Friday, 10 August 2007

GameBoy for User Interface with Machines

Microcontroller Program (Embedded SW) တွေမှာ User Interface တွေ Display တွေအသုံးပြုချင်တဲ့အခါမှာ GameBoy ဆိုတဲ့ Device လေးကိုအသုံးပြုပါတယ်။ GameBoy ဆိုတာတကယ်တော့ ကလေးတွေကစားတဲ့ TV Game လေးပါပဲ။ Memory Card ပါတဲ့အတွက် Game အသစ်တွေကို Download လုပ်ပြီးကစားလို့ရတာပေါ့။ Testing, Sensor Machine တွေမှာ သူ့ကိုအသုံးပြုရတာက ၀ယ်ရတာလွယ်တယ်၊ ဈေးသက်သာတယ်၊ RGB Display, GUI (Graphical User Interface) ရတယ်၊ သုံးရတာအဆင်ပြေတယ်၊ Software ရေးရတာအဆင်ပြေတယ် အဲဒါတွေကြောင့်ပါ။ ဘာ Debugger, Compiler အသစ်မှလည်းမလိုပါဘူး။ USB Adaptor လေးတစ်ခုရှိရင်ရပါတယ်။ များသောအားဖြင့်တော့ C language ကိုပဲအသုံးပြုပါတယ်။ ကျွန်တော်တို့သုံးတာကတော့ Visual C++ Software ပါ။ စက်ကတော့ Netando GameBoy ပါ။ သူ့မှာ Assign လုပ်စရာ Key တွေလည်းပါတော့ Menu Selection လုပ်ရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် User Interface နဲ့ Menu Selection သက်သက်ပဲရတာပါ။ တခြား ဘာ Function မှတော့ လုပ်မပေးနိုင်ပါဘူး။ Machine တွေနဲ့တွဲသုံးပါတယ်။


Netando Game Boy လေးတွေရဲ့ပုံပါ။

Thursday, 9 August 2007

Short Commands (C language)

Short Commands ဆိုတာကတော့ C (ANSI* Standard) ရေးတဲ့အခါမှာ Microcontroller chip တွေဆီကို ပေးတဲ့ Command ပုံစံပါ။ Microcontroller မှာ OS မရှိတဲ့အတွက် Command တွေကို တိုက်ရိုက်ပေးလို့မရနိုင်ပါဘူး။ ဥပမာ - DIR command ကို Storage drive တစ်ခုဆီကို ပေးချင်တယ်ဆိုကြပါစို့။ MS-DOS မှာဆိုရင် C:\>DIR (Enter) ဆိုရင်ရပါပြီ။ ဒါကို Extended Command လို့ခေါ်ပါတယ်။ ဒါပေမယ့် Microcontroller မှာကျတော့ $01, $0D ဆိုတဲ့ Short Command ကိုသုံးရပါတယ်။ $01 က DIR command ပါ။ $0D က (Enter) ပါ။ Hexadecimal system ကိုသုံးပြီးတွက်ရပါတယ်။ 01=0000 0001, 0D=0000 1101 ပေါ့။ Monitor Port Commands လို့လည်းခေါ်ပါတယ်။ သက်ဆိုင်တဲ့ Port တွေကို သက်ဆိုင်တဲ့ bit တွေပို့ရပါတယ်။ ဘာလို့လဲဆိုတော့ Port တွေက Binary digit တွေကိုပဲလက်ခံနိုင်လို့ပါ။ Internet မှာ Short Commands လို့ရှာပြီးဆက်လက်လေ့လာနိုင်ပါတယ်။ ကျွန်တော်သုံးတာ Vinculum VNC1L Disk Interface Firmware ကိုသုံးပြီး ပို့တာပါ။

*ANSI = American National Standard Institute

Wednesday, 8 August 2007

G Programming with LabVIEW - (1)

LabVIEW (G programming) နဲ့ Program ရေးတဲ့အခါမှာ Front Panel နဲ့ Block Diagram ဆိုပြီး ၂ နေရာမှာ ရေးရပါတယ်။ Front Panel ဆိုတာက VB မှာ Form (User Interface) လိုဖြစ်ပြီး Block Diagram က VB မှာ Code (Logic) ပုံစံမျိုးဖြစ်ပါတယ်။ ဒီမှာတော့ စာမရေးရပဲ Logic Diagram (Icon), Flow line လေးတွေနဲ့ Program တည်ဆောက်ရပါတယ်။ အောက်မှာ ဥပမာလေးတစ်ခုပြထားပါတယ်။ Front Panel မှာ Controls Box က Component တွေကိုသုံးရပြီးတော့ Block Diagram မှာတော့ Functions Box က Component တွေကိုသုံးရပါတယ်။ Reference Manual နဲ့တွဲပြီးလေ့လာပါ။ လွယ်ပါတယ်။

