Monday, 24 September 2007

G Programming with LabVIEW - (2)

LabVIEW Installation လုပ်တဲ့အခါမှာ လိုအပ်တဲ့ Setting လေးတွေအကြောင်းပါ။

တစ်ခုကတော့ ကြုံတွေ့နေကျဖြစ်တဲ့ Activation ကိစ္စပါ။ LabVIEW မှာ Crack ဆိုတဲ့ Folder ထဲမှာ Key-Gen ဆိုတဲ့ Program လေးပါပါတယ်။ သူ့ကိုအရင် Run ပြီးတော့ Serial Key ယူရပါတယ်။ ပြီးရင် License file ပါတစ်ခါတည်းထုတ်ပြီး save လုပ်ခဲ့ပါ။ LabVIEW Installation လုပ်ပြီးတဲ့အခါ National Instruments -> NI License Manager ကို run ပါ။ Option Menu ထဲက Install License File ထဲမှာ ခုန file ကို execute လုပ်လိုက်ရင် ရပါပြီ။ ဒီလိုမှမလုပ်ရင် ထုံးစံအတိုင်း Evolution period ၃၀ ရက်ပဲရပါလိမ့်မယ်။


နောက်တစ်ခုကတော့ Example တွေကိစ္စပါ။ LabVIEW မှာ Example တွေတော်တော်များများ ပါပါတယ်။ တစ်ခါတစ်လေမှာ အဲဒီ Example file တွေကို ဖွင့်လို့မရတဲ့ ပြဿနာပေါ်တတ်ပါတယ်။ အဲဒီအခါမှာ Control Panel -> Administrative Tools -> Services ထဲက NI Service Locator service ကို Stop ပြီး Start ပြန်လုပ်ပေးလိုက်ပါ။ ပြီးရင် LabVIEW ကို Restart လုပ်လိုက်ပါ။



Mandalay Winter

“အားမေ့” ကလည်း တက်ဂ်၊ ကိုယ်တိုင်ကလည်း ရေးချင်နေတော့ ရေးရပြီပေါ့။ ဒီ ပို့စ်က ကျွန်တော့ရဲ့ ပထမဆုံး Personal ပို့စ်ဖြစ်မှာပါ။ မန်းလေးမှာ ဆောင်းတွင်းက အရမ်းပျော်ဖို့ကောင်းပါတယ်။ ပွဲတွေလည်းများ။ ကွေးလို့လည်းကောင်းတာကိုး။ အရင်ကတော့ မန်းလေးတောင်ကို ဆောင်းတွင်းနံနက်တွေမှာ သူငယ်ချင်းတွေစုပြီး တက်ကြတယ်။ လူတွေလည်းအများကြီးပဲ။ အရမ်းပျော်ဖို့ကောင်းတယ်။ ပထမဆုံးရက်က တော်တော်အေးတယ်ဆိုပြီး အနွေးထည်ဝတ်ခဲ့တာ တောင်အလယ်လောက်မှာပဲ လွှင့်ပစ်ချင်စိတ်ပေါက်ခဲ့တာပေါ့။ တောင်တက်ရင်းနဲ့ ပူလာတာကိုး။ အဲဒီကပြန်ရင် တစ်ခုခုဝင်စား။ အလုပ်သွားဖို့ အချိန်လိုသေးတယ်ဆိုရင် ကျွန်တော်ကတော့ ပြန်အိပ်တာပဲ။ နောက် ကျုံးဘေးမှာဆို မနက်ကော ညကော လူအရမ်းစည်တာပဲ။ New Year Night ဆိုရင်ကျုံးဘေးမှာ သင်္ကြန်ကျသလိုကို စည်တာ။ အင်း ... မန်းလေးမှာဆိုရင် ဘယ်အချိန်မဆို ပျော်နေတာပါပဲလေ .....။

