Wednesday, 31 October 2007

Installing MySQL

MySQL ကိုကျွန်တော် မသုံးဘူးသေးပါဘူး။ အခုလဲ Install ပဲလုပ်ရသေးတာပါ။ ဒါကြောင့် အားသာ၊ အားနည်းချက်ကိုလည်း မသိသေးပါဘူး။ ပထမဆုံးတော့ ကျွန်တော် MySQL ကို MySQL website ကနေ download လုပ်တာပါပဲ။ ပြီးတော့ Install လုပ်တယ်။ အဲဒါက Database သက်သက်ပါ။ သုံးလို့မရသေးပါဘူး။ နောက် Database Viewer ကို Download ထပ်လုပ်ပါတယ်။ ကျွန်တော်သိသလောက်တော့ Viewer (yog) တွေအများကြီးရှိမယ်ထင်တယ်။ ကျွန်တော်သုံးတာက SQLyog ပါ။ SQLyog ကို Download လုပ်ပြီးတဲ့အခါ test connection ကြည့်ရင် “Connection Error” ဆိုပြီးလာပြပါတယ်။ အဲဒါဆိုခဏ ပိတ်။ SQL server ရဲ့ Configuration ကို လုပ်။ ဒီအဆင့်ကတော့ သူပြောတာလေးတွေဖတ်ပြီး step-by-step လုပ်လိုက်တာပါပဲ။ ပြီးရင် SQLyog ကိုပြန်ဖွင့် connection အသစ် လုပ်၊ ပြီးရင် ပုံမှန် SQL Server (Enterprise Manager) ကိုသုံးသလိုပဲ Create Database, Create Table တွေလုပ်လို့ရပါပြီ။ ဆက်ရေးပါဦးမယ်။

MySQL Configuration

SQLyog create connection

Download MySQL

Monday, 29 October 2007

Reading Datashets

DataSheets တွေကို ဖတ်ရတဲ့အခါ အရမ်းပျင်းစရာကောင်းပါတယ်။ ကျွန်တော်ကတော့ အခုပြောမည့် ခေါင်းစဉ်တွေပဲဖတ်တယ်။ အဓိကကတော့ Software ပိုင်းနဲ့ဆိုင်တာတွေပဲ ဆိုပါတော့။
၁။ Overview, Features
အဲဒီအပိုင်းမှာ Timer, Oscillators, CPU speed, Memory (Program, RAM, EEPROM), Interrupt, Peripheral devices တွေနဲ့ဆိုင်တဲ့ အကြောင်းအရာလေးတွေ၊ ဒီ CPU ရဲ့အထူးလုပ်ဆောင်ချက်တွေ ပါလို့ပါ။

၂။ I/O ports
ကတော့ ဘယ် Ports ကို ဘာ Function အတွက်သုံးရင် ကောင်းမလဲလို့ သတ်မှတ်လို့ ရအောင်လို့ပါ။

၃။ Register file Summary (Table)
ဒါကတော့ header file (Register Address, Name, Bits) တွေရေးလို့ရအောင်လို့ပါ။ ရေးပြီးသား header file တွေရှိရင်လည်း ပိုနားလည်နိုင်တာပေါ့။ ကောင်းတာကတော့ ဒီ header file နဲ့ Table မှာပါတဲ့ register address တွေကို တိုက်ဆိုင်စစ်ဆေးပြီး မှန်တယ်ဆိုမှ အဲဒီ header file ကိုသုံးပါ။

၎။ I/O Timing
အလုပ်လုပ်တဲ့ အချိန် Trigger interval (Raising, Falling Edges) တွေကိုသိရအောင်လို့ပါ။ Timing Requirements တွေကိုလည်းသိထားမှ ဘယ် Oscillator (frequency) ကိုသုံးရင် အဆင်ပြေမလဲဆိုတာ သတ်မှတ်လို့ရမှာပါ။

Wednesday, 24 October 2007

RTC (Real Time Clock)

RTC (Real Time Clock) ကို Timer အစားသုံးလို့ရပါတယ်။ သူက IC တစ်မျိုးပါ။ တိကျတဲ့ အချိန်တစ်ခုကို သတ်မှတ်တဲ့နေရာမှာ သုံးပါတယ်။ RTC က Main System ရဲ့ Timer ကိစ္စတွေ၊ Coding တွေ ကိုသက်သာစေပါတယ်။ ပြီးတော့ ပိုပြီးတိကျတဲ့ အချိန်ကို ရပါတယ်။ တွေမှာသုံးပါတယ်။ Maxim, Philips, Dallas Semiconductor, Texas Instruments and STMicroelectronics ကုမ္ပဏီတွေက RTC IC ထုတ်လုပ် ကြပါတယ်။ RTC ကို Microcontroller တွေထဲမှာလည်း Build-in အဖြစ်တွေ့နိုင်ပါတယ်။ RTC မှာ (32.768 kHz) Oscillator ပါတတ်ပါတယ်။ Computer မှာတော့ SouthBridge Chip မှာပါပါတယ်။

RTC IC ရဲ့ပုံပါ။

SouthBridge မှာပါတဲ့ RTC နဲ့ဆက်စပ်ပုံ။

RTC Block Diagram

Monday, 22 October 2007

Interrupt (IRQ) handling for Timers

Interrupt မှာ ၂ မျိုးရှိပါတယ်။ Hardware IRQ နဲ့ Software IRQ ပါ။ Hardware မှာ Port IRQs, Key IRQs, Display IRQs တွေပါပြီးတော့၊ Software မှာ Timer IRQs, DMA IRQs တွေပါတယ်လို့ ခွဲလို့ရပါတယ်။ Hardware, Automation, Machine တွေကို Accurate Timing နဲ့ အလုပ်လုပ်ချင်တဲ့အခါ သုံးကြတာပါ။ Embedded Software တွေမှာ အဓိကသုံးပါတယ်။ Interrupt မှာသုံးတဲ့ Register တွေကတော့ REG_INTERUPT, REG_IME, REG_IE, REG_IF တွေပါ။
REG_INTERUPT က interrupt handler ပါ။ interrupt ဖြစ်တဲ့အခါ လုပ်လိုက်တဲ့ Action ကို မှတ်တဲ့ register ပါ။
REG_IME က master interrupt ပါ။ Interrupt တွေကို အဖွင့်အပိတ် (Enable, Disable) လုပ်ပေးတဲ့ register ပါ။
REG_IE က interrupt enable ပါ။ ဘယ် interrupt ကို လုပ်မယ်ဆိုတာ သတ်မှတ်ပေးတာပါ။ REG_IME နဲ့ကွာတဲ့အချက်ကတော့ က interrupt တစ်ခုချင်းစီအတွက် (Enable, Disable) လုပ်တာပါ။
REG_IF က လက်ရှိရောက်နေတဲ့ interrupt ကို စစ်ဆေးတာပါ။ ဥပမာ - Timer0 overflow interrupt ကိုရောက်သွားပြီဆိုရင် REG_IF မှာ Timer0 ရဲ့ bit pattern ရောက်သွားပါတယ်။ REG_IE bit pattern နဲ့ အတူတူပါပဲ။ အောက်က နမူနာ program ကိုကြည့်ရင် ရှင်းပါလိမ့်မယ်။

//.......................INTERRUPT Routine
void enableTimerInterrupt()
{
REG_IE |= INT_TIMER0; // Enable Timer interrupt detection
REG_TM0CNT |= TIME_IRQ_ENABLE; // Make Timer generate IRQ
}

void interruptHandler(void)
{
REG_IME = 0; //disable interrupts
if(REG_IF==INT_TIMER0)
{
if(stateflag==0){SCLO();stateflag=1;}
else if(stateflag==1){SCHI();stateflag=0;}
}
REG_IF = REG_IF; // Tell GBA that interrupt has been handled
REG_IME = 1; //enable interrupts
}

void setupInterrupts(void)
{
REG_IME = 0x0; //disable interrupts
REG_INTERUPT = (u32)interruptHandler; //set int handler
enableTimerInterrupt();
REG_IME = 0x1; //enable interrupts
}

setupInterrupt() ဆိုတဲ့ function ကိုခေါ်ပြီး သုံးရပါတယ်။

Cascading Timers

Timer တွေကို Cascade လုပ်တယ်ဆိုတာကတော့ Timer တစ်ခု Overflow (သတ်မှတ်ထားတဲ့ ကိုရောက်တဲ့အခါ) နောက် Timer ကို On (Enable) လိုက်ခြင်းကို cascade လုပ်တယ်လို့ပြောတာပါ။ အထူးသဖြင့် Automation အပိုင်းတွေမှာ သုံးလေ့ရှိပါတယ်။ ဥပမာ - 1s ရောက်ဖို့ဆိုရင် 1000 ms ပေါ့။ အဲဒီတော့ Timer1 ကို အကြိမ် ၁၀၀၀ looping (while, for) ပတ်ရမည့် သဘောပါ။ အဲဒီလို looping ပတ်တဲ့အခါ အချိန်က Accurate မဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ looping ရဲ့ instruction cycle အချိန်ကို ထည့်တွက်လို့ပါ။ အဲဒီအခါမျိုးမှာ Cascading ဒါမှမဟုတ် Interrupt ကိုသုံးရပါတယ်။ Timer1 နဲ့ Timer2 ကို Cascade ချိတ်ထားခြင်းဖြင့် အကြိမ် 1000 ရောက် မရောက်ကို Timer2 နဲ့စစ်ဆေးပါတယ်။ အောက်မှာ Coding ရေးထားပါတယ်။

