lines လုံးကို scan ပါ။ ၁ လိုင်းမိတာနဲ့ ထွက်ပစ်လိုက်ပါ။
ဥပမာ - Output 1 and Input 1 ဆိုရင် Row 1, Col 1 ဆိုတော့ “Key 1"။
Output 2 and Input 3 ဆိုရင် Row 2, Col 3 ဆိုတော့ “Key 6"။ အဲလိုနည်းစနစ်နဲ့ ရေးသွားပါတယ်။
၃။ Key Bonce ကို ဖြောက်ချင်ယင်တော့ ၂ ခါပြန် scan လုပ်ပြီး တူတယ်ဆိုမှ အဲ့ဒီ Key ကို ယူပါ။ အောက်မှာ နမူနာ source code ထဲ့ပေးထားပါတယ်။


#include //Include file for 8051
#define keyport P2 //keypad connected to P2
#define col1 P2_0 //column 1
#define col2 P2_1 //column 2
#define col3 P2_2 //column 3
#define col4 P2_3 //column 4
#define TRUE 1 //some defines
#define FALSE 0

/*
+---------------------------------------+
| Prototype: void key_init(void); |
| Return Type: void |
| Arguments: None |
| Description: Initialize ports and |
| Keypad. |
+---------------------------------------+
*/
void key_init(){
keyport &=0x0F; //make Rows as o/p and cols are i/p
}

/*
+-----------------------------------------------+
| Prototype: unsigned char get_key(void); |
| Return Type: unsigned char |
| Arguments: None |
| Description: To read key from the keypad |
+-----------------------------------------------+
*/
unsigned char get_key(){
unsigned char i,k,key=0;
k=1;
for(i=0;i<4;i++){>
keyport &=~(0x80>>i); //to make rows low 1 by 1
if(!col1){ //check if key1 is pressed
key = k+0; //set key number
while(!col1); //wait for release
return key; //return key number
}
if(!col2){ //check if key2 is pressed
key = k+1; //set key number
while(!col2); //wait for release
return key; //return key number
}
if(!col3){ //check if key3 is pressed
key = k+2; //set key number
while(!col3); //wait for release
return key; //return key number
}
if(!col4){ //check if key4 is pressed
key = k+3; //set key number
while(!col4); //wait for release
return key; //return key number
}
k+=4; //next row key number
keyport |= 0x80>>i; //make the row high again
}
return FALSE; //return false if no key pressed
}

Tuesday, 22 June 2010

MMC (Multi Media Card), SD (Secure Digital) card များနှင့် Sector Read/ Write Method

MMC တွေကတော့ ဟိုးအရင်တုန်းက သုံးတဲ့ Memory ကဒ်အမျိုးအစားတွေပါ။ SD တွေကတော့ ခုနောက်ပိုင်း သုံးလာတဲ့အမျိုးအစားပါ။ အဲဒီ ကဒ်တွေထဲကို Data Organize လုပ်တဲ့ ပုံစံ ၂ မျိုးရှိပါတယ်။ တစ်မျိုးက File Handling Metond နဲ့ နောက်တစ်မျိုးက Sector Method ပါ။

File Handling ပုံစံကတော့ USB flash drive တွေအတွက်သုံးတဲ့ VDIP Module (ကျတော် တစ်ခါ ရေးဘူးပါတယ်) တွေမှာ သုံးတဲ့ပုံစံအတိုင်းပါပဲ။ File Create, Delete, Append နည်းစနစ်တွေပါပဲ။ PC software တွေနဲ့ အတူတူပါပဲ။

Sector Method ကတော့ sector အလိုက်ရေးပါတယ်။ sector တစ်ခုကို 512 bytes ပါပါတယ်။ sector နံပါတ်အလိုက် ရေးသွားတာပါပဲ။ ဥပမာ - sector နံပါတ် ၅၀ ကို 'E' အက္ခရာတွေအကုန်ဖြည့်မယ်ဆိုပါတော့။ ပြီးတော့ ပြန်ဖတ်မယ် ဆိုပါတော့ (MicroC ရဲ့ library ကို သုံးပြီးရေးမယ်ဆို အောက်ပါအတိုင်း ရေးရုံပါပဲ)
for(i = 0; i <= 511; i++) data [i] = 'E';
tmp = Sd_Write_Sector (50, data);
tmp = Sd_Read_Sector (50, data);

