Monday, 10 September 2007

Application Software with GameBoy

Electronics မှာ Software ကို အပိုင်း၂ ပိုင်းခွဲထားပါတယ်။ Embedded SW နဲ့ Application SW ဆိုပြီးခွဲတာပါ။ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ Embedded က Microprocessor ရဲ့ Software ပိုင်းဖြစ်ပြီးတော့ Application က user interface ပိုင်း ဖြစ်ပါတယ်။ GUI (Graphical User Interface) ကိုသုံးပြီးရေးရပါတယ်။ CLI (Command Line Interface) ကိုသုံးပြီးတော့ ရေးတာကိုတော့ Embedded SW လို့ပဲ ပြောလေ့ရှိကြပါတယ်။ GameBoy က GUI ကိုသုံးပြီးရေးရတာ ဖြစ်တဲ့အတွက် Application လို့ပြောကြပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ Project က GameBoy ကိုအခြေခံပြီး Microprocessor ကနေတဆင့် Data communication နဲ့ လုပ်ပြီးတော့ GameBoy မှာ Data storage နဲ့ Display လုပ်ရတဲ့ program တွေကို ရေးရတာပါ။ အောက်မှာပြထားတာက GameBoy ရဲ့ diaplay ကို Emulator SW နဲ့ ဖေါ်ပြထားတာပါ။ Emulator SW က GameBoy အစား software နဲ့ GameBoy application ကိုစစ်ဆေးတဲ့ Software လေးပါ။ Download ကိုတော့ အောက်မှာပေးထားတဲ့ Link ကနေလုပ်ယူလို့ရပါတယ်။

Download Emulator Software

Nitendo GameBoy က နေရာတကာမှာ ၀ယ်လို့ရတဲ့အတွက် ကိုယ်တိုင်လည်း Software ကိုတကယ် စမ်းသပ် ရေးကြည့်လို့ ရပါတယ်။

No comments:

Post a Comment