REG_TM1CNT= TM_ENABLE | TM_FREQ_SYSTEM | TM_IRQ;
REG_TM1D = - 0x4000;
REG_TM2CNT= TM_ENABLE | TM_FREQ_SYSTEM | TM_IRQ | TM_CASCADE;

while(REG_2 != 1000){}
REG_TM1CNT &= ~TM_ENABLE;
REG_TM2CNT &= ~TM_ENABLE;

Timer2 ကိုသုံးတဲ့အခါမှာ Cascade လို့ပြောလိုက်တာနဲ့ သူ့အရှေ့က Timer1 ကို Cascade လုပ်ရမယ်လို့ အလိုလိုသိပါတယ်။ Cascade ကို Overflow လို့လဲ ရေးလေ့ရှိပါတယ်။

Timer for Embedded Programming

Timer ဆိုတာကိုတော့ သုံးဘူးကြမှာပါ။ ဒီ Post က Hardware နဲ့ဆက်စပ်တဲ့ Timer ပါ။ ARM9/ 10/ 11 CPU နဲ့ Gameboy Hardware ကိုအခြေခံပြီးရှင်းပြသွားပါမယ်။ Case Study သဘောပေါ့။ ကျွန်တော်က ARM9 ကိုအသုံးပြုပြီး Gameboy ကနေ Frequency အမျိုးမျိုးထုတ်ပေးနိုင်တဲ့ Program ရေးတာပါ။ Frequency ထုတ်တာကတော့ Signal ကို low/ high တွေ တစ်လှည့်စီပေးပြီး အဲဒီ signal တွေကြားမှာ time interval လေးတွေခြားပေးခြင်းအားဖြင့် frequency ထုတ်တာပါပဲ။ Pseudo frequency သဘောပါပဲ။ Oscilloscope နဲ့တိုင်းတာပြီးစစ်ဆေးလို့ ရအောင်လို့ပါ။
အဲဒီအခါမှာ time interval က အလွန်တိကျဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် Timer နဲ့ Interrupt ကို အသုံးပြုပြီး ရေးတာပါ။ ဒီ Post မှာတော့ Interrupt အကြောင်းမပါသေးပါဘူး။
ARM ရဲ့Timer မှာ Frequency ၄ မျိုးပါပါတယ်။ Frequency ပေါ်မူတည်ပြီး interval တွေ ကွာခြားပါတယ်။ ဥပမာ - 16.384 kHz ဆိုရင် ရဲ့တန်ဖိုးကို တစ်ကြိမ်မှာ 61.04
μs နှုန်းနဲ့ တိုးပေးတာပါ။ Frequency တွေကတော့ ဒီလိုတွေ ရှိပါတယ်။

၁။ 1 Cycle, 16.78 MHz Frequency, 59.59 ns Interval
၂။ 64 Cycle, 262.21 kHz Frequency, 3.815
μs Interval
၃။ 256 Cycle, 65.536 kHz Frequency, 15.26 μs Interval
၎။ 1024 Cycle, 16.384 kHz Frequency, 61.04 μs Interval

တစ်ခြား CPU တွေမှာလည်း ဒီလိုသဘောမျိုးပါပဲ။ ဥပမာ - ကျွန်တော်က 1 ms ကို အတိအကျ လိုချင်တယ် ဆိုပါတော့။ C Language နဲ့ဆိုရင် ဒီလိုရေးရပါတယ်။

// Control Register ထဲမှာ Timer ကို အသုံးပြုမယ်။ Timer ရဲ့ Frequency က 16.78 Mhz ပါ (တစ်ကြိမ်ကို ၁ စီတိုး)။ Interrupt ကိုအသုံးပြုမယ်။
REG_TM1CNT= TM_ENABLE | TM_FREQ_SYSTEM | TM_IRQ;

// Data register ထဲမှာ Timer တန်ဖိုး ကိုထည့်ပါမယ်။ hex 4000 ရဲ့ value က 16384 ဖြစ်လို့ပါ။ (“-” ထည်ပေးတာကတော့ Timer က “0” အထိရောက်အောင် တိုးလို့ပါ)။ တိုက်ရိုက်တန်ဖိုး ၁၆၃၈၄ လည်းထည့်လို့ရပါတယ်။
REG_TM1D = - 0x4000;

// ပြီးရင် Timer ကို ပြန်ပိတ်ပေးပါ။
REG_TM1CNT &= ~TM_ENABLE;

ဒါဆိုရင် Timer1 control code ရပါပြီ။ အဲဒီ Code တွေကို Function တစ်ခုအဖြစ် ခွဲထားပြီး ယူသုံးနိုင်ပါတယ်။
Gameboy (ARM9) မှာ Timer ၄ ခုပါပါတယ် REG_TM0CNT, REG_TM1CNT, REG_TM2CNT, REG_TM3CNT တွေပါ။ Timer တွေကို Cascade ချိတ်ပြီးလည်းသုံးနိုင်ပါတယ်။ နောက် ပိုစ့်မှာ ဆက်ပြောပါမယ်။

Gameboy Hardware Schematics

Gameboy ကို အသုံးပြုလို့ရတဲ့ Application နေရာတွေကတော်တော်များပါတယ်။ သူ့မှာ ARM9/ 10/ 11 family series ကိုအသုံးပြုထားတဲ့အတွက် Micro-p PCB သပ်သပ် ထပ်လုပ်စရာမလိုပဲ သုံးလို့ရပါတယ်။ ဂျပန်၊ ထိုင်ဝမ်၊ ဥရောပနိုင်ငံ (အထူးသဖြင့် ဂျာမနီ)၊ ယူအက်စ် တွေမှာသုံးတာများပါတယ်။ Gameboy Programmer ရာထူးဆိုပြီးတောင် ရှိပါတယ်။ LCD Display, RAM, IO ports (RS-232, General IOs), Audio, Video ports, Buttons (10 Keys), External Oscillator တွေပါတဲ့အတွက် အဆင်ပြေပါတယ်။ တစ်ခြား ဆက်စပ် Devices (Wireless, USB, NIC, SPI) တွေနဲ့ တွဲပြီးသုံးရင်လည်းရပါတယ်။ အောက်မှာ Gameboy ရဲ့ Schematics ကို ပေးထားပါတယ်။ဒါက Gameboy နဲ့ RS-232 ကို ချိတ်ဆက်တဲ့ Schematics ပါ။

Monday, 24 September 2007

G Programming with LabVIEW - (2)

LabVIEW Installation လုပ်တဲ့အခါမှာ လိုအပ်တဲ့ Setting လေးတွေအကြောင်းပါ။

တစ်ခုကတော့ ကြုံတွေ့နေကျဖြစ်တဲ့ Activation ကိစ္စပါ။ LabVIEW မှာ Crack ဆိုတဲ့ Folder ထဲမှာ Key-Gen ဆိုတဲ့ Program လေးပါပါတယ်။ သူ့ကိုအရင် Run ပြီးတော့ Serial Key ယူရပါတယ်။ ပြီးရင် License file ပါတစ်ခါတည်းထုတ်ပြီး save လုပ်ခဲ့ပါ။ LabVIEW Installation လုပ်ပြီးတဲ့အခါ National Instruments -> NI License Manager ကို run ပါ။ Option Menu ထဲက Install License File ထဲမှာ ခုန file ကို execute လုပ်လိုက်ရင် ရပါပြီ။ ဒီလိုမှမလုပ်ရင် ထုံးစံအတိုင်း Evolution period ၃၀ ရက်ပဲရပါလိမ့်မယ်။


နောက်တစ်ခုကတော့ Example တွေကိစ္စပါ။ LabVIEW မှာ Example တွေတော်တော်များများ ပါပါတယ်။ တစ်ခါတစ်လေမှာ အဲဒီ Example file တွေကို ဖွင့်လို့မရတဲ့ ပြဿနာပေါ်တတ်ပါတယ်။ အဲဒီအခါမှာ Control Panel -> Administrative Tools -> Services ထဲက NI Service Locator service ကို Stop ပြီး Start ပြန်လုပ်ပေးလိုက်ပါ။ ပြီးရင် LabVIEW ကို Restart လုပ်လိုက်ပါ။