သုံးတဲ့ Protocol က SPI protocol ပါ။ (MMC, SD card တွေက SPI ပဲသုံးလေ့ ရှိကြပါတယ်)

Wednesday, 10 March 2010

TLC5925 LED Driver

ဒီကောင်လေးက CPU Output port တွေ မလောက်တော့တဲ့အခါမှာ သုံးလေ့ရှိတာပါ။ အဓိကက LED တွေကို မောင်းဖို့အတွက်ဆိုပေမယ့် အခြား Digital I/O တွေကိုပါထုတ်ပေးလို့ရပါတယ်။ ပြဿနာက Current source ဖြစ်တဲ့အတွက် R-EXT value ကိုသေချာတွက်ပြီးမှ ထဲ့ရတဲ့ကွိုင်ပေါ့။ ဘာကြောင့်လည်းဆိုတော့ I/O တွေရဲ့ behavior (LED, CLK, C-Sel, ..) တွေမတူတဲ့အခါမျိုးမှာ resistant value တွက်ရခက်တဲ့အတွက်ပါ။ သူက 8 bit data ကို 1 bit ခြင်းတွန်းထုတ်ပေးရုံပါပဲ။ အဲဒီတော့ IC ကိုအလုပ်လုပ်စေဖို့ CLK အတွက် 1 pin ၊ SDI အတွက် 1 pin ပဲလိုပါတယ်။ အောက်မှာ Pin diagram နဲ့ Connection ပုံလေးတွေ ပြထားပါတယ်။


Sunday, 7 March 2010

Winradio (Software define radio receiver)

ဒီကောင်က ခုနောက်ပိုင်း ကျွန်တော်စတင်လေ့လာနေဆဲ ပစ္စည်းလေးပါ။ သူက မတူတဲ့ Radio Frequency Band တွေကို Hardware ပြောင်းစရာမလိုပဲနဲ့ ဖမ်းလို့ရပါတယ်။ နောက်ပြီး သူ့ရဲ့အားသာချက်က Radio Frequency တွေကို Monitor လုပ်လို့ရတာပါပဲ။ Program routine လေးတွေလည်း ရေးလို့ရတယ်။ တစ်ကယ်တော့ အလုပ်လုပ်ပုံက Spectrum Analyzer နဲ့ အတူတူပါပဲ။ Analyzer က Short range (RFID reader တွေအတွက် ကောင်းတယ်) မှာပဲ သုံးလို့ရပြီးတော့။ ဒီကောင်ကတော့ Long range အတွက်ပါ (RFID reader တွေအတွက်တော့ အဆင်မပြေနိုင်ပါ)။ ကျွန်တော် စမ်းနေတာက G305e Model ပါ။

Radio Frequency band တွေနဲ့ ပါတ်သတ်ပြီး ပြီးခဲ့တဲ့ Post မှာ ဇယားလေးနဲ့ ပြထားပါတယ်။

မူရင်း ၀က်ဘ်ဆိုက်ကတော့ - http://www.winradio.com/


Winradio (Receiver Hardware)


Winradio (User Interface)

Tuesday, 23 February 2010

GPS Module Interface Commands

GPS (Global Positioning System) ကတော့ လူတိုင်းကြားဖူး သိဖူးပီးသားပါ။ ပြောချင်တာက အဲ့ GPS Module တွေနဲ့ ဆက်သွယ် တဲ့အခါမှာ လိုအပ်တာလေးတွေပါ။ များသောအားဖြင့် Serial COM လေးနဲ့ပါပဲ။ Baud Rate ကတော့ နဲနဲ မြင့်တယ်လို့ပြောလို့ရတယ် ပုံမှန် GPRS, Modem နဲ့စာရင်ပေါ့။ သူက NMEA (National Marine Electronics Association) ဆိုတဲ့အဖွဲ့အစည်းက သုံးတဲ့ တွေပဲသုံးတယ်ဗျာ။ ဥပမာ - GGA ဆိုတဲ့ Command ကို ပေးလိုက်ရင် GPS ရဲ့ Data အားလုံးကို ပြန်ပေးတယ်။ Reply က အောက်မှာပြထားသလိုပေါ့။ Time, Latitude, Longitude, Altitude, .... တွေပါတယ်။

