Wednesday, 2 April 2008

Parallel Port (LPT) Vs Serial Port (RS232)

Ports သဘောတရားက ရှင်းပါတယ် Parallel port က Parallel data transmission လုပ်ပြီးတော့၊ Serial port က Serial data transmissionလုပ်တာပါပဲ။ RS232 ကအလွန်ရှင်းပါတယ် TX (transmit), RX (receive) channels နဲ့ Signal Ground မှန်ရင် ရပါတယ်။ Parallel port (LPT) က တော့ 8 bit တစ်ပြိုင်နက်ပို့လို့ရတော့ channel များများကို ထိန်းနိုင်တာပေါ့။ သူ့ရဲ့ Hexa တန်ဖိုးတွေကို တွက်တဲ့နေရာမှာ တစ်ခုသတိထားပါ သူ့ရဲ့MSB (Most Significant Bit) က ရှေ့ဆုံးက စပါတယ်။ ဥပမာ - 1000 0000 = 1, 0100 0000 = 2 အဲလိုတွေသွားပါတယ်။ ၂ခုလုံးက dc 3.3 V ကိုသုံးပါတယ်။ ကျွန်တော် inpout.dll ဖိုင်ရဲ့ မူရင်း VC++ program ကိုတင်ပေးလိုက်ပါတယ်။ Windows versions သုံးတဲ့ ပေါ်မူတည်ပြီး ကွဲသွားတတ်ပါတယ်။ ဒါကြောင့် ဒီ VC++ program နဲ့ dll ဖိုင်အရင်ထုတ်။ System32 folder ထဲကိုကူးထဲ့ပြီးမှ Program ကို run ပါ။

Download : VC++ program inpout32.dll

Parallel data transmission (Click on Image)

Serial data Transmission (Click on Image)

တစ်ခုသတိပြုရမှာက DB-25 (LTP port) က 25 pin ရှိပြီးတော့ Centronics Header က 36 pin ရှိတယ်ဆိုတာပါပဲ။ အောက်က ဇယားမှာ သူတို့နှစ်ခုရဲ့ ဆက်သွယ်ပုံတွေပါပါတယ်။

No comments:

Post a Comment