Monday, 18 February 2008

SolidWorks Basics - Video Tutorial (1)

KPZ ဆိုတဲ့ညီမလေးရဲ့ (ကျွန်တော့်ထက်ငယ်လိမ့်မယ် ထင်လို့ပါ) ဘလော့ဂ်ကို ဖတ်ပြီးတော့ အကြံရလာလို့ပါ။ ဒီ Software ကစိတ်ဝင်စားစရာကောင်းပါတယ်။ သူက တွေအတွက် အဓိကထုတ်ထားတယ် ဆိုပေမယ့် အခြားလုပ်ငန်းတွေမှာလည်း သုံးပါတယ်။ ဆွဲပုံအဆင့်ဆင့်တွေကို မြန်မာလိုပြန်ရေးရင် အရမ်းရှည်မှာစိုးလို့ Video Tutorial လေးတွေပေးလိုက်တာပါ။ အလွန်ရိုးရှင်းပါတယ်။ Download လုပ်ပြီး ကြည့်ရင်ကို နားလည်နိုင်ပါတယ်။ ကျွန်တော်က AutoCAD ကိုမတတ်ပါဘူး။ ဒါပေမယ့် SolidWorks က 3D base Software ဆိုတော့စိတ်ဝင်စားလို့ လေ့လာပြီး လုပ်ကြည့်ထားတာပါ။ ကျွန်တော့်အလုပ်က Testing Machine Box/ Panel လေးတစ်ခုကို ဆွဲကြည့်ထားတာပါ။ အောက်မှာပေးထားတဲ့ Video Tutorial လေးတွေကို ကြည့်ပြီး လုပ်ကြည့်ထားတာပါ။

Basic - အခြေခံလေးတွေကိုရှင်းပြထားတာပါ နမူနာ လေ့ကျင့်ခန်းလေးတစ်ခုပါပါတယ်။

Interface – SolidWorks Setting လေးတွေကို ရှင်းပြထားတာပါ။

Tangent Arc - အခုံးပါတဲ့ အစိတ်အပိုင်းလေးတွေဆွဲတာပါ။

More on Extrusion - အဆင့်ဆင့် ထုထည်လုပ်ပုံလေးတွေပါ။

Sample hole - Surface တွေပေါ်မှာ အပေါက်ဖောက်တွေဖောက်ပုံကို ရှင်းထားတာပါ။

ဒါပေမယ့် အစိတ်အပိုင်းတွေကို Assembly လုပ်ဖို့တော့ လိုပါလိမ့်မယ်။ အဲဒီအပိုင်းကို Post တစ်ခုအနေနဲ့ သပ်သပ်တင်ပါ့မယ်။ Mechinical Drawing ရဲ့ အခြေခံတွေကို မသိလို့ Technical Terms လေးတွေ အသုံးအနှုံးလေးတွေမှားနေရင် ခွင့်လွှတ်ပါ။

No comments:

Post a Comment