$GPGGA,123519,4807.038,N,01131.000,E,1,08,0.9,545.4,M,46.9,M,,*47

လင့်ခ်ကတော့ NMEA Data ။ အောက်ကပုံက လေးတစ်ခုရဲ့ပုံပါ။ Antenna တော့ ထပ်တပ်ရတယ်။ ပြီးတော့ အမိုးအောက်မှာဆိုရင် Data တွေကမမှန်ပါဘူး။

Thursday, 18 February 2010

Multi-Chip and Single Chip solutions

Embedded Application တွေကို Mass production ထုတ်လုပ်တဲ့အခါမှာ Single Chip solution ကို သုံးကြပါတယ်။ သဘောတရားကတော့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်း ၂ခုကို Chip တစ်ခုထဲမှာ ပေါင်းပြီးထဲ့လိုက်တဲ့သဘောပါ။

ဥပမာ - Freescale က Energy meter ကိုထုတ်တဲ့နေရာမှာ အရင်က 2 Chip solution ကို သုံးပါတယ်။ E-Meter အတွက် ADC နဲ့ဆိုင်တဲ့ Chip တစ်လုံးနဲ့ Data collection, calculation, user interface တွေအတွက် MCU တစ်လုံးကို ခွဲပြီးသုံးပါတယ်။ သဘောကတော့ သူတို့အရင် ရှိပြီးသား IC တွေကို ယူသုံးလိုက်တဲ့သဘောပါ။ R & D အဆင့်လောက်ပေါ့။ နောက်ပိုင်းကျတော့ ခုန E-meter အဆင်ပြေသွားတဲ့ အခါ အဲ့ ၂ လုံးကို ပေါင်းလိုက်ပြီးတော့ Chip တစ်ခုတည်းမှာ Embedded ထဲ့လိုက်တယ်။ Single chip solution ကိုပြောင်းပစ်လိုက်တယ်။

အားသာချက်က ဈေးသက်သာသွားတယ်၊ နေရာပိုထွက်လာတယ်၊ power consumption ကျသွားတယ်။ လိုအပ်ချက်က Mass production ထုတ်မှအဆင်ပြေတယ်။ အောက်ကပုံကတော့ Multi chip and single chip solution ကို ယှဉ်ပြထားတဲ့ပုံပါ။ ဒီစကားအသုံးအနှုန်းက သပ်သပ် အလုပ်လုပ်နိုင်နေတဲ့ Chip ၂ လုံးကို တစ်လုံးတည်းမှာ ပေါင်းပြီး သုံးတဲ့အခါမှာ ပြောလေ့ရှိကြပါတယ်။

Tuesday, 16 February 2010

Felica (Sony) Card, Mifare ISO14443 A, B, C and CEPAS protocol

Singapore ရဲ့ public ကား၊ ရထားတွေမှာ ပိုက်ဆံပေးတဲ့စံနစ်မှာသုံးတဲ့ EZlink card အသစ် (၂၀၀၉ စက်တင်ဘာမှ အပြီးလဲပေးထားတဲ့ကဒ်) အမျိုးအစားပါ။ ထုတ်လုပ်တဲ့ ကုန်ပနီက Sony ပါ။ အဲ့ဒါကြောင့် အဲဒီကဒ်ကို ဖတ်တဲ့အခါ -

၁။ Sony ကထုတ်တဲ့ Protocol (Felica) ကိုအသုံးပြုပြီး ဖတ်ရပါတယ်။
၂။ ဒါပေမယ့် ကဒ်အမျိုးအစားက Mifare (B) or ISO 14443 B ပါ။ သဘောက Mifare B ကဒ်အမျိုးအစားဖတ်နိုင်တဲ့ Reader တွေနဲ့ပဲ ရပါလိမ့်မယ်။
၃။ CEPAS (Contactless ePurse Applications) ဆိုတာက Encryption method ပါ။ ဟက်ခ် လုပ်ပိုင်ခွင့်မရှိပါ။

အဲဒီတော့ ကျတော်တို့က အဲ့ဒီကဒ်ကို သုံးပြီး အလုပ်လုပ်တဲ့ System တစ်ခုဖန်တီးတဲ့အခါ အဲဒီကဒ်ရဲ့ နံပါတ်ကိုပဲ ဖတ်လို့ရပါတယ်။ EZlink ကဒ်တွေပေါ်မှာ ရေးထားတယ် နံပါတ် ၁၆ လုံးပေါ့။ အထဲက တန်ဖိုးတွေကို ပြင်ခွင့်မရှိပါ။