The Most Favourite FIVE posts

“နှစ်ကူး” ကတော့ Tag ထားတာကြာပါပြီ။ မအားလို့ မရေးဖြစ်တာပါ။ အကြိုက်ဆုံး ၅ ခုကတော့ . . .
၁။ LabVIEW ဒါက အခုလတ်တလောမှာ ကျွန်တော်လေ့လာနေတဲ့ Programming Language အသစ်ပါ။ ဆက်ပြီးလေ့လာရင်းနဲ့ သိသမျှလေးတွေတင်သွားဦးမှာပါ။
၂။ Kailed Image Converter ကတော့ DOS Platform/ Non DOS Platform မှာ ပုံလေးတွေတင်လို့ရလို့ပါ။ ကျွန်တော်တို့ Pascal/ C နဲ့ Program တွေစရေးတုန်းက အဲဒီလို ပုံလေးတွေထည့်ချင်ခဲ့တယ်လေ။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ မသိခဲ့တာပါ။
၃။ နောက်တစ်ခုက RAID ပါ။ ကျွန်တော် ဘာမှမသိပဲ စာအုပ်ဖတ်ပြီး ရမ်းလုပ်တာ ရသွားလို့ပါ။ အမှတ်တရပေါ့။
၎။ RS232 Posts တွေကတော့ အမြဲတမ်းသုံးနေရတယ်လေ။ ဒါကြောင့် ဘယ်တော့မှ မမေ့ဘူး။
၅။ နောက်ဆုံးတစ်ခုက OrCAD ကျွန်တော်ဆက်မလေ့လာဖြစ်သေးတဲ့ Designing Software ပါ။ Electronics Major ကျောင်းသားတိုင်း လေ့လာထားသင့်တဲ့ Software မို့ပါ။

Monday, 17 September 2007

Microcontroller & Peripheral Devices

Microcontroller တွေမှာ အခြားသော peripheral device တွေနဲ့ချိတ်ဆက်တဲ့အခါ Protocol တွေသုံးရပါတယ်။ UART, SPI, I2C, FIFO ဆိုပြီး Protocol အမျိုးမျိုးရှိပါတယ်။ အဲဒီထဲမှာ အသုံးအများဆုံးက SPI ပါ။ ဘာလို့သုံးရသလဲဆိုတော့ communicate လုပ်ရတာလွယ်လို့ပါ။ standard လည်းနည်းလို့ပါ။ Peripheral Device တွေကတော့ ...
- Converters (ADC, DAC)
- Memories (EEPROM, Flash)
- Real Time Clock (RTC)
- Sensors (Temperature, Pressure)
- Others (Signalmixer, Potentiometer, UART, CAN controller, USB devices, Amplifier)
.... တွေပါပဲ။
SPI ဆိုတာ Serial Peripheral Interface သူ့မှာ Master နဲ့ Slave ဆိုပြီးရှိပါတယ်။ Microprocessor ကအမြဲတမ်း Master ဖြစ်ပြီး peripheral တွေက Slave ပါ။ 4 Channels သုံးရပါတယ်။ SCLK (Slave Clock), MOSI (Master Out Slave In), MISO (Master In Slave Out), SS (Slave Select) တွေပါ။ အောက်ကပုံက Master & Slaves ချိတ်ဆက်တဲ့ပုံပါ။ Slave က တစ်ခုတည်းလည်းရှိနိုင်ပါတယ်။

Mode မှာ ၄ ခုရှိပါတယ်။ Mode 0, 1, 2, 3 တွေပါ။ CPOL (Clock Polarity) နဲ့ CPHA (Clock Phase) ပေါ်မှာမူတည်ပြီး Mode ကွဲပြားပါတယ်။ Operation အစမှာ Clock က Low ဆိုရင် CPOL=0 ပါ။ High ဆိုရင် CPOL=1 ပါ။ နောက်ပြီး Data bit က Clock ရဲ့ Falling Edge မှာ Sampling လုပ်တယ်ဆိုရင် CPHA=0 ဖြစ်ပြီး Raising Edge မှာ Sampling လုပ်တယ်ဆိုရင် CPHA=1 ပါ။ အောက်မှာ Mode တွေခြားနားပုံကိုပြထားပါတယ်။