Mandalay Winter

“အားမေ့” ကလည်း တက်ဂ်၊ ကိုယ်တိုင်ကလည်း ရေးချင်နေတော့ ရေးရပြီပေါ့။ ဒီ ပို့စ်က ကျွန်တော့ရဲ့ ပထမဆုံး Personal ပို့စ်ဖြစ်မှာပါ။ မန်းလေးမှာ ဆောင်းတွင်းက အရမ်းပျော်ဖို့ကောင်းပါတယ်။ ပွဲတွေလည်းများ။ ကွေးလို့လည်းကောင်းတာကိုး။ အရင်ကတော့ မန်းလေးတောင်ကို ဆောင်းတွင်းနံနက်တွေမှာ သူငယ်ချင်းတွေစုပြီး တက်ကြတယ်။ လူတွေလည်းအများကြီးပဲ။ အရမ်းပျော်ဖို့ကောင်းတယ်။ ပထမဆုံးရက်က တော်တော်အေးတယ်ဆိုပြီး အနွေးထည်ဝတ်ခဲ့တာ တောင်အလယ်လောက်မှာပဲ လွှင့်ပစ်ချင်စိတ်ပေါက်ခဲ့တာပေါ့။ တောင်တက်ရင်းနဲ့ ပူလာတာကိုး။ အဲဒီကပြန်ရင် တစ်ခုခုဝင်စား။ အလုပ်သွားဖို့ အချိန်လိုသေးတယ်ဆိုရင် ကျွန်တော်ကတော့ ပြန်အိပ်တာပဲ။ နောက် ကျုံးဘေးမှာဆို မနက်ကော ညကော လူအရမ်းစည်တာပဲ။ New Year Night ဆိုရင်ကျုံးဘေးမှာ သင်္ကြန်ကျသလိုကို စည်တာ။ အင်း ... မန်းလေးမှာဆိုရင် ဘယ်အချိန်မဆို ပျော်နေတာပါပဲလေ .....။

The Most Favourite FIVE posts

“နှစ်ကူး” ကတော့ Tag ထားတာကြာပါပြီ။ မအားလို့ မရေးဖြစ်တာပါ။ အကြိုက်ဆုံး ၅ ခုကတော့ . . .
၁။ LabVIEW ဒါက အခုလတ်တလောမှာ ကျွန်တော်လေ့လာနေတဲ့ Programming Language အသစ်ပါ။ ဆက်ပြီးလေ့လာရင်းနဲ့ သိသမျှလေးတွေတင်သွားဦးမှာပါ။
၂။ Kailed Image Converter ကတော့ DOS Platform/ Non DOS Platform မှာ ပုံလေးတွေတင်လို့ရလို့ပါ။ ကျွန်တော်တို့ Pascal/ C နဲ့ Program တွေစရေးတုန်းက အဲဒီလို ပုံလေးတွေထည့်ချင်ခဲ့တယ်လေ။ ဒါပေမယ့် ဘယ်လိုလုပ်ရမလဲ မသိခဲ့တာပါ။
၃။ နောက်တစ်ခုက RAID ပါ။ ကျွန်တော် ဘာမှမသိပဲ စာအုပ်ဖတ်ပြီး ရမ်းလုပ်တာ ရသွားလို့ပါ။ အမှတ်တရပေါ့။
၎။ RS232 Posts တွေကတော့ အမြဲတမ်းသုံးနေရတယ်လေ။ ဒါကြောင့် ဘယ်တော့မှ မမေ့ဘူး။
၅။ နောက်ဆုံးတစ်ခုက OrCAD ကျွန်တော်ဆက်မလေ့လာဖြစ်သေးတဲ့ Designing Software ပါ။ Electronics Major ကျောင်းသားတိုင်း လေ့လာထားသင့်တဲ့ Software မို့ပါ။

Monday, 17 September 2007

Microcontroller & Peripheral Devices

Microcontroller တွေမှာ အခြားသော peripheral device တွေနဲ့ချိတ်ဆက်တဲ့အခါ Protocol တွေသုံးရပါတယ်။ UART, SPI, I2C, FIFO ဆိုပြီး Protocol အမျိုးမျိုးရှိပါတယ်။ အဲဒီထဲမှာ အသုံးအများဆုံးက SPI ပါ။ ဘာလို့သုံးရသလဲဆိုတော့ communicate လုပ်ရတာလွယ်လို့ပါ။ standard လည်းနည်းလို့ပါ။ Peripheral Device တွေကတော့ ...
- Converters (ADC, DAC)
- Memories (EEPROM, Flash)
- Real Time Clock (RTC)
- Sensors (Temperature, Pressure)
- Others (Signalmixer, Potentiometer, UART, CAN controller, USB devices, Amplifier)
.... တွေပါပဲ။
SPI ဆိုတာ Serial Peripheral Interface သူ့မှာ Master နဲ့ Slave ဆိုပြီးရှိပါတယ်။ Microprocessor ကအမြဲတမ်း Master ဖြစ်ပြီး peripheral တွေက Slave ပါ။ 4 Channels သုံးရပါတယ်။ SCLK (Slave Clock), MOSI (Master Out Slave In), MISO (Master In Slave Out), SS (Slave Select) တွေပါ။ အောက်ကပုံက Master & Slaves ချိတ်ဆက်တဲ့ပုံပါ။ Slave က တစ်ခုတည်းလည်းရှိနိုင်ပါတယ်။

Mode မှာ ၄ ခုရှိပါတယ်။ Mode 0, 1, 2, 3 တွေပါ။ CPOL (Clock Polarity) နဲ့ CPHA (Clock Phase) ပေါ်မှာမူတည်ပြီး Mode ကွဲပြားပါတယ်။ Operation အစမှာ Clock က Low ဆိုရင် CPOL=0 ပါ။ High ဆိုရင် CPOL=1 ပါ။ နောက်ပြီး Data bit က Clock ရဲ့ Falling Edge မှာ Sampling လုပ်တယ်ဆိုရင် CPHA=0 ဖြစ်ပြီး Raising Edge မှာ Sampling လုပ်တယ်ဆိုရင် CPHA=1 ပါ။ အောက်မှာ Mode တွေခြားနားပုံကိုပြထားပါတယ်။

အခုလို အတိုကောက် ခွဲမှတ်လို့ရပါတယ်။
SPI Mode CPOL CPHA

0 0 0
1 0 1
2 1 0
3 1 1

Default Mode က 0 ပါ။ ဒါမှမဟုတ် သက်ဆိုင်တဲ့ Device က သတ်မှတ်ထားတဲ့ Mode ရှိနေမှာပါ။ Software မှာ Mode ကို ထည့်သွင်းစဉ်းစားစရာ မလိုပါဘူး။

MSB = Most Significant Bit ရှေ့ဆုံး Data bit
LSB = Last Significant Bit နောက်ဆုံး Data bit

Tuesday, 11 September 2007

ADC (Analog to Digital Converter)

Software ကနေ Volt/ Current Values တွေကို တိုက်ရိုက်ဖတ်လို့မရနိုင်ပါဘူး။ ဘာလို့လဲဆိုတော့ Volt/ Current က Analog Signal ဖြစ်ပြီးတော့ Microprocessor တွေက Digital ဖြစ်နေလို့ပါ။ အဲဒီအခြေအနေမှာ ADC (Analog to Digital Converter) ကိုသုံးရပါတယ်။ သူ့ရဲ့အလုပ်လုပ်ပုံက ရှင်းပါတယ်။ Analog Signal တွေကို Digital Signal ပြောင်းပေးတာပါပဲ။ Data တွေထုတ်တဲ့အခါ Binary နဲ့ Two Compliment's Binary ဆိုပြီး Data ပုံစံ ၂ မျိုးနဲ့ထုတ်လို့ရပါတယ်။ အောက်ကပုံကတော့ ADC Chip ရဲ့ပုံပါ။

