Tuesday, 24 July 2007

Installing RAID

RAID device တစ်ခုကို Install လုပ်မယ်ဆိုရင် ...
၁။ ပထမဆုံး Hard Disk Drive တွေကိုတပ်ပါ။
၂။ Jumper Setting ပြောင်းပါ။ setting ကတော့ Mother board စာအုပ်ထဲမှာဖတ်ပြီးပြောင်းလို့ရပါတယ်။
၃။ Restart လုပ်ပါ။ Raid Utility ထဲဝင်ပြီး RAID Device တစ်ခုတည်ဆောက်ပါ။ Utility ကိုဝင်တာကတော့ သက်ဆိုင်တဲ့ Mother Board စာအုပ်မှာပါပါတယ်။ အများအားဖြင့်တော့ F12 ကိုနှိပ်ပြီးဝင်ပါတယ်။
၎။ RAID device တည်ဆောက်တဲ့အခါ name, RAID level, storage capacity တို့ကို ရွေးရပါတယ်။ RAID 2 ဆိုရင် Hard Disk ၂ခု အနည်းဆုံး၊ RAID 10 ဆိုရင် Hard Disk ၄ခု အနည်းဆုံးရှိရပါတယ်။ HDD တွေက အမျိုးအစား (SATA, IDE) ၊ Storage capacity တွေတူရပါတယ်။ မတူတာတွေနဲ့တော့ ကျွန်တော်မလုပ်ဘူးပါဘူး။ Reference ထဲမှာလည်းတူရမယ်လို့ပါလို့ပါ ...း)
၅။ Driver Disk (Floppy) လုပ်ရပါတယ်။ သတိထားဖို့က RAID driver မှန်ဖို့အရေးကြီးပါတယ်။ မှားရင် Window Installation အခါမှာ HDD ကိုမတွေ့ဘူးလို့ပြောပါလိမ့်မယ်။
၆။ Windows XP တင်ရင် F6 ကိုနှိပ်ပြီး driver ကို တင်ပါ။ ပြီးရင် F3 နှိပ်ပြီး driver installation ကနေထွက်လိုက်ပါ။
၇။ Driver မှန်ခဲ့ရင် Window ကို ပုံမှန်အတိုင်းပြီးဆုံးတဲ့အထိ တင်သွားပါလိမ့်မယ်။
၈။ Window Explorer ထဲမှာ HDD တစ်ခုကိုပဲတွေ့ရမှာပါ။ Intel Storage Matrix Software ကိုတင်ပြီး HDD တွေကိုကြည့်ရင် HDD အကုန်လုံးကိုမြင်နိုင်ပါတယ်။
RAID ကိုအဓိကအားဖြင့်တော့ Database တွေအတွက် Backup လုပ်ဖို့သုံးပါတယ်။ ASUS Mother board တွေနဲ့သုံးရင်ပိုပြီး အဆင်ပြေပါတယ်။

1 comment:

  1. အပင်ပန်းခံပြီး ပို့စ်တွေတင်ပေးတာ ကျေးဇူးပါ။ အမြဲအားပေးနေတယ်နော်။

    ReplyDelete