အခုလို အတိုကောက် ခွဲမှတ်လို့ရပါတယ်။
SPI Mode CPOL CPHA

0 0 0
1 0 1
2 1 0
3 1 1

Default Mode က 0 ပါ။ ဒါမှမဟုတ် သက်ဆိုင်တဲ့ Device က သတ်မှတ်ထားတဲ့ Mode ရှိနေမှာပါ။ Software မှာ Mode ကို ထည့်သွင်းစဉ်းစားစရာ မလိုပါဘူး။

MSB = Most Significant Bit ရှေ့ဆုံး Data bit
LSB = Last Significant Bit နောက်ဆုံး Data bit

Tuesday, 11 September 2007

ADC (Analog to Digital Converter)

Software ကနေ Volt/ Current Values တွေကို တိုက်ရိုက်ဖတ်လို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ Volt/ Current က Analog Signal ဖြစ်ပြီးတော့ Microprocessor တွေက Digital ဖြစ်နေလို့ပါ။ အဲဒီအခြေအနေမှာ ADC (Analog to Digital Converter) ကိုသုံးရပါတယ်။ သူ့ရဲ့အလုပ်လုပ်ပုံက ရှင်းပါတယ်။ Analog Signal တွေကို Digital Signal ပြောင်းပေးတာပါပဲ။ Data တွေထုတ်တဲ့အခါ Binary နဲ့ Two Compliment's Binary ဆိုပြီး Data ပုံစံ ၂ မျိုးနဲ့ထုတ်လို့ရပါတယ်။ အောက်ကပုံကတော့ ADC Chip ရဲ့ပုံပါ။

Testing Serial Communication with Hyper Terminal

Computer နဲ့ တခြား Electronics Machine တွေနဲ့ဆက်သွယ်တဲ့ နေရာမှာ အဓိကအသုံးပြုတဲ့ Port က COM port ပါ။ နောက်ပိုင်းမှာတော့ USB port တွေကို သုံးလာကြပါတယ်။ ဒါပေမယ့် COM မှာ UART ဆိုတဲ့ ကိုယ်ပိုင် Protocol တစ်ခုရှိတဲ့အတွက် သူ့ကိုအသုံးများတာပါ။ အဲဒီ Ports နဲ့ Computer ကို အဆက်အသွယ်ရ၊ မရ ကတော့ Hyper Terminal ဆိုတဲ့ Windows မှာပါတဲ့ Build-in Software နဲ့ စစ်ဆေးလို့ရပါတယ်။ အဆင့်ဆင့်ကိုတော့ အောက်မှာဖေါ်ပြထားပါတယ်။ Hyper Terminal က ASCII Code တွေပဲ ပို့/ လက်ခံလို့ရတဲ့အတွက် Extended Commands တွေပဲ Test လုပ်လို့ရပါတယ်။ ပြီးတော့ Byte-by-Byte ပဲ ပို့လို့ရပါတယ်။ တစ်ချို့ Device တွေက Short Command တွေသုံးတဲ့အခါမှာ ပြဿနာရှိလာပါတယ်။ အဲဒီအခါမှာ တစ်ခြား Tester Software တစ်ခုကိုအသုံးပြုရမှာပါ။ လတ်တလော ကျွန်တော်သုံးနေတာကတော့ COMPORT ဆိုတဲ့ Software လေးပါ။ Internet ကနေ Download လုပ်လို့ရပါတယ်။ တစ်ခြား Software တွေလည်းအများကြီးပါ။ အဲဒီ Tester လေးတွေက size အရမ်းသေးပေမယ့် အလွန်အသုံးဝင်တဲ့ Software လေးတွေပါ။ Test လုပ်တဲ့အခါမှာ သက်ဆိုင်ရာ Device ရဲ့ Firmware Manual မှာပါတဲ့ Command တွေကိုအရင်လေ့လာပြီးမှ စမ်းသပ်ပါ။ CLI ပဲရတာပါ။

1. ပထမဆုံး Start -> Programs -> Accessories -> Communications -> "Hyper Terminal" ကိုဖွင့်ပါ။