Testing Serial Communication with Hyper Terminal

Computer နဲ့ တခြား Electronics Machine တွေနဲ့ဆက်သွယ်တဲ့ နေရာမှာ အဓိကအသုံးပြုတဲ့ Port က COM port ပါ။ နောက်ပိုင်းမှာတော့ USB port တွေကို သုံးလာကြပါတယ်။ ဒါပေမယ့် COM မှာ UART ဆိုတဲ့ ကိုယ်ပိုင် Protocol တစ်ခုရှိတဲ့အတွက် သူ့ကိုအသုံးများတာပါ။ အဲဒီ Ports နဲ့ Computer ကို အဆက်အသွယ်ရ၊ မရ ကတော့ Hyper Terminal ဆိုတဲ့ Windows မှာပါတဲ့ Build-in Software နဲ့ စစ်ဆေးလို့ရပါတယ်။ အဆင့်ဆင့်ကိုတော့ အောက်မှာဖေါ်ပြထားပါတယ်။ Hyper Terminal က ASCII Code တွေပဲ ပို့/ လက်ခံလို့ရတဲ့အတွက် Extended Commands တွေပဲ Test လုပ်လို့ရပါတယ်။ ပြီးတော့ Byte-by-Byte ပဲ ပို့လို့ရပါတယ်။ တစ်ချို့ Device တွေက Short Command တွေသုံးတဲ့အခါမှာ ပြဿနာရှိလာပါတယ်။ အဲဒီအခါမှာ တစ်ခြား Tester Software တစ်ခုကိုအသုံးပြုရမှာပါ။ လတ်တလော ကျွန်တော်သုံးနေတာကတော့ COMPORT ဆိုတဲ့ Software လေးပါ။ Internet ကနေ Download လုပ်လို့ရပါတယ်။ တစ်ခြား Software တွေလည်းအများကြီးပါ။ အဲဒီ Tester လေးတွေက size အရမ်းသေးပေမယ့် အလွန်အသုံးဝင်တဲ့ Software လေးတွေပါ။ Test လုပ်တဲ့အခါမှာ သက်ဆိုင်ရာ Device ရဲ့ Firmware Manual မှာပါတဲ့ Command တွေကိုအရင်လေ့လာပြီးမှ စမ်းသပ်ပါ။ CLI ပဲရတာပါ။

1. ပထမဆုံး Start -> Programs -> Accessories -> Communications -> "Hyper Terminal" ကိုဖွင့်ပါ။

2. Connection Description dialog box ထဲမှာ Name တစ်ခုပေးပြီး OK button ကိုနှိပ်ပါ။

3. Connect to dialog ထဲမှာ Connect Using မှာ COM1, COM2, ... ကိုရွေးပါ။ တပ်ထားတဲ့ port ကိုရွေးပေးပါ။ OK button ကိုနှိပ်ပါ။

4. COM1 properties မှာတော့ Bit per second (Baud rate), Data bits, Parity, Stop bit, Flow Control တွေကို ရွေးပေးပါ။ အခုပြထားတာက default setting ပါ။ baud rate ကအရေးကြီးပါတယ်။ အဲဒါမတူရင် အလုပ်မလုပ်ပါဘူး။ OK button ကိုနှိပ်ပါ။

5. test1 Hyper Terminal window ပေါ်လာရင် command တွေရိုက်လို့ရပြီး response တွေကြည့်လို့ရပါပြီ။

6. တကယ်လို့ response တွေမပေါ်ရင် disconnect အရင်လုပ် File -> properties ထဲက Settings ထဲမှာ ASCII properties ကိုဝင် echo characters ကို check လုပ်ပေးလိုက်ပါ။

Monday, 10 September 2007

Application Software with GameBoy

Electronics မှာ Software ကို အပိုင်း၂ ပိုင်းခွဲထားပါတယ်။ Embedded SW နဲ့ Application SW ဆိုပြီးခွဲတာပါ။ အရှင်းဆုံးပြောရမယ်ဆိုရင်တော့ Embedded က Microprocessor ရဲ့ Software ပိုင်းဖြစ်ပြီးတော့ Application က user interface ပိုင်း ဖြစ်ပါတယ်။ GUI (Graphical User Interface) ကိုသုံးပြီးရေးရပါတယ်။ CLI (Command Line Interface) ကိုသုံးပြီးတော့ ရေးတာကိုတော့ Embedded SW လို့ပဲ ပြောလေ့ရှိကြပါတယ်။ GameBoy က GUI ကိုသုံးပြီးရေးရတာ ဖြစ်တဲ့အတွက် Application လို့ပြောကြပါတယ်။ ကျွန်တော်လုပ်ခဲ့တဲ့ Project က GameBoy ကိုအခြေခံပြီး Microprocessor ကနေတဆင့် Data communication နဲ့ လုပ်ပြီးတော့ GameBoy မှာ Data storage နဲ့ Display လုပ်ရတဲ့ program တွေကို ရေးရတာပါ။ အောက်မှာပြထားတာက GameBoy ရဲ့ diaplay ကို Emulator SW နဲ့ ဖေါ်ပြထားတာပါ။ Emulator SW က GameBoy အစား software နဲ့ GameBoy application ကိုစစ်ဆေးတဲ့ Software လေးပါ။ Download ကိုတော့ အောက်မှာပေးထားတဲ့ Link ကနေလုပ်ယူလို့ရပါတယ်။

Download Emulator Software

Nitendo GameBoy က နေရာတကာမှာ ၀ယ်လို့ရတဲ့အတွက် ကိုယ်တိုင်လည်း Software ကိုတကယ် စမ်းသပ် ရေးကြည့်လို့ ရပါတယ်။

Sunday, 2 September 2007

Kaleid_1-2-3 Image Converter for DOS Programs

DOS Platform Programs (C++, Pascal, ...) မှာ ကိုယ်ကြိုက်တဲ့ Picture, Image တွေကိုထည့်ချင်တဲ့အခါမှာ သုံးတဲ့ Software လေးတစ်ခုပါ။ သူ့ရဲ့လုပ်ငန်းကတော့ .BMP file ကို C Source codes အဖြစ်ပြောင်းလဲပစ်လိုက်တာပါပဲ။ DOS program တွေမှာ Graphics mode (GUI) ကိုအသုံးပြုတဲ့အခါ Pixel နဲ့ Color ဆိုပြီးခွဲရေးရပါတယ်။ Pixel က အစက် (point) လေးတွေနဲ့ နေရာချပြီး Image ကိုဖန်တီးတာပါ။ Color က လိုချင်တဲ့အရောင်တွေ Hexadecimal Code တွေနဲ့ သတ်မှတ်တာပါ။ ၂၅၆ အရောင်အထိပဲ အများဆုံးရနိုင်ပါတယ်။ Image size ကတော့ Display device ပေါ်မူတည်ပြီး Limitation ရှိပါတယ်။ တွက်ချက်ပြီး ဖန်တီးမယ်ဆိုရင် အလွန်ခက်ခဲတဲ့အတွက် ဒီ Software လေးကိုသုံးကြတာပါ။ ကျွန်တော်ကတော့ GameBoy ရဲ့ Display မှာ ပုံတွေထဲ့ချင်တဲ့အခါမှာ သုံးပါတယ်။

တကယ်တော့ ဒီ Software ကို Embedded Software တွေကို ရေးတဲ့ Programmer တွေအများဆုံးသုံးလေ့ ရှိပါတယ်။ Low/ High level programming language တွေနဲ့ DOS platform မှာ Program ရေးတဲ့သူတွေအတွက် အလွန်ကောင်းပါတယ်။ Assembly Codes အဖြစ်နဲ့လည်း ထုတ်လို့ရပါတယ်။

ဥပမာ - ရွှေတိဂုံဘုရားပုံ (အပေါ်ကပုံ) ကို DOS မှာဖေါ်ပြချင်တယ်ဆိုပါတော့။ Kaleid နဲ့ပြောင်းလိုက်ရင် အောက်မှာတွေ့ရတဲ့ Code တွေပါတဲ့ C header file တစ်ခုထွက်လာမှာပါ။ အဲဒီဖိုင်ကို ယူသုံးလိုက်ရုံပါပဲ။ ရေးရတဲ့ Code တွေကိုအတိအကျသိချင်ရင်တော့ အောက်က URL မှာ ပါတဲ့ Website မှာလေ့လာနိုင်ပါတယ်။

Resolution ကတော့ DOS Mode မှာဆိုတော့ သိတဲ့အတိုင်း ခပ်နန လေးပဲရမှာပါ။

//256 Color Tile Graphics, Tile Size: 83x60, Tiles Used: 3448
#include
const u16 bagoda_gfx[110336] = {
0xFFFF,0xFFFF,0xFFFF,0xFFFF,0xFFFF,0xFFFF,0xFFFF,0xFFFF,
.............................................................................................
0xFFFF,0xFFFF,0xFFFF,0xFFFF,0xDADA,0x9ADA,0x9A9A,0xDADA,
0xD9D9,0xD9D9,0xD8D9,0xD8D8,0xD1D1,0xD9D1,0xD8D9,0xD8D8,
};