Front Panel


Controls Box


Block Diagram

Functions Box

Run လိုက်ရင်ထွက်လာတဲ့ Screen Design ပါ။

HP 16500A Logic Analysis System

ဒီစက်ကတော့ Microcontroller Program တွေရေးတဲ့အခါမှာ Ports တွေကနေ ကိုလိုချင်တဲ့ Singnal, Waveform တွေထွက်ရဲ့လားလို့စစ်ဆေးတဲ့ Analysis system စက်ပါ။ ကျွန်တော်အခုရေးနေတဲ့ Program ကို ပထမဆုံး 2 Channels Analogue Oscilloscope နဲ့ signal အမှန်ထွက်မထွက်စစ်ကြည့်ပါတယ်။ ဒါပေမယ့် ကျွန်တော့် program က 4 channels (CLK, SC, DIN, DOUT) ထုတ်ပေးတာဆိုတော့ 2 Channels နဲ့မလုံလောက်တဲ့အခါ 4 Channel Digital Oscilloscope ကိုသုံးကြည့်ပါတယ်။ အဆင်ပြေပါတယ်။ ဒါပေမယ့် လက်က ၂ ဖက်ပဲရှိတာရယ် Wire တွေကရှုပ်နေတာရယ်ကြောင့် Waveform တွေကို Break ပြီးကြည့်တဲ့အခါ အဆင်မပြေပါဘူး။ အဲဒီအခါမှာ ကျွန်တော်ဒီစက်ကို ပြောင်းပြီးသုံးဖို့ ကြိုးစားရပါတယ်။ ဒီစက်က Channel ပေါင်း ၇၅ ခုကို တပြိုင်နက်မှာ Waveform တိုင်းတာလို့ရပါတယ်။ စက်ကတော့ ခေတ်နောက်ကျနေပါပြီ။ ဒါပေမယ့် အလွန်အသုံးကျနေပါသေးတယ်။ HP (Hewlett Packard) ကထုတ်ပါတယ်။ 16500A Logic Analysis System ပါ။ Digital Waveform တွေကိုထုတ်ပေးပါတယ်။ Oscilloscope တွေထက် အလွန်တိကျတဲ့ Digital Waveform တွေထုတ်ပေးပါတယ်။

Tektronix 2/ 4 Channels Digital Storage Oscilloscopes
HP 6500A Logic Analysis System

Monday, 6 August 2007

LabVIEW (G Programming)

အခုကျွန်တော်လေ့လာနေတဲ့ Programming Language တစ်ခုအကြောင်းပြောမလို့ပါ။ ကျွန်တော်လည်း ချာချာလည်နေတော့ အမြည်းသဘောလောက်ပဲ ပြောပြနိုင်မှာပါ။ G Programming လို့ခေါ်ပါတယ်။ အရှည်ကတော့ Graphical Programming ပါ။ Symbol, Ports, Instruments တွေကိုအသုံးပြုပြီးတော့ Program တည်ဆောက်ရပါတယ်။ Logics, Flow Diagrams, Variables, .... အစရှိတဲ့ ရဲ့ဆက်စပ်ကိရိယာတွေပါပါတယ်။ အားလုံး Symbol လေးတွေနဲ့ပါ။ အသုံးပြုရတဲ့ Software နာမည်ကတော့ LabVIEW လို့ခေါ်ပါတယ်။ NI (National Instruments) ဆိုတဲ့ Company ကထုတ်လုပ်ပါတယ်။ NIMax လို့လည်းခေါ်ပါတယ်။ ပထမဆုံး VI (Virtual Instruments) diagram တည်ဆောက်ရပါတယ်။ Visual Basic မှာဆိုရင်တော့ Form ပေါ့။ နောက် Block Diagram ထဲမှာ program logic တွေထည့်ရပါတယ်။ Visual Basic မှာဆိုရင်တော့ Code ပေါ့။ ပြီးရင်တော့ထုံးစံအတိုင်း Program ကို Run ရပါတယ်။ Reference Manual ပါထည့်ပေးလိုက်ပါတယ်။ လေ့လာကြည့်ပါ။ အဓိကအသုံးပြုတဲ့ နေရာတွေကတော့ Automation , Measurements, Robotics Applications တွေမှာပါ။

Download : G Programming Reference Manual (for LabVIEW)