EZlink ကဒ်ကို ဖတ်လို့ရတဲ့ Reader တွေ အများကြီးရှိပါတယ်။ မှတ်ရမှာက Felica, ISO14443 A,B,C (C ကပါချင်မှပါပါ) ဆိုတဲ့စာလေးတွေ ပါမှ အဲဒီကဒ်ကို ဖတ်လို့ရတယ်လို့ သတ်မှတ်ရပါမယ်။
Sony (Felica) Card တည်ဆောက်ထားပုံFelica Card Reader တစ်မျိုး

Uni-directional And Bi-directional Energy Meter

Uni-directional energy meter ကတော့ ကမ္ဘာမှာ (အထူးသဖြင့် တရုတ်ပြည်မှာ) အသုံးများပြီးသား ပါ။ ရှင်းပါတယ် ကိုယ်သုံးသလောက် ကိုယ်ရှင်းပေါ့။ သာမန်မီတာတွေနဲ့ ကွာခြားချက်က တစ်လုံးချင်းကို လိုက်ဖတ်နေစရာမလိုပဲ Group လိုက်ကို (wireless နည်းပညာတစ်ခုခု သုံးပြီး) လိုက်ဖတ်သွားတဲ့ Digital Meter အမျိုးအစားပါ။ Bi-directional engery meter ကအနောက်နိုင်ငံတွေက စတင်ပြီး ခေတ်စားနေတဲ့ စတိုင်လ်ပေါ့ဗျာ။

သဘောတရားက Solar panel, Wind turbine တွေကို အိမ်တွေမှာတပ်ထားတယ် (တစ်အိမ်လုံးပေါ့ဗျာ)။ နေ့ပိုင်းဆိုရင် electricity အသုံးနဲတဲ့အတွက် (ရုံးသွားကြတာများသကိုး) အဲ့ဒီ solar, wind တွေက ရတဲ့ စွမ်းအင်ကို အစိုးရ၊ ကုန်ပနီ တွေကို ပြန်ရောင်းတယ် (Main power grids နဲ့ တိုက်ရိုက် ချိတ်ဆက်ထားလေ့ရှိတယ်)။ ညပိုင်းကျတော့ အဲ့ဒီ grids တွေကနေ electricity ပြန်ဆွဲတယ်။ သဘောက 2 ways ပေါ့ (အရောင်းနဲ့ အ၀ယ်)။

Bi-directional E-meter (ပုံစံက uni နဲ့ အတူတူပါပဲ)

နောက်ပိုင်း solar, wind စတဲ့ renewable energy တွေကို တစ်နိုင်တစ်ပိုင် သုံးလာကြရင် bi-directional energy meter တွေခေတ်စားလာလိမ့်မယ် လို့ယူဆရကြောင်းပါ။ စလုံးအနေနဲ့ ဖြစ်နိုင်ခြေအတော်နဲပါတယ်။ ထိုစွမ်းအင်တွေ ပေါများစွာရနိုင်သော ကျွန်တော်တို့ နိုင်ငံမှာ (ဘယ်တော့မှန်းမသိသော) တစ်ချိန်ချိန်မှာ ခေတ်စားလာလိမ့်မယ်၊ အောင်မြင်လာလိမ့်မယ်လို့ မျှော်လင့်ရကြောင်းပါ။


Friday, 6 February 2009

Short Notes (3)

(1) Electrical အင်ဂျင်နီယာ အများစုက Power နဲ့ Ground ကြားက Volt ကိုတိုင်းလေ့ရှိပြီး၊ Electronic အင်ဂျင်နီယာ အများစုက Reference နဲ့ Ground ကြားက Volt ကိုတိုင်းလေ့ရှိပါတယ်။ သဘောကတော့ P - G က Power ရောက်မရောက်အတွက်ဖြစ်ပြီးတော့ R - G ကြားကတော့ Signal ရောက်မရောက်ကို တိုင်းတာပါ။ တစ်ချို့ ပစ္စည်းတွေ (ဥပမာ Sensor တွေက ပါဝါရောက်သော်လည်း Signal မထွက်တာ ဖြစ်နိုင်ပါတယ်)။ အဲဒါကြောင့် ၂ မျိုးလုံးတိုင်းပြီးမှ ကောက်ချက်ချပါ။

Tuesday, 27 January 2009

Command and Conqure Rad Alert (3)