Codes လေ့လာချင်ရင်
http://www.gbajunkie.co.uk/

Software ဒေါင်းလုပ် လုပ်ချင်ရင်
Download Kaleid_1-2-3

“ရွှေတိဂုံ ဘုရား” ပုံတော်ကတော့ ကျွန်တော့်ဘော်ဒါကြီး “မောင်တုန်” လှူဒါန်းတာပါ။ ကျေးဇူးပါ ကိုမောင်လှ။

Saturday, 1 September 2007

Sunx Laser Marker

ပလတ်စတစ်၊ သစ်သား၊ ဖန်ထည်၊ သံ၊ သားရေထည် အစရှိတဲ့ မျက်နှာပြင်တွေပေါ်မှာ စာလုံးတွေထွင်းချင်၊ ရေးချင် တဲ့အခါ၊ သပ်သပ်ရပ်ရပ်နဲ့ (စာလုံးအရွယ်အစား၊ Line width 12.6 um to 655 nm အထိ) ရေးချင်တဲ့အခါ ဒီ Machine ကိုသုံးပါတယ်။ ကျွန်တော်တို့ဆီမှာသုံးတာက SunX LP-400 အမျိုးအစားပါ။ Sunx Laser Marker မှာ ၂မျိုးရှိပါတယ် CO2 နဲ့ FAYb ပါ။

CO2 Type က ဈေးသက်သာတယ်။ ဒါပေမယ့် Non-Impact အမျိုးအစား ဖြစ်ပါတယ်။ ထွင်းလို့မရဘူးပေါ့။ ပလတ်စတစ်၊ ဖန်၊ သစ်သား၊ သားရေ မျက်နှာပြင်တွေပေါ်မှာ ရပါတယ်။ LP-200, LP-300, LP-400 Models တွေရှိပါတယ်။ LP-400 ကတော့ Coated Metal Substrates တွေပေါ်မှာလည်း ရပါတယ်။

CO2 LP-400CO2 LP-200

နောက်တစ်မျိုးက FAYb Type ပါ။ သူက အထက်ကမျက်နှာပြင်တွေ အပြင် Metal တွေပါရပါတယ်။ Impact အမျိုးအစားဖြစ်လို့ ထွင်းလို့ရပါတယ်။ LP-F10, LP-V10 Models တွေရှိပါတယ်။ LP-V10 ရဲ့ Laser Beam က ပိုပြီး ကောင်းပါတယ်။

FAYb LP-V10အသုံးပြုလို့ရတဲ့ Application တွေကို အောက်မှာဖော်ပြထားပါတယ်။

Open/ Short Tester VS Phoe Thant (1)

အဲဒီမှာ ပထမဆုံး (အခုအချိန်အထိလည်း အဲဒီပုံစံတူ တွေပါပဲ) စတွေ့တဲ့ Machine ကတော့ Open/ Short Tester ပါ။ Circuit တွေမှာ Test Point တွေသတ်မှတ် Point-to-Point Open/ Short တွေကိုစစ်တာပါ။ Open/ Short ကိုတော့ ကျွန်တော် Post တစ်ခုအဖြစ်တင်ခဲ့ပြီးပါပြီ။ Panasinics Company က Fax Machine တွေရဲ့ PCB တွေကို စစ်ဆေးတဲ့ Machine ပါ။ သူက Hardware ပိုင်းနဲ့၊ ကျွန်တော်က Software (Program) ပိုင်းကိုတာဝန်ယူရပါတယ်။ C Programming Language ပါပဲ။

ပထမတစ်ခုက Modify သက်သက်ပါ။ Project တစ်ခုကို စလုပ်ရတာဆိုတော့ ကလည်ကလည်နဲ့ ဟိုလူဝင်ကူ၊ ဒီလူဝင်ကူနဲ့ ပြီးသွားတယ်ဆိုပါတော့ဗျာ။ နောက်တစ်ခုက Cavity (PCB) ၂ ခုကိုအပြိုင်တည်းစစ်ရတယ်။ Customer ကိုနောက်တစ်နေ့မနက်မှာ ပေးရမယ်ဆိုရင် ဒီနေ့ည ၁၁ နာရီလောက်မှာ အပြီးလုပ်လိုက်ရတယ်။ Problem ကတော့ သူတို့လိုချင်တဲ့ Time Limit ကို မရလို့ Speed-upလုပ်ရင်းကနေ Capacitor တွေက Charging Speed ကိုမလိုက်နိုင်တော့ Default values ဖြစ်သွားတယ်။ အဲဒီမှာ Error တွေဖြစ်ပြီး ကြာသွားတာပေါ့။ Senior တစ်ယောက်က ၀င်ကူပေးလိုက်လို့ အိမ်ပြန်ရတာပါ။ သူလုပ်လိုက်တာက Resistor တစ်ခုကို Parallel ချိတ်ပေးလိုက်တာပါပဲ။ သဘောက Charging speed ကို လျှော့ချပစ်လိုက်တာပေါ့။ Experience က စကားပြောသွားတယ်လေ။ ပညာတော်တော်ရလိုက်ပါတယ်။

နောက် ၃ ရက်လောက်ကြာတော့ အဲဒီစက် ပြန်ရောက်လာပါတယ်။ Test Point တွေ ထပ်တိုးချင်လို့တဲ့။ တော်တော်ရှုပ်တဲ့ Panasonics (PCM) ပါဗျာ။
Panasonics Fax Machine
Test Points and Channels (Just Example)

Shwe Kay & Phoe Thant

နည်းပညာနဲ့မဆိုင်တဲ့ Post တစ်ခုပါ။ ကျွန်တော် ဆက်ရေးမယ့် Post တွေနဲ့ ပါတ်သတ်မှုတွေရှိလို့ ဒီလူတွေအကြောင်း ထည့်ရေးရမှာပါ။ သူတို့က လက်ရှိကျွန်တော်နဲ့ Company အတူတူလုပ်နေကြတဲ့ သူငယ်ချင်းတွေပါ။ ပထမတစ်ယောက်က “ရွှေကေး” ပါ။ နာမည်အရင်းတော့ မရေးတော့ပါဘူး။ ရခိုင်ပေါ့။ သူက ကျွန်တော်တို့ထက် ၆လ လောက်စောပြီး ရောက်နေတာပေါ့။ နောက်တစ်ယောက်က “ဖိုးသန့်”။ သူက မုံရွာဘက်က။ ကျွန်တော့်ထက် ၂ ယောက်လုံး အသက်ငယ်ကြတယ်။ သူတို့က Company မှာ Hardware ပိုင်း၊ ကျွန်တော်က Software ပိုင်းပေါ့။ အဲဒီတော့ Senior တွေက တွေကို မြန်မာ ၂ယောက် တွဲလုပ်ခိုင်းလေ့ရှိပါတယ်။ အများစုကတော့ ဖိုးသန့် နဲ့ပါ။

Friday, 10 August 2007

GameBoy for User Interface with Machines

Microcontroller Program (Embedded SW) တွေမှာ User Interface တွေ Display တွေအသုံးပြုချင်တဲ့အခါမှာ GameBoy ဆိုတဲ့ Device လေးကိုအသုံးပြုပါတယ်။ GameBoy ဆိုတာတကယ်တော့ ကလေးတွေကစားတဲ့ TV Game လေးပါပဲ။ Memory Card ပါတဲ့အတွက် Game အသစ်တွေကို Download လုပ်ပြီးကစားလို့ရတာပေါ့။ Testing, Sensor Machine တွေမှာ သူ့ကိုအသုံးပြုရတာက ၀ယ်ရတာလွယ်တယ်၊ ဈေးသက်သာတယ်၊ RGB Display, GUI (Graphical User Interface) ရတယ်၊ သုံးရတာအဆင်ပြေတယ်၊ Software ရေးရတာအဆင်ပြေတယ် အဲဒါတွေကြောင့်ပါ။ ဘာ Debugger, Compiler အသစ်မှလည်းမလိုပါဘူး။ USB Adaptor လေးတစ်ခုရှိရင်ရပါတယ်။ များသောအားဖြင့်တော့ C language ကိုပဲအသုံးပြုပါတယ်။ ကျွန်တော်တို့သုံးတာကတော့ Visual C++ Software ပါ။ စက်ကတော့ Netando GameBoy ပါ။ သူ့မှာ Assign လုပ်စရာ Key တွေလည်းပါတော့ Menu Selection လုပ်ရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် User Interface နဲ့ Menu Selection သက်သက်ပဲရတာပါ။ တခြား ဘာ Function မှတော့ လုပ်မပေးနိုင်ပါဘူး။ Machine တွေနဲ့တွဲသုံးပါတယ်။


Netando Game Boy လေးတွေရဲ့ပုံပါ။

Thursday, 9 August 2007

Short Commands (C language)