2. Connection Description dialog box ထဲမှာ Name တစ်ခုပေးပြီး OK button ကိုနှိပ်ပါ။

3. Connect to dialog ထဲမှာ Connect Using မှာ COM1, COM2, ... ကိုရွေးပါ။ တပ်ထားတဲ့ port ကိုရွေးပေးပါ။ OK button ကိုနှိပ်ပါ။

4. COM1 properties မှာတော့ Bit per second (Baud rate), Data bits, Parity, Stop bit, Flow Control တွေကို ရွေးပေးပါ။ အခုပြထားတာက default setting ပါ။ baud rate ကအရေးကြီးပါတယ်။ အဲဒါမတူရင် အလုပ်မလုပ်ပါဘူး။ OK button ကိုနှိပ်ပါ။

5. test1 Hyper Terminal window ပေါ်လာရင် command တွေရိုက်လို့ရပြီး response တွေကြည့်လို့ရပါပြီ။

6. တကယ်လို့ response တွေမပေါ်ရင် disconnect အရင်လုပ် File -> properties ထဲက Settings ထဲမှာ ASCII properties ကိုဝင် echo characters ကို check လုပ်ပေးလိုက်ပါ။

Monday, 10 September 2007

Application Software with GameBoy

Electronics မှာ Software ကို အပိုင်း၂ ပိုင်းခွဲထားပါတယ်။ Embedded SW နဲ့ Application SW ဆိုပြီးခွဲတာပါ။ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ Embedded က Microprocessor ရဲ့ Software ပိုင်းဖြစ်ပြီးတော့ Application က user interface ပိုင်း ဖြစ်ပါတယ်။ GUI (Graphical User Interface) ကိုသုံးပြီးရေးရပါတယ်။ CLI (Command Line Interface) ကိုသုံးပြီးတော့ ရေးတာကိုတော့ Embedded SW လို့ပဲ ပြောလေ့ရှိကြပါတယ်။ GameBoy က GUI ကိုသုံးပြီးရေးရတာ ဖြစ်တဲ့အတွက် Application လို့ပြောကြပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ Project က GameBoy ကိုအခြေခံပြီး Microprocessor ကနေတဆင့် Data communication နဲ့ လုပ်ပြီးတော့ GameBoy မှာ Data storage နဲ့ Display လုပ်ရတဲ့ program တွေကို ရေးရတာပါ။ အောက်မှာပြထားတာက GameBoy ရဲ့ diaplay ကို Emulator SW နဲ့ ဖေါ်ပြထားတာပါ။ Emulator SW က GameBoy အစား software နဲ့ GameBoy application ကိုစစ်ဆေးတဲ့ Software လေးပါ။ Download ကိုတော့ အောက်မှာပေးထားတဲ့ Link ကနေလုပ်ယူလို့ရပါတယ်။

Download Emulator Software

Nitendo GameBoy က နေရာတကာမှာ ၀ယ်လို့ရတဲ့အတွက် ကိုယ်တိုင်လည်း Software ကိုတကယ် စမ်းသပ် ရေးကြည့်လို့ ရပါတယ်။

Sunday, 2 September 2007

Kaleid_1-2-3 Image Converter for DOS Programs

DOS Platform Programs (C++, Pascal, ...) မှာ ကိုယ်ကြိုက်တဲ့ Picture, Image တွေကိုထည့်ချင်တဲ့အခါမှာ သုံးတဲ့ Software လေးတစ်ခုပါ။ သူ့ရဲ့လုပ်ငန်းကတော့ .BMP file ကို C Source codes အဖြစ်ပြောင်းလဲပစ်လိုက်တာပါပဲ။ DOS program တွေမှာ Graphics mode (GUI) ကိုအသုံးပြုတဲ့အခါ Pixel နဲ့ Color ဆိုပြီးခွဲရေးရပါတယ်။ Pixel က အစက် (point) လေးတွေနဲ့ နေရာချပြီး Image ကိုဖန်တီးတာပါ။ Color က လိုချင်တဲ့အရောင်တွေ Hexadecimal Code တွေနဲ့ သတ်မှတ်တာပါ။ ၂၅၆ အရောင်အထိပဲ အများဆုံးရနိုင်ပါတယ်။ Image size ကတော့ Display device ပေါ်မူတည်ပြီး Limitation ရှိပါတယ်။ တွက်ချက်ပြီး ဖန်တီးမယ်ဆိုရင် အလွန်ခက်ခဲတဲ့အတွက် ဒီ Software လေးကိုသုံးကြတာပါ။ ကျွန်တော်ကတော့ GameBoy ရဲ့ Display မှာ ပုံတွေထဲ့ချင်တဲ့အခါမှာ သုံးပါတယ်။

