Wednesday, 13 February 2008

Hexa Code <-> Assembly Code <-> C Code

ဒီ Post ကတော့ နဲနဲမျက်စိလည်မယ်ထင်ပါတယ်။ ကျွန်တော်ကြုံခဲ့ရတဲ့ အဖြစ်အပျက်လေးပါ။ Software တစ်ခုပေါ့ အဲဒါကကျွန်တော့ဆီမှာရှိတဲ့ နောက်ဆုံးဆိုတဲ့ Source Code ကလည်း နောက်ဆုံးဟုတ်မဟုတ် မသေချာတဲ့အခါမှာ Microprocessor ထဲကနေ Hexa Codes ကိုပြန်ယူ။ Assembly Code ပြောင်း နောက် C Code ကိုပြန်ပြောင်း နောက်ပြီး C Code ကိုပြင် ပြီးတော့မှ Microprocessor ထဲကိုပြန်ပြီး Download လုပ်လိုက်ရတဲ့ အခြေအနေပါ။ Hex Code ကိုဖတ်တဲ့နေရာမှာ ဥပမာပြောရရင် 02 04 65 53 က Assembly ဆိုရင် LJMP 0465H ANL ပါ C ဆိုရင် #include “GBA.h”။ တစ်ကယ်တော့ Function Call ပါပဲ။ ဒါပေမယ့်အဲဒါ အသေမဟုတ်ပါဘူး။ Complier Type ပေါ်မူတည်ပြီး Code Conversion ပြောင်းလဲမှုရှိပါတယ်။ နမူနာ Program တစ်ခုကိုအရင်ပြောင်းကြည့်ပြီးမှ တစ်ကယ်ကိုလုပ်မည့် Software ကိုပြောင်းမှ အဆင်ပြေမှာပါ။ မှန်ဖို့ရာခိုင်နှုန်း အလွန်းနည်းပါတယ်။ မရနိုင်ဘူးလို့ပြောတာ ပိုကောင်းပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း မသေချာလို့ တစ်ခြားနည်းပြောင်းသုံးရပါတယ်။

2 comments:

  1. Reverse Engineering လုပ်တာလို့ထင်ပါတယ်။ ကျွန်တော်လဲ ဟိုတုန်းက စိတ်ဝင်စားဘူးပါတယ်။ Decompiler တွေ စုထားဘူးပါတယ်။ C , DELPHI, JAVA, VB ၄ မျိုးအတွက် ရှိပါတယ်။ သေချာတော့မလုပ်ဘူးပါဘူး။ ကိုမိုးရော ဘယ် tools တွေ သုံးပါသလဲခင်ဗျာ။

    ReplyDelete
  2. ကျွန်တော်က C Compiler ပဲသုံးပါတယ်။

    ReplyDelete