Short Commands ဆိုတာကတော့ C (ANSI* Standard) ရေးတဲ့အခါမှာ Microcontroller chip တွေဆီကို ပေးတဲ့ Command ပုံစံပါ။ Microcontroller မှာ OS မရှိတဲ့အတွက် Command တွေကို တိုက်ရိုက်ပေးလို့မရနိုင်ပါဘူး။ ဥပမာ - DIR command ကို Storage drive တစ်ခုဆီကို ပေးချင်တယ်ဆိုကြပါစို့။ MS-DOS မှာဆိုရင် C:\>DIR (Enter) ဆိုရင်ရပါပြီ။ ဒါကို Extended Command လို့ခေါ်ပါတယ်။ ဒါပေမယ့် Microcontroller မှာကျတော့ $01, $0D ဆိုတဲ့ Short Command ကိုသုံးရပါတယ်။ $01 က DIR command ပါ။ $0D က (Enter) ပါ။ Hexadecimal system ကိုသုံးပြီးတွက်ရပါတယ်။ 01=0000 0001, 0D=0000 1101 ပေါ့။ Monitor Port Commands လို့လည်းခေါ်ပါတယ်။ သက်ဆိုင်တဲ့ Port တွေကို သက်ဆိုင်တဲ့ bit တွေပို့ရပါတယ်။ ဘာလို့လဲဆိုတော့ Port တွေက Binary digit တွေကိုပဲလက်ခံနိုင်လို့ပါ။ Internet မှာ Short Commands လို့ရှာပြီးဆက်လက်လေ့လာနိုင်ပါတယ်။ ကျွန်တော်သုံးတာ Vinculum VNC1L Disk Interface Firmware ကိုသုံးပြီး ပို့တာပါ။

*ANSI = American National Standard Institute

Wednesday, 8 August 2007

G Programming with LabVIEW - (1)

LabVIEW (G programming) နဲ့ Program ရေးတဲ့အခါမှာ Front Panel နဲ့ Block Diagram ဆိုပြီး ၂ နေရာမှာ ရေးရပါတယ်။ Front Panel ဆိုတာက VB မှာ Form (User Interface) လိုဖြစ်ပြီး Block Diagram က VB မှာ Code (Logic) ပုံစံမျိုးဖြစ်ပါတယ်။ ဒီမှာတော့ စာမရေးရပဲ Logic Diagram (Icon), Flow line လေးတွေနဲ့ Program တည်ဆောက်ရပါတယ်။ အောက်မှာ ဥပမာလေးတစ်ခုပြထားပါတယ်။ Front Panel မှာ Controls Box က Component တွေကိုသုံးရပြီးတော့ Block Diagram မှာတော့ Functions Box က Component တွေကိုသုံးရပါတယ်။ Reference Manual နဲ့တွဲပြီးလေ့လာပါ။ လွယ်ပါတယ်။

Front Panel


Controls Box


Block Diagram

Functions Box

Run လိုက်ရင်ထွက်လာတဲ့ Screen Design ပါ။

HP 16500A Logic Analysis System

ဒီစက်ကတော့ Microcontroller Program တွေရေးတဲ့အခါမှာ Ports တွေကနေ ကိုလိုချင်တဲ့ Singnal, Waveform တွေထွက်ရဲ့လားလို့စစ်ဆေးတဲ့ Analysis system စက်ပါ။ ကျွန်တော်အခုရေးနေတဲ့ Program ကို ပထမဆုံး 2 Channels Analogue Oscilloscope နဲ့ signal အမှန်ထွက်မထွက်စစ်ကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော့် program က 4 channels (CLK, SC, DIN, DOUT) ထုတ်ပေးတာဆိုတော့ 2 Channels နဲ့မလုံလောက်တဲ့အခါ 4 Channel Digital Oscilloscope ကိုသုံးကြည့်ပါတယ်။ အဆင်ပြေပါတယ်။ ဒါပေမယ့် လက်က ၂ ဖက်ပဲရှိတာရယ် Wire တွေကရှုပ်နေတာရယ်ကြောင့် Waveform တွေကို Break ပြီးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ အဲဒီအခါမှာ ကျွန်တော်ဒီစက်ကို ပြောင်းပြီးသုံးဖို့ ကြိုးစားရပါတယ်။ ဒီစက်က Channel ပေါင်း ၇၅ ခုကို တပြိုင်နက်မှာ Waveform တိုင်းတာလို့ရပါတယ်။ စက်ကတော့ ခေတ်နောက်ကျနေပါပြီ။ ဒါပေမယ့် အလွန်အသုံးကျနေပါသေးတယ်။ HP (Hewlett Packard) ကထုတ်ပါတယ်။ 16500A Logic Analysis System ပါ။ Digital Waveform တွေကိုထုတ်ပေးပါတယ်။ Oscilloscope တွေထက် အလွန်တိကျတဲ့ Digital Waveform တွေထုတ်ပေးပါတယ်။

Tektronix 2/ 4 Channels Digital Storage Oscilloscopes
HP 6500A Logic Analysis System

Monday, 6 August 2007

LabVIEW (G Programming)

အခုကျွန်တော်လေ့လာနေတဲ့ Programming Language တစ်ခုအကြောင်းပြောမလို့ပါ။ ကျွန်တော်လည်း ချာချာလည်နေတော့ အမြည်းသဘောလောက်ပဲ ပြောပြနိုင်မှာပါ။ G Programming လို့ခေါ်ပါတယ်။ အရှည်ကတော့ Graphical Programming ပါ။ Symbol, Ports, Instruments တွေကိုအသုံးပြုပြီးတော့ Program တည်ဆောက်ရပါတယ်။ Logics, Flow Diagrams, Variables, .... အစရှိတဲ့ ရဲ့ဆက်စပ်ကိရိယာတွေပါပါတယ်။ အားလုံး Symbol လေးတွေနဲ့ပါ။ အသုံးပြုရတဲ့ Software နာမည်ကတော့ LabVIEW လို့ခေါ်ပါတယ်။ NI (National Instruments) ဆိုတဲ့ Company ကထုတ်လုပ်ပါတယ်။ NIMax လို့လည်းခေါ်ပါတယ်။ ပထမဆုံး VI (Virtual Instruments) diagram တည်ဆောက်ရပါတယ်။ Visual Basic မှာဆိုရင်တော့ Form ပေါ့။ နောက် Block Diagram ထဲမှာ program logic တွေထည့်ရပါတယ်။ Visual Basic မှာဆိုရင်တော့ Code ပေါ့။ ပြီးရင်တော့ထုံးစံအတိုင်း Program ကို Run ရပါတယ်။ Reference Manual ပါထည့်ပေးလိုက်ပါတယ်။ လေ့လာကြည့်ပါ။ အဓိကအသုံးပြုတဲ့ နေရာတွေကတော့ Automation , Measurements, Robotics Applications တွေမှာပါ။

Download : G Programming Reference Manual (for LabVIEW)

Tuesday, 31 July 2007

USB Vs other ports

USB port နဲ့ RS232, Header (Connector) တွေကိုချိတ်ဆက်တဲ့ Circuit Diagram လေးတွေပါ။

၁။ ပထမတစ်ခုက USB port နဲ့ RS232 port ကိုချိတ်ဆက်တာဖြစ်ပါတယ်။ Computer ထဲမှာ built-in မဟုတ်တဲ့အတွက် external power supply (5V) တော့ပေးရပါမယ်။ Computer မပါပဲ USB port ကိုအသုံးပြုပြီး storage device ကနေ data (Read, Write) ချင်တဲ့အခါမှာသုံးပါတယ်။ UART mode လို့ခေါ်ပါတယ်။

၂။ ဒုတိယတစ်ခုကတော့ USB port နဲ့ Header ကိုချိတ်တဲ့ပုံစံပါ။ SPI mode လို့ခေါ်ပါတယ်။ Software ကနေကတော့ Virtual port လို့လည်းခေါ်ပါတယ်။

ဘယ်လိုခွဲခြားပြီးသုံးလို့ရလဲဆိုရင်တော့ ကျွန်တော်တို့သုံးတဲ့ Microcontroller က RS232 port ကို ၂ ခုပဲလက်ခံတယ်ဆိုပါစို့။ ကျွန်တော်ကလည်း အဲဒီ port ၂ ခုလုံးကိုအသုံးပြုခဲ့ပြီးဖြစ်နေချိန်မှာ USB port နဲ့ data (Read, Write) လုပ်ချင်တဲ့အခါမှာ SPI mode ကိုသုံးရပါတယ်။ SPI မှာ Master mode နဲ့ Slave mode ဆိုပြီး၂ မျိုးရှိပါတယ်။ Master က USB, MMC (Memory Card) device တစ်ခုမကသုံးလို့ရပြီး Slave ကတော့ device တစ်ခုပဲ သုံးလို့ရပါတယ်။ ကျွန်တော်ကတော့ Slave mode ကိုပဲသုံးဘူးပါတယ်။ USB Port ကိုတော့ ကြိုက်တဲ့အမျိုးအစား သုံးလို့ရပါတယ်။ အခုအသုံးပြုထားတာက VDrive2 ဆိုတဲ့တံဆိပ်ပါ။