တကယ်တော့ ဒီ Software ကို Embedded Software တွေကို ရေးတဲ့ Programmer တွေအများဆုံးသုံးလေ့ ရှိပါတယ်။ Low/ High level programming language တွေနဲ့ DOS platform မှာ Program ရေးတဲ့သူတွေအတွက် အလွန်ကောင်းပါတယ်။ Assembly Codes အဖြစ်နဲ့လည်း ထုတ်လို့ရပါတယ်။

ဥပမာ - ရွှေတိဂုံဘုရားပုံ (အပေါ်ကပုံ) ကို DOS မှာဖေါ်ပြချင်တယ်ဆိုပါတော့။ Kaleid နဲ့ပြောင်းလိုက်ရင် အောက်မှာတွေ့ရတဲ့ Code တွေပါတဲ့ C header file တစ်ခုထွက်လာမှာပါ။ အဲဒီဖိုင်ကို ယူသုံးလိုက်ရုံပါပဲ။ ရေးရတဲ့ Code တွေကိုအတိအကျသိချင်ရင်တော့ အောက်က URL မှာ ပါတဲ့ Website မှာလေ့လာနိုင်ပါတယ်။

Resolution ကတော့ DOS Mode မှာဆိုတော့ သိတဲ့အတိုင်း ခပ်နန လေးပဲရမှာပါ။

//256 Color Tile Graphics, Tile Size: 83x60, Tiles Used: 3448
#include
const u16 bagoda_gfx[110336] = {
0xFFFF,0xFFFF,0xFFFF,0xFFFF,0xFFFF,0xFFFF,0xFFFF,0xFFFF,
.............................................................................................
0xFFFF,0xFFFF,0xFFFF,0xFFFF,0xDADA,0x9ADA,0x9A9A,0xDADA,
0xD9D9,0xD9D9,0xD8D9,0xD8D8,0xD1D1,0xD9D1,0xD8D9,0xD8D8,
};

Codes လေ့လာချင်ရင်
http://www.gbajunkie.co.uk/

Software ဒေါင်းလုပ် လုပ်ချင်ရင်
Download Kaleid_1-2-3

“ရွှေတိဂုံ ဘုရား” ပုံတော်ကတော့ ကျွန်တော့်ဘော်ဒါကြီး “မောင်တုန်” လှူဒါန်းတာပါ။ ကျေးဇူးပါ ကိုမောင်လှ။

Saturday, 1 September 2007

Sunx Laser Marker

ပလတ်စတစ်၊ သစ်သား၊ ဖန်ထည်၊ သံ၊ သားရေထည် အစရှိတဲ့ မျက်နှာပြင်တွေပေါ်မှာ စာလုံးတွေထွင်းချင်၊ ရေးချင် တဲ့အခါ၊ သပ်သပ်ရပ်ရပ်နဲ့ (စာလုံးအရွယ်အစား၊ Line width 12.6 um to 655 nm အထိ) ရေးချင်တဲ့အခါ ဒီ Machine ကိုသုံးပါတယ်။ ကျွန်တော်တို့ဆီမှာသုံးတာက SunX LP-400 အမျိုးအစားပါ။ Sunx Laser Marker မှာ ၂မျိုးရှိပါတယ် CO2 နဲ့ FAYb ပါ။

CO2 Type က ဈေးသက်သာတယ်။ ဒါပေမယ့် Non-Impact အမျိုးအစား ဖြစ်ပါတယ်။ ထွင်းလို့မရဘူးပေါ့။ ပလတ်စတစ်၊ ဖန်၊ သစ်သား၊ သားရေ မျက်နှာပြင်တွေပေါ်မှာ ရပါတယ်။ LP-200, LP-300, LP-400 Models တွေရှိပါတယ်။ LP-400 ကတော့ Coated Metal Substrates တွေပေါ်မှာလည်း ရပါတယ်။