ဒီ ဂိမ်းဆော့နေလို့ ပို့စ်တွေ ဆက်မတင်ဖြစ်တာပါ။

Tuesday, 20 January 2009

Digital Photography Dummies E-Books (Uploaded DUMMIES E-Books - 4)


ဓာတ်ပုံ ၀ါသနာရှင်များအတွက် ရှိနေတဲ့ Digital Photography စာအုပ်တွေ တင်ပေးလိုက်တာပါ။

1. Digital Art Photography for Dummies
2. Digital Videos for Dummies

3. Digital Photography for Dummies

Part1, Part2,
Part3, Part4, Part5, Part6, Part7, Part8

Monday, 24 September 2007

Mandalay Winter

“အားမေ့” ကလည်း တက်ဂ်၊ ကိုယ်တိုင်ကလည်း ရေးချင်နေတော့ ရေးရပြီပေါ့။ ဒီ ပို့စ်က ကျွန်တော့ရဲ့ ပထမဆုံး Personal ပို့စ်ဖြစ်မှာပါ။ မန်းလေးမှာ ဆောင်းတွင်းက အရမ်းပျော်ဖို့ကောင်းပါတယ်။ ပွဲတွေလည်းများ။ ကွေးလို့လည်းကောင်းတာကိုး။ အရင်ကတော့ မန်းလေးတောင်ကို ဆောင်းတွင်းနံနက်တွေမှာ သူငယ်ချင်းတွေစုပြီး တက်ကြတယ်။ လူတွေလည်းအများကြီးပဲ။ အရမ်းပျော်ဖို့ကောင်းတယ်။ ပထမဆုံးရက်က တော်တော်အေးတယ်ဆိုပြီး အနွေးထည်ဝတ်ခဲ့တာ တောင်အလယ်လောက်မှာပဲ လွှင့်ပစ်ချင်စိတ်ပေါက်ခဲ့တာပေါ့။ တောင်တက်ရင်းနဲ့ ပူလာတာကိုး။ အဲဒီကပြန်ရင် တစ်ခုခုဝင်စား။ အလုပ်သွားဖို့ အချိန်လိုသေးတယ်ဆိုရင် ကျွန်တော်ကတော့ ပြန်အိပ်တာပဲ။ နောက် ကျုံးဘေးမှာဆို မနက်ကော ညကော လူအရမ်းစည်တာပဲ။ New Year Night ဆိုရင်ကျုံးဘေးမှာ သင်္ကြန်ကျသလိုကို စည်တာ။ အင်း ... မန်းလေးမှာဆိုရင် ဘယ်အချိန်မဆို ပျော်နေတာပါပဲလေ .....။

The Most Favourite FIVE posts

“နှစ်ကူး” ကတော့ Tag ထားတာကြာပါပြီ။ မအားလို့ မရေးဖြစ်တာပါ။ အကြိုက်ဆုံး ၅ ခုကတော့ . . .
၁။ LabVIEW ဒါက အခုလတ်တလောမှာ ကျွန်တော်လေ့လာနေတဲ့ Programming Language အသစ်ပါ။ ဆက်ပြီးလေ့လာရင်းနဲ့ သိသမျှလေးတွေတင်သွားဦးမှာပါ။
၂။ Kailed Image Converter ကတော့ DOS Platform/ Non DOS Platform မှာ ပုံလေးတွေတင်လို့ရလို့ပါ။ ကျွန်တော်တို့ Pascal/ C နဲ့ Program တွေစရေးတုန်းက အဲဒီလို ပုံလေးတွေထည့်ချင်ခဲ့တယ်လေ။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ မသိခဲ့တာပါ။
၃။ နောက်တစ်ခုက RAID ပါ။ ကျွန်တော် ဘာမှမသိပဲ စာအုပ်ဖတ်ပြီး ရမ်းလုပ်တာ ရသွားလို့ပါ။ အမှတ်တရပေါ့။
၎။ RS232 Posts တွေကတော့ အမြဲတမ်းသုံးနေရတယ်လေ။ ဒါကြောင့် ဘယ်တော့မှ မမေ့ဘူး။
၅။ နောက်ဆုံးတစ်ခုက OrCAD ကျွန်တော်ဆက်မလေ့လာဖြစ်သေးတဲ့ Designing Software ပါ။ Electronics Major ကျောင်းသားတိုင်း လေ့လာထားသင့်တဲ့ Software မို့ပါ။