- အောက်ကပုံလေးတွေက VDrive2 နဲ့ RS232 (Male, Female) ရဲ့ပုံတွေပါ။

မှတ်ချက် ။ ။ UART, SPI, RS232 အကြောင်းတွေကိုတော့ အရင် post တွေမှာရှင်းပြခဲ့ပြီးပါပြီ။

Diagram (1)

Diagram (2)


Monday, 30 July 2007

Basics of Embedded Software

Testing Software ဆိုတာကတော့ Electronics Circuit တွေမှာ Testing points ဆိုတာတွေရှိပါတယ်။ အဲဒါတွေမှာရှိတဲ့ အခြေအနေတွေကို စစ်တာဖြစ်ပါတယ်။ ဥပမာ Channel 1-5 နဲ့ Channel 4-6 ကဆက်စပ်မှုရှိရမယ် ဆိုပါတော့။ အဲဒါဆိုရင် Channel 1-5 ကနေ signal တစ်ခုပေး၊ Channel 4-6 ကနေ signal ပြန်ဖမ်း၊ လိုချင်တဲ့ signal ရရင် connection (Short) ရှိတယ်။ မရရင် (Open) ဆိုပြီးသတ်မှတ်ပါတယ်။ Computer သမားတွေအနေနဲ့ပြောရရင် Short=1, Open=0 ပေါ့။ Channel တွေ ဆက်စပ်မှုရှိကိုရှိရမယ် ဆိုရင် short ဖြစ်ပြီးတော့ သပ်သပ်စီရှိရမယ်ဆိုရင် open ပေါ့။ များသောအားဖြင့်တော့ ဒီ Logic နဲ့စစ်ပါတယ်။ ထပ်ဆင့်ပြီးပြုလုပ်မယ်ဆိုရင်တော့ Data ကို External devices (MMC, USB, RS232) တွေကယူတာ၊ Results ကို Display (LCD, LED), Storage devices (MMC, USB), ports (RS232) တွေမှာသွားရေးတာ တွေပါလာပါပြီ။ Embedded software တွေက ဒီ logic ကိုအခြေခံပြီးရေးကြတာပါ။ Electronics hardware knowledges တော့ရှိရပါမယ်။

Friday, 27 July 2007

Related Header Files and Compliers (for C language)

Embedded Software (Firmware) ရေးတဲ့အခါမှာ header file, Complier တွေကအရေးကြီးပါတယ်။ ကိုသုံးမည့် Microchip နဲ့ဆိုင်တဲ့ header file, Complier တွေမရှိရင် Software လည်းရေးလို့မရပါဘူး။ Complie တောင်လုပ်လို့မရနိုင်ပါဘူး။ ဥပမာအားဖြင့် ကျွန်တော်တို့က C8051F320 ဆိုတဲ့ Microcontroller နဲ့ SC2004 ဆိုတဲ့ LCD Module ကိုသုံးကြမယ်ဆိုပါစို့၊ အဲဒီအတွက် SC2004LCD.h, C8051F320.h ဆိုတဲ့ header file တွေရှိရပါမယ်။ အများအားဖြင့်တော့ Internet မှာရှာလို့ရပါတယ်။ တစ်ချို့ကျတော့လည်း Chip ၀ယ်တဲ့အခါမှာပါပါတယ်။ Chip နဲ့သက်ဆိုင်တဲ့ Compiler မှာလည်း Header file creation Tool တစ်ခုအဖြစ်နဲ့ပါလေ့ရှိပါတယ်။ Cygnal Chip တွေအတွက်ဆိုရင် Silicon Labs Compiler မှာ Config2 ဆိုတဲ့ Tool အနေနဲ့ပါပါတယ်။ အဲဒီလိုပဲ Chip မတူရင် Compiler လည်းကွာခြားလေ့ရှိပါတယ်။ ဥပမာ- ARM ဆိုရင် Keil၊ Cygnal ဆိုရင် Silicon Labs၊ Hitachi ဆိုရင် HI-TECH၊ NEC ဆိုရင် IAR အစရှိသဖြင့် Compiler တွေရှိကြပါတယ်။ အဲဒီ Compiler တွေကတော့ Chip ၀ယ်တဲ့အခါမှာ Installer CD နဲ့ပါပါတယ်။ Internet မှာရှာရင်တော့ Trial တို့၊ Demo တို့ပဲရနိုင်ပါတယ်။ JAVA Language နဲ့ရေးမယ်ဆိုရင်လည်း JAVA Compiler လိုပါတယ်။ Assembly Language နဲ့ရေးမယ်ဆိုရင်တော့ Compiler မလိုပါဘူး။

Thursday, 26 July 2007

Teach Yourself Electricity and Electronics (3rd Edition)



ဒီစာအုပ်က Electrical, Electronics Hardware ကိုလေ့လာနေတဲ့သူတွေအတွက်ပါ။ Electronics Hardware ကိုအခြေခံကစပြီး လေ့လာနိုင်ပါတယ်။ ဒီစာအုပ်ပေးတဲ့ Blog ပေါ် က Brother ကိုကျေးဇူးပါ။

Download : Teach Yourself Electricity and Electronics

Tuesday, 24 July 2007

Installing RAID

RAID device တစ်ခုကို Install လုပ်မယ်ဆိုရင် ...
၁။ ပထမဆုံး Hard Disk Drive တွေကိုတပ်ပါ။
၂။ Jumper Setting ပြောင်းပါ။ setting ကတော့ Mother board စာအုပ်ထဲမှာဖတ်ပြီးပြောင်းလို့ရပါတယ်။
၃။ Restart လုပ်ပါ။ Raid Utility ထဲဝင်ပြီး RAID Device တစ်ခုတည်ဆောက်ပါ။ Utility ကိုဝင်တာကတော့ သက်ဆိုင်တဲ့ Mother Board စာအုပ်မှာပါပါတယ်။ အများအားဖြင့်တော့ F12 ကိုနှိပ်ပြီးဝင်ပါတယ်။
၎။ RAID device တည်ဆောက်တဲ့အခါ name, RAID level, storage capacity တို့ကို ရွေးရပါတယ်။ RAID 2 ဆိုရင် Hard Disk ၂ခု အနည်းဆုံး၊ RAID 10 ဆိုရင် Hard Disk ၄ခု အနည်းဆုံးရှိရပါတယ်။ HDD တွေက အမျိုးအစား (SATA, IDE) ၊ Storage capacity တွေတူရပါတယ်။ မတူတာတွေနဲ့တော့ ကျွန်တော်မလုပ်ဘူးပါဘူး။ Reference ထဲမှာလည်းတူရမယ်လို့ပါလို့ပါ ...း)
၅။ Driver Disk (Floppy) လုပ်ရပါတယ်။ သတိထားဖို့က RAID driver မှန်ဖို့အရေးကြီးပါတယ်။ မှားရင် Window Installation အခါမှာ HDD ကိုမတွေ့ဘူးလို့ပြောပါလိမ့်မယ်။
၆။ Windows XP တင်ရင် F6 ကိုနှိပ်ပြီး driver ကို တင်ပါ။ ပြီးရင် F3 နှိပ်ပြီး driver installation ကနေထွက်လိုက်ပါ။
၇။ Driver မှန်ခဲ့ရင် Window ကို ပုံမှန်အတိုင်းပြီးဆုံးတဲ့အထိ တင်သွားပါလိမ့်မယ်။
၈။ Window Explorer ထဲမှာ HDD တစ်ခုကိုပဲတွေ့ရမှာပါ။ Intel Storage Matrix Software ကိုတင်ပြီး HDD တွေကိုကြည့်ရင် HDD အကုန်လုံးကိုမြင်နိုင်ပါတယ်။
RAID ကိုအဓိကအားဖြင့်တော့ Database တွေအတွက် Backup လုပ်ဖို့သုံးပါတယ်။ ASUS Mother board တွေနဲ့သုံးရင်ပိုပြီး အဆင်ပြေပါတယ်။

Monday, 23 July 2007

Schematic with OrCAD (1)

OrCAD နဲ့ Schematic ဆွဲတော့မယ်ဆိုရင် - ၁

OrCAD နဲ့ Circuit design စဆွဲတော့မယ်ဆိုရင် အရင်ဆုံး OrCAD Layoutထဲကိုဝင်ရပါတယ်။ အဲဒီမှာအခက်အခဲတွေ့နိုင်တာကတော့ License ပါ။ License file ကို OrCAD Installer CD ထဲကနေ Computer ထဲကို အရင်ဆုံးကူးထည့်ထားဖို့ လိုပါတယ်။ Layout ထဲကိုရောက်သွားရင် File Menu ထဲက New ထဲမှာ New Project ကိုရွေးရပါတယ်။ အဲဒီအခါမှာ Dialog Box လေးပေါ်လာပါလိမ့်မယ်။

Project Name ကိုပေး။ Schematic Option ကိုရွေး။ OK ကိုနှိပ်ပါ။

ဒီအခြေအနေရောက်ရင် Schematic စဆွဲလို့ရပါပြီ။ ဒါက Tool Bar ပါ။

Tools တွေကို ဘယ်ကနေညာအတိုင်း ကြည့်မယ်ဆိုရင်...