CO2 LP-400CO2 LP-200

နောက်တစ်မျိုးက FAYb Type ပါ။ သူက အထက်ကမျက်နှာပြင်တွေ အပြင် Metal တွေပါရပါတယ်။ Impact အမျိုးအစားဖြစ်လို့ ထွင်းလို့ရပါတယ်။ LP-F10, LP-V10 Models တွေရှိပါတယ်။ LP-V10 ရဲ့ Laser Beam က ပိုပြီး ကောင်းပါတယ်။

FAYb LP-V10အသုံးပြုလို့ရတဲ့ Application တွေကို အောက်မှာဖော်ပြထားပါတယ်။

Open/ Short Tester VS Phoe Thant (1)

အဲဒီမှာ ပထမဆုံး (အခုအချိန်အထိလည်း အဲဒီပုံစံတူ တွေပါပဲ) စတွေ့တဲ့ Machine ကတော့ Open/ Short Tester ပါ။ Circuit တွေမှာ Test Point တွေသတ်မှတ် Point-to-Point Open/ Short တွေကိုစစ်တာပါ။ Open/ Short ကိုတော့ ကျွန်တော် Post တစ်ခုအဖြစ်တင်ခဲ့ပြီးပါပြီ။ Panasinics Company က Fax Machine တွေရဲ့ PCB တွေကို စစ်ဆေးတဲ့ Machine ပါ။ သူက Hardware ပိုင်းနဲ့၊ ကျွန်တော်က Software (Program) ပိုင်းကိုတာဝန်ယူရပါတယ်။ C Programming Language ပါပဲ။

ပထမတစ်ခုက Modify သက်သက်ပါ။ Project တစ်ခုကို စလုပ်ရတာဆိုတော့ ကလည်ကလည်နဲ့ ဟိုလူဝင်ကူ၊ ဒီလူဝင်ကူနဲ့ ပြီးသွားတယ်ဆိုပါတော့ဗျာ။ နောက်တစ်ခုက Cavity (PCB) ၂ ခုကိုအပြိုင်တည်းစစ်ရတယ်။ Customer ကိုနောက်တစ်နေ့မနက်မှာ ပေးရမယ်ဆိုရင် ဒီနေ့ည ၁၁ နာရီလောက်မှာ အပြီးလုပ်လိုက်ရတယ်။ Problem ကတော့ သူတို့လိုချင်တဲ့ Time Limit ကို မရလို့ Speed-upလုပ်ရင်းကနေ Capacitor တွေက Charging Speed ကိုမလိုက်နိုင်တော့ Default values ဖြစ်သွားတယ်။ အဲဒီမှာ Error တွေဖြစ်ပြီး ကြာသွားတာပေါ့။ Senior တစ်ယောက်က ၀င်ကူပေးလိုက်လို့ အိမ်ပြန်ရတာပါ။ သူလုပ်လိုက်တာက Resistor တစ်ခုကို Parallel ချိတ်ပေးလိုက်တာပါပဲ။ သဘောက Charging speed ကို လျှော့ချပစ်လိုက်တာပေါ့။ Experience က စကားပြောသွားတယ်လေ။ ပညာတော်တော်ရလိုက်ပါတယ်။

နောက် ၃ ရက်လောက်ကြာတော့ အဲဒီစက် ပြန်ရောက်လာပါတယ်။ Test Point တွေ ထပ်တိုးချင်လို့တဲ့။ တော်တော်ရှုပ်တဲ့ Panasonics (PCM) ပါဗျာ။
Panasonics Fax Machine
Test Points and Channels (Just Example)

