Monday, 29 December 2008

Double Head (Double Auger) Powder Filler

ပုံမှန် Powder Filler က Head တစ်ခုတည်းနဲ့ 2 Speed သုံးပြီး အမှုန့်တွေကို ဖြည့်လေ့ရှိတယ်။ First နဲ့ Second speed ပေါ့။ Normal speed နဲ့ Prelim speed လို့ ခေါ်တာပေါ့။ Double Head (Auger) ကျတော့ အဲဒီသဘောကိုပဲ Head နှစ်ခုခွဲလုပ်တာပါ။ Calculation နဲ့ Processing (speed change) time ကို ကျသွားအောင်လုပ်တာပေါ့။ ပထမ head က Normal speed ပဲဖြည့်တယ်။ ဒုတိယ head က Second speed နဲ့ဆက်ဖြည့်တာပါပဲ။ Container ၂ခုကို တစ်ပြိုင်နက်ဖြည့်တာပေါ့။ Conveyor (Assembly line) ပေါ်မှာအလုပ်လုပ်မှ အဆင်ပြေနိုင်ပါတယ်။



Friday, 26 December 2008

TX Level & RX Gain related to NOISE

ကျွန်တော် ဒုက္ခရောက်ခဲ့တဲ့ အတွေ့အကြုံလေးတစ်ခုပါ။ Modem data communication Project လေးတစ်ခုကို ရေးတုန်းက Terminal နှစ်ခုကို Single Tone Dual Frequency (V.21 300bps FSK High band, Bell 103 300bps FSK High band, V.23 FSK 75bps, Bell 202 FSK Protocols) နဲ့ပို့တော့ နဲ့ Tx Level & Rx Gain တွေကို steps ရွေးလို့ရအောင်ရေးတာပေါ့။ အဲဒီမှာ ပြဿနာက Transmit ပိုင်းမှာတော့ အိုကေပဲ။ Receive ပိုင်းကျတော့ Noise တွေဝင်လာပါလေရော။ ကျွန်တော်က Tx level နဲ့ Rx gain တွေကို ချိန်တဲ့နေရှာမှာ step တစ်မျိုးရွေးလိုက်တာနဲ့ ၂ ခုလုံး Set ဖြစ်သွားအောင် ရေးထားလိုက်တယ်။ တစ်ကယ်တော့ Tx level > Rx gain ဖြစ်ရမယ်လေ။ နို့မို့ဆို Noise တွေကိုပါ Rx ဘက်က Amplify လုပ်လိုက်တော့ garbage data အများကြီး ထွက်လာတာပေါ့လေ။ Software Protocol ဘက်ကနေ အမျိုးမျိုး Filter လုပ်တယ်။ မရဘူး။ နောက်ဆုံး Rx gain ကို လျှော့ချပြီး လွှင့်ကြည့်မှ အိုကေသွားတယ်။ Try in Error လုပ်လိုက်တာပါ။ Theory တွေကို မပိုင်ခဲ့တဲ့ ဆိုးကျိုးပေါ့ဗျာ။

Monday, 22 December 2008

DTMF (Dual Tone Multi Frequency) (Part - 1)

DTMF Key Pad လေးတွေကို လူတိုင်းသုံးဘူးကြမှာပါ။ ကျွန်တော်ပြောချင်တာက အဲဒီ DTMF ရဲ့ Encoding and Decoding အကြောင်းတွေပါ။

DTMF ဆိုတာက ကျွန်တော်ဟိုအရင်ကရေးဘူးတဲ့ PWM နဲ့ယှဉ်ပြောရမယ်ဆိုရင် PWM က Single Tone အတွက် Dual Frequency ပါ။ ဥပမာ 1 အတွက် 2 KHz Frequency နဲ့ 0 အတွက်က 1.5 KHz Frequency ဆိုပါစို့။ DTMF ကျတော့ 0 အတွက် 941, 1633 Hz ထုတ်ပြီးတော့ 1 အတွက် 697, 1209 Hz ထုတ်တာပါ။ 2, 3, 4, 5, 6, 7, 8, 9, A, B, C, D, E, F တွေအတွက်လည်း Tone pair တွေရှိပါတယ်။ သဘောကတော့ A (0x65) ဆိုတဲ့ character ကို transmit လုပ်ဖို့အတွက် PWM က 0110 0101 = 2000, 1500, 2000, .... Hz တွေထုတ်ရပြီးတော့ DTMF ကတော့ 6 5 = 770-1477, 770-1336 Hz တွေ ထုတ်ရတဲ့သဘောပါ။ သဘောကတော့ PWM နဲ့ဆိုရင် 8-bit အတွက် ၈ ခါပို့ရပြီးတော့ DTMF နဲ့ဆိုရင် 8-bit အတွက် ၂ ခါပဲ ပို့ရတဲ့သဘောပါ။

DTMF ရဲ့အားသာချက်က Noise အလွန်နည်းပြီးတော့ Security အလွန်ကောင်းပါတယ်။ အားနည်းချက်ကတော့ DTMF start-up time ကြာတာပါပဲ။ သူ့ရဲ့ Tone pair (frequency pair) တွေနဲ့ Key တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ ဇယားတွေကို အောက်မှာပြထားပါတယ်။ ဒါတွေက တစ်ကမ္ဘာလုံးက သုံးနေတဲ့ DTMF tone တွေပါ။

ကျွန်တော်အခုသုံးတဲ့ CMX865 မှာတော့ start-up time က ကြာ
ပါတယ် one key အတွက် 40 ms အနည်းဆုံးပါ။ ကျွန်တော်လိုချင်တဲ့ 200 Baud မရနိုင်တဲ့အတွက် DTMF ကိုမသုံးနိုင်ပါဘူး။ Single tone ကိုပဲ သုံးလိုက်ပါတယ်။ Noise အတွက်တော့ Software/ Hardware Filter တွေထပ်ခံရမယ်ထင်တယ်။ ပြီးတော့ Digital & Analogue ground ကိုခွဲရပါလိမ့်မယ်။




Tuesday, 9 December 2008

Short Notes (2)

Active Low အတွက် Signal ကို Scope နဲ့ဖတ်တဲ့အခါမှာ Low ဖြစ်တဲ့ Pulse ကိုပဲ ဖတ်ရပြီးတော့ Active High အတွက်ဆိုရင် High ဖြစ်တဲ့ Pulse ကိုဖတ်ရပါတယ် Pulse ကိုဖတ်တဲ့အခါမှာလည်း One Cycle အပြည့်ကို ဖတ်လို့မရပါဘူး။ ဖတ်ခဲ့ရင် Pulse Rate (Frequency) ရသွားမှာပါ။ Pulse (Time) ကိုလိုချင်တဲ့အတွက် Pulse (Low/ High) ဖြစ်သွားတဲ့ အချိန်လေးကိုပဲ ဖတ်ပါ။