Tuesday, 19 February 2008

Classification of USB Chips and Microcontrollers

USD (Universal Serial Bus) တွေကို ကျယ်ကျယ်ပြန့်ပြန့်သုံးလာတာ ၁၀ နှစ်ကျော်လောက်ရှိပါပြီ။ USB တွေကိုအသုံးပြုနေပေမယ့် တစ်ခြား Port (COM, LPT) တွေကိုအခုထိဘာကြောင့် သုံးနေရသလဲဆိုတော့ Machine တွေနဲ့ချိတ်ဆက်တဲ့နေရာမှာ COM, LPT တွေက USB ထက်ပိုပြီး အဆင်ပြေနေသေးတာကြောင့်ပါ။ ဈေးကွက်မှာ USB Chip တွေကို အသုံးပြုတဲ့ပုံစံပေါ်မူတည်ပြီး Category အမျိုးမျိုးခွဲခြားထားပါတယ်။
  1. Microcontrollers with built-in USB interface
  2. Microcontrollers with USB Emulated program
  3. USB converters or USB bridges
  4. Hub Controllers
  5. Host Controllers
  6. Dual role controllers, OTG (On-The-Go)
  7. USB Transceivers, USB Switches

တွေလို့ခွဲခြားထားပါတယ်။

1. Microcontrollers with built-in USB interfaceသူက MCU ထဲမှာ ပါပြီးသားဖြစ်တဲ့အတွက် အခြား Chip တွေထက်ပိုမြန်ပါတယ်။ Full-Speed ရတယ်လို့ပြောလို့ရပါတယ်။ ကျန်တဲ့ Chip တွေက အခုလောက်မမြန်ပါဘူး။ ဒါပေမယ့် ဈေးကြီးတယ်၊ Customise လုပ်လို့မရဘူး။


2. Microcontrollers with USB Emulated programသူက USB ကို Software နဲ့ထိန်းချုပ်လို့ရအောင် သက်ဆိုင်တဲ့ Register တွေ၊ Bufferတွေ ထည့်ပေးထားပါတယ်။ ပထမတစ်မျိုးထက်နှေးပါတယ်။ Controller Software ကိုရေးပေးဖို့လိုပါတယ်။ Driver သဘောမျိုးပေါ့။ ရေးရတဲ့ Software ကတော့ခက်ပါတယ်။

3. USB converters or USB bridges

ဒီမှာ အမျိုးအစားတွေထပ်ခွဲလို့ရပါတယ်။

- USB to Serial (COM) bridge

- USB to Parallel (LPT) bridge

- USB to Synchronous (I2C, SPI, JTAG)

- USB to Multimedia (IDE, Flash Disk, CD Drive)

တွေပါ။

Software ရေးရတာက ဒုတိယတစ်ခုထက်စာရင်လွယ်ပါတယ်။ Library တွေလုပ်ထားပြီး ထပ်ခါတလဲလဲ သုံးလို့ရပါတယ်။ ကြားခံအနေနဲ့ Converter တစ်မျိုးမျိုးတော့လိုတာပေါ့။ အသုံးအများဆုံး Chip ပါ။ ကျွန်တော်အခုသုံးနေတာက ဒီလိုမျိုးပုံစံနဲ့ပါ။ အရင် Post တွေမှာလည်းပါဘူးပါတယ်။ Library (Source Code) တွေကိုလည်းထပ်တင်ပေးပါ့မယ်။

4. Hub Controllers
USB port အများကြီးကို port တစ်ခုထဲမှာပေါင်းပေးတဲ့ Chip ပါ။ ရေးထားတဲ့ Software တွေက Hard-Code တွေဖြစ်ပြီး ပြင်လို့မရနိုင်ပါဘူး။ External Peripheral Device တွေအနေနဲ့ တွေ့ရလေ့ရှိပါတယ်။

5. Host Controllers
PC Motherboard တွေမှာသုံးပါတယ်။ PCI-USB, PCI-E-USB အစရှိသဖြင့် သုံးပါတယ်။ Host to Host Controller လို့လည်းပြောကြပါတယ်။ အဓိကအသုံးပြုလေ့ရှိတဲ့နေရာက 2 PC ကို USB port နဲ့ချိတ်တဲ့နေရာမှာ သုံးပါတယ်။

6. Dual role controllers, OTG (On-The-Go)
သူက Master or Slave device တွေအဖြစ်သုံးလို့ရပါတယ်။ Phillip Company က ထုတ်ခဲ့တဲ့ ပါ။

7. USB Transceivers, USB Switches
Additional Devices ဖြစ်ပါတယ်။ Over-Voltage protection တွေအတွက်သုံးလေ့ရှိပါတယ်။

No comments:

Post a Comment