Shwe Kay & Phoe Thant

နည်းပညာနဲ့မဆိုင်တဲ့ Post တစ်ခုပါ။ ကျွန်တော် ဆက်ရေးမယ့် Post တွေနဲ့ ပါတ်သတ်မှုတွေရှိလို့ ဒီလူတွေအကြောင်း ထည့်ရေးရမှာပါ။ သူတို့က လက်ရှိကျွန်တော်နဲ့ Company အတူတူလုပ်နေကြတဲ့ သူငယ်ချင်းတွေပါ။ ပထမတစ်ယောက်က “ရွှေကေး” ပါ။ နာမည်အရင်းတော့ မရေးတော့ပါဘူး။ ရခိုင်ပေါ့။ သူက ကျွန်တော်တို့ထက် ၆လ လောက်စောပြီး ရောက်နေတာပေါ့။ နောက်တစ်ယောက်က “ဖိုးသန့်”။ သူက မုံရွာဘက်က။ ကျွန်တော့်ထက် ၂ ယောက်လုံး အသက်ငယ်ကြတယ်။ သူတို့က Company မှာ Hardware ပိုင်း၊ ကျွန်တော်က Software ပိုင်းပေါ့။ အဲဒီတော့ Senior တွေက တွေကို မြန်မာ ၂ယောက် တွဲလုပ်ခိုင်းလေ့ရှိပါတယ်။ အများစုကတော့ ဖိုးသန့် နဲ့ပါ။

Friday, 10 August 2007

GameBoy for User Interface with Machines

Microcontroller Program (Embedded SW) တွေမှာ User Interface တွေ Display တွေအသုံးပြုချင်တဲ့အခါမှာ GameBoy ဆိုတဲ့ Device လေးကိုအသုံးပြုပါတယ်။ GameBoy ဆိုတာတကယ်တော့ ကလေးတွေကစားတဲ့ TV Game လေးပါပဲ။ Memory Card ပါတဲ့အတွက် Game အသစ်တွေကို Download လုပ်ပြီးကစားလို့ရတာပေါ့။ Testing, Sensor Machine တွေမှာ သူ့ကိုအသုံးပြုရတာက ၀ယ်ရတာလွယ်တယ်၊ ဈေးသက်သာတယ်၊ RGB Display, GUI (Graphical User Interface) ရတယ်၊ သုံးရတာအဆင်ပြေတယ်၊ Software ရေးရတာအဆင်ပြေတယ် အဲဒါတွေကြောင့်ပါ။ ဘာ Debugger, Compiler အသစ်မှလည်းမလိုပါဘူး။ USB Adaptor လေးတစ်ခုရှိရင်ရပါတယ်။ များသောအားဖြင့်တော့ C language ကိုပဲအသုံးပြုပါတယ်။ ကျွန်တော်တို့သုံးတာကတော့ Visual C++ Software ပါ။ စက်ကတော့ Netando GameBoy ပါ။ သူ့မှာ Assign လုပ်စရာ Key တွေလည်းပါတော့ Menu Selection လုပ်ရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် User Interface နဲ့ Menu Selection သက်သက်ပဲရတာပါ။ တခြား ဘာ Function မှတော့ လုပ်မပေးနိုင်ပါဘူး။ Machine တွေနဲ့တွဲသုံးပါတယ်။


Netando Game Boy လေးတွေရဲ့ပုံပါ။

Thursday, 9 August 2007

Short Commands (C language)

Short Commands ဆိုတာကတော့ C (ANSI* Standard) ရေးတဲ့အခါမှာ Microcontroller chip တွေဆီကို ပေးတဲ့ Command ပုံစံပါ။ Microcontroller မှာ OS မရှိတဲ့အတွက် Command တွေကို တိုက်ရိုက်ပေးလို့မရနိုင်ပါဘူး။ ဥပမာ - DIR command ကို Storage drive တစ်ခုဆီကို ပေးချင်တယ်ဆိုကြပါစို့။ MS-DOS မှာဆိုရင် C:\>DIR (Enter) ဆိုရင်ရပါပြီ။ ဒါကို Extended Command လို့ခေါ်ပါတယ်။ ဒါပေမယ့် Microcontroller မှာကျတော့ $01, $0D ဆိုတဲ့ Short Command ကိုသုံးရပါတယ်။ $01 က DIR command ပါ။ $0D က (Enter) ပါ။ Hexadecimal system ကိုသုံးပြီးတွက်ရပါတယ်။ 01=0000 0001, 0D=0000 1101 ပေါ့။ Monitor Port Commands လို့လည်းခေါ်ပါတယ်။ သက်ဆိုင်တဲ့ Port တွေကို သက်ဆိုင်တဲ့ bit တွေပို့ရပါတယ်။ ဘာလို့လဲဆိုတော့ Port တွေက Binary digit တွေကိုပဲလက်ခံနိုင်လို့ပါ။ Internet မှာ Short Commands လို့ရှာပြီးဆက်လက်လေ့လာနိုင်ပါတယ်။ ကျွန်တော်သုံးတာ Vinculum VNC1L Disk Interface Firmware ကိုသုံးပြီး ပို့တာပါ။

