Monday, 22 December 2008

DTMF (Dual Tone Multi Frequency) (Part - 1)

DTMF Key Pad လေးတွေကို လူတိုင်းသုံးဘူးကြမှာပါ။ ကျွန်တော်ပြောချင်တာက အဲဒီ DTMF ရဲ့ Encoding and Decoding အကြောင်းတွေပါ။

DTMF ဆိုတာက ကျွန်တော်ဟိုအရင်ကရေးဘူးတဲ့ PWM နဲ့ယှဉ်ပြောရမယ်ဆိုရင် PWM က Single Tone အတွက် Dual Frequency ပါ။ ဥပမာ 1 အတွက် 2 KHz Frequency နဲ့ 0 အတွက်က 1.5 KHz Frequency ဆိုပါစို့။ DTMF ကျတော့ 0 အတွက် 941, 1633 Hz ထုတ်ပြီးတော့ 1 အတွက် 697, 1209 Hz ထုတ်တာပါ။ 2, 3, 4, 5, 6, 7, 8, 9, A, B, C, D, E, F တွေအတွက်လည်း Tone pair တွေရှိပါတယ်။ သဘောကတော့ A (0x65) ဆိုတဲ့ character ကို transmit လုပ်ဖို့အတွက် PWM က 0110 0101 = 2000, 1500, 2000, .... Hz တွေထုတ်ရပြီးတော့ DTMF ကတော့ 6 5 = 770-1477, 770-1336 Hz တွေ ထုတ်ရတဲ့သဘောပါ။ သဘောကတော့ PWM နဲ့ဆိုရင် 8-bit အတွက် ၈ ခါပို့ရပြီးတော့ DTMF နဲ့ဆိုရင် 8-bit အတွက် ၂ ခါပဲ ပို့ရတဲ့သဘောပါ။

DTMF ရဲ့အားသာချက်က Noise အလွန်နည်းပြီးတော့ Security အလွန်ကောင်းပါတယ်။ အားနည်းချက်ကတော့ DTMF start-up time ကြာတာပါပဲ။ သူ့ရဲ့ Tone pair (frequency pair) တွေနဲ့ Key တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ ဇယားတွေကို အောက်မှာပြထားပါတယ်။ ဒါတွေက တစ်ကမ္ဘာလုံးက သုံးနေတဲ့ DTMF tone တွေပါ။

ကျွန်တော်အခုသုံးတဲ့ CMX865 မှာတော့ start-up time က ကြာ
ပါတယ် one key အတွက် 40 ms အနည်းဆုံးပါ။ ကျွန်တော်လိုချင်တဲ့ 200 Baud မရနိုင်တဲ့အတွက် DTMF ကိုမသုံးနိုင်ပါဘူး။ Single tone ကိုပဲ သုံးလိုက်ပါတယ်။ Noise အတွက်တော့ Software/ Hardware Filter တွေထပ်ခံရမယ်ထင်တယ်။ ပြီးတော့ Digital & Analogue ground ကိုခွဲရပါလိမ့်မယ်။




No comments:

Post a Comment