  1. Select
  2. Place part
  3. Place wire
  4. Place net alias
  5. Place Bus
  6. Place junction
  7. Place bus entry
  8. Place power
  9. Place ground
  10. ........
  11. ........
  12. ........

ဆိုပြီးတွေ့ရပါတယ်။

1. Select

ဒီ Tool ကတော့ ပြောစရာမလိုဘူးထင်ပါတယ်။

2. Place part

ဒါက Components တွေကို နေရာချတဲ့ Tool ပါ။ ရွေးလိုက်ရင် ဒီ လေးပေါ်လာမှာပါ။

ညာဘက်ဒေါင့်က Component ရဲ့ Preview ပါ။ ဒီ Circuit Design လေးကို ဆွဲကြည့်ပါ။

Wednesday, 18 July 2007

RS232 in C Programming

ဒီ Program ကတော့ C, C++ Programming Language နဲ့ RS232 (COM) ကို ရေး၊ ဖတ်တဲ့ Program လေးပါ။ သူ့ကိုရေးဖို့ဆိုရင် bios.h (Header file) လိုပါတယ်။ bios.h အတွက် download လုပ်ဖို့လည်းပေးထားပါတယ်။ bioscom(..., ..., ...) ဆိုတဲ့ Command လေးကိုသုံးပြီးရေးထားတာပါ။ ဒါပေမယ့် Display ပြဖို့အတွက်တော့ LEDs ဒါမှမဟုတ် LCD display လိုပါလိမ့်မယ်။

#include "bios.h"
#include "conio.h"
#include "dos.h"

#define COM1 0
#define DATA_READY 0x100
#define SETTINGS ( 0x80 | 0x02 | 0x00 | 0x00)

int main(void)
{
int in, out, status;
bioscom(0, SETTINGS, COM1); /*initialize the port*/
cprintf("Data sent to you: ");
while (1)
{
status = bioscom(3, 0, COM1); /*wait until get a data*/
if (status & DATA_READY)
if ((out = bioscom(2, 0, COM1) & 0x7F) != 0) /*input a data*/
putch(out);
if (kbhit())
{
if ((in = getch()) == 27) /* ASCII of Esc*/
break;
bioscom(1, in, COM1); /*output a data*/
}
}
return 0;
}

Download : bios.h

"Electronics" Designer

“အီလက်ထရွန်းနစ်ဒီဇိုင်နာ” ဆိုတာကတော့ အရောင်တွေအကြောင်း၊ Tone တွေအကြောင်း၊ Special Effect တွေအကြောင်းသိစရာမလိုပါဘူး။ ဒါပေမယ့် Electronics Components တွေအကြောင်းတော့သိဖို့လိုပါမယ်။ ပြီးတော့ ကိုလည်းကိုယ်တိုင် Circuit ဒီဇိုင်းထုတ်တတ်ရင်တော့ ပိုကောင်းပါတယ်။ Software ကတော့ OrCAD Software Package ကိုအများဆုံးအသုံးပြုကြပါတယ်။ Schematic, Layout, Simulation ဆိုပြီးအဆင့်ဆင့် တည်ဆောက် သွားခြင်းအားဖြင့် Electronics Circuit တစ်ခုကိုရပါတယ်။ PCB (Printed Circuit Board) လို့အတိုကောက် ခေါ်ပါတယ်။ OrCAD Software Pacakage မှာပါတဲ့ Software တွေကတော့ Capture, Layout, PSpice AD တို့ဖြစ်ပါတယ်။ အခြား Tools လေးတွေလည်းပါပါတယ်။ အသုံးပြုနည်းအဆင့်ဆင့်ကိုလည်း ဖေါ်ပြသွားပါမယ်။ ကျွန်တော်တို့ သုံးတာကတော့ OrCAD Version 10.0.0 ပါ။

Tuesday, 17 July 2007

USB Virtual Port

Mocrocontroller နဲ့ USB port ကို အသုံးပြုချင်တဲ့အခါမှာ ပုံမှန်အားဖြင့်တော့ RS232 ကို support လုပ်တဲ့ Port (RXD, TXD) တစ်ခုအနဲဆုံးပါရပါမယ်။ ဒါကို Serial Port လို့ခေါ်ပါတယ်။ ဒါပေမယ့် USB မှာ Mode ၂ မျိုးရှိပါတယ်။ တစ်ခုက UART Mode ဖြစ်ပြီး နောက်တစ်ခုက SPI (Serial Peripheral Interface) Mode ကို အဖြစ်အသုံးပြုလို့ရပါတယ်။ UART အကြောင်းကိုတော့ ကျွန်တော်တင်ခဲ့ပြီးပါပြီ။ အဲဒီလိုသုံးတဲ့အခါမှာ Software ကနေရေးပြီးသုံးရပါတယ် (Virtual Port လို့ခေါ်ပါတယ်)။ Timing Diagram ကိုကြည့်ပြီးရေးရပါတယ်။ အဲဒါကတော့ သက်ဆိုင်တဲ့ USD Device ရဲ့ Data Sheet မှာပါပါတယ်။ အဓိကကြည့်ရမှာတွေကတော့ CLK (Clock), CS (Chip Select), Input, Output Timing တွေပါပဲ။ အောက်မှာ နမူနာ Timing Diagram တွေ ပေးထားပါတယ်။ ရေးရတဲ့ Code တွေကိုတော့ နောက်မှ ထပ်တင်ပါမယ်။

Monday, 16 July 2007

First Steps With Embedded Systems

အခု PDF file ကတော့ Microcontroller နဲ့ပါတ်သတ်တဲ့ အခြေခံ Hardware/Software တွေကို အကြမ်းဖျင်းရှင်းပြထားပါတယ်။ စပြီးလေ့လာသူတွေအတွက် သင့်တော်မှာပါ။ C Programming Language ကိုအခြေခံပြီးရှင်းပြထားပါတယ်။

Download : First Steps With Embedded Systems

Learning SCI (Serial Communication Interface) at Microcontroller

ဒါတွေကတော့ SCI (Serial Communication Interface)/ RS232 ကိုအသုံးပြုပြီး Microcontroller Program တွေရေးချင်တဲ့ သူတွေလေ့လာလို့ ရပါတယ်။ ဒါပေမယ့် ကိုသုံးမယ့် Microchips တွေက RS232/ Serial Communication လက်ခံလား လက်မခံဘူးလားဆိုတာကိုတော့ အရင်လေ့လာဖို့လိုပါလိမ့်မယ်။
ဒီမှာလေ့လာဖို့အတွက် Hitachi H8/30xx series Datasheet ကိုပါထည့်ပေးလိုက်ပါတယ်။ ကိုသုံးချင်တဲ့ Chip ရဲ့ Datasheet ကိုတော့ Internet မှာရှာလို့ရပါတယ်။

Download : Hitachi H8/30xx series Datasheet
Download : Serial Communications Interface

Friday, 13 July 2007

Embedded System (E-Book)

This Book is good for learners, who want to understand the "Embedded Software". This book is published at "October 01, 2006", so its update book. Its small size storage but effective. You can download quickly and read.

Download Programming Embedded Systems (By Michael Barr, Anthony Massa)

Thursday, 12 July 2007

Microcontroller ROM types

Microcontroller can be classify by TWO types, according to its download function.
(1) Flash
(2) Flash and Debug

"Flash" means only download and execute the firmware. Such as some of "Hitachi" series.
"Flash and Debug" means download, execute and can debug (insert brake, watches for pots, data) during running the firmware. Debug by programmer, which attached to computer's aplication. Such as some of "Sygnal" series.
But..."Flash and Debug" mode microcontroller has normally no warrenty.
(Warrenty periods for microcomtrollers are mostly 3 years)

In Myanmar mostly used "PICxxx" series. They also cannot debug.

Debugger for "Sygnal" series Microcontroller