*ANSI = American National Standard Institute

Wednesday, 8 August 2007

G Programming with LabVIEW - (1)

LabVIEW (G programming) နဲ့ Program ရေးတဲ့အခါမှာ Front Panel နဲ့ Block Diagram ဆိုပြီး ၂ နေရာမှာ ရေးရပါတယ်။ Front Panel ဆိုတာက VB မှာ Form (User Interface) လိုဖြစ်ပြီး Block Diagram က VB မှာ Code (Logic) ပုံစံမျိုးဖြစ်ပါတယ်။ ဒီမှာတော့ စာမရေးရပဲ Logic Diagram (Icon), Flow line လေးတွေနဲ့ Program တည်ဆောက်ရပါတယ်။ အောက်မှာ ဥပမာလေးတစ်ခုပြထားပါတယ်။ Front Panel မှာ Controls Box က Component တွေကိုသုံးရပြီးတော့ Block Diagram မှာတော့ Functions Box က Component တွေကိုသုံးရပါတယ်။ Reference Manual နဲ့တွဲပြီးလေ့လာပါ။ လွယ်ပါတယ်။

Front Panel


Controls Box


Block Diagram

Functions Box

Run လိုက်ရင်ထွက်လာတဲ့ Screen Design ပါ။

HP 16500A Logic Analysis System

ဒီစက်ကတော့ Microcontroller Program တွေရေးတဲ့အခါမှာ Ports တွေကနေ ကိုလိုချင်တဲ့ Singnal, Waveform တွေထွက်ရဲ့လားလို့စစ်ဆေးတဲ့ Analysis system စက်ပါ။ ကျွန်တော်အခုရေးနေတဲ့ Program ကို ပထမဆုံး 2 Channels Analogue Oscilloscope နဲ့ signal အမှန်ထွက်မထွက်စစ်ကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော့် program က 4 channels (CLK, SC, DIN, DOUT) ထုတ်ပေးတာဆိုတော့ 2 Channels နဲ့မလုံလောက်တဲ့အခါ 4 Channel Digital Oscilloscope ကိုသုံးကြည့်ပါတယ်။ အဆင်ပြေပါတယ်။ ဒါပေမယ့် လက်က ၂ ဖက်ပဲရှိတာရယ် Wire တွေကရှုပ်နေတာရယ်ကြောင့် Waveform တွေကို Break ပြီးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ အဲဒီအခါမှာ ကျွန်တော်ဒီစက်ကို ပြောင်းပြီးသုံးဖို့ ကြိုးစားရပါတယ်။ ဒီစက်က Channel ပေါင်း ၇၅ ခုကို တပြိုင်နက်မှာ Waveform တိုင်းတာလို့ရပါတယ်။ စက်ကတော့ ခေတ်နောက်ကျနေပါပြီ။ ဒါပေမယ့် အလွန်အသုံးကျနေပါသေးတယ်။ HP (Hewlett Packard) ကထုတ်ပါတယ်။ 16500A Logic Analysis System ပါ။ Digital Waveform တွေကိုထုတ်ပေးပါတယ်။ Oscilloscope တွေထက် အလွန်တိကျတဲ့ Digital Waveform တွေထုတ်ပေးပါတယ်။

Tektronix 2/ 4 Channels Digital Storage Oscilloscopes
HP 6500A Logic Analysis System