Friday, 10 August 2007

GameBoy for User Interface with Machines

Microcontroller Program (Embedded SW) တွေမှာ User Interface တွေ Display တွေအသုံးပြုချင်တဲ့အခါမှာ GameBoy ဆိုတဲ့ Device လေးကိုအသုံးပြုပါတယ်။ GameBoy ဆိုတာတကယ်တော့ ကလေးတွေကစားတဲ့ TV Game လေးပါပဲ။ Memory Card ပါတဲ့အတွက် Game အသစ်တွေကို Download လုပ်ပြီးကစားလို့ရတာပေါ့။ Testing, Sensor Machine တွေမှာ သူ့ကိုအသုံးပြုရတာက ၀ယ်ရတာလွယ်တယ်၊ ဈေးသက်သာတယ်၊ RGB Display, GUI (Graphical User Interface) ရတယ်၊ သုံးရတာအဆင်ပြေတယ်၊ Software ရေးရတာအဆင်ပြေတယ် အဲဒါတွေကြောင့်ပါ။ ဘာ Debugger, Compiler အသစ်မှလည်းမလိုပါဘူး။ USB Adaptor လေးတစ်ခုရှိရင်ရပါတယ်။ များသောအားဖြင့်တော့ C language ကိုပဲအသုံးပြုပါတယ်။ ကျွန်တော်တို့သုံးတာကတော့ Visual C++ Software ပါ။ စက်ကတော့ Netando GameBoy ပါ။ သူ့မှာ Assign လုပ်စရာ Key တွေလည်းပါတော့ Menu Selection လုပ်ရတာ အဆင်ပြေပါတယ်။ ဒါပေမယ့် User Interface နဲ့ Menu Selection သက်သက်ပဲရတာပါ။ တခြား ဘာ Function မှတော့ လုပ်မပေးနိုင်ပါဘူး။ Machine တွေနဲ့တွဲသုံးပါတယ်။


Netando Game Boy လေးတွေရဲ့ပုံပါ။

No comments:

Post a Comment