Saturday, 11 April 2009

XBee's AT commands and API command frame

XBee (Series 2, PRO) ကိုသုံးတဲ့အခါမှာ သူ့ကို ခိုင်းဖို့အတွက် Command တွေရှိပါတယ်။ သူ့မှာက Command Mode ၂ ခုရှိပါတယ်။ AT နဲ့ API ပါ။ သူတို့ပြောထားတာကတော့ AT mode က default mode လို့ဆိုပေမယ့်။ ကျွန်တော်အခုသုံးတဲ့ မှာတော့ default က API mode ဖြစ်နေပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း API ကိုသုံးပြီးပဲ ဆက်ရေးပါတယ်။

တစ်ကယ်ကတော့ AT mode က AT command တွေကို တိုက်ရိုက်ပေးရုံပါပဲ။ သူ့ရဲ့ command format က ဒီလိုပါ။

API ကကျတော့ သူကိုယ်ပိုင် frame ထဲကို AT command တွေထည့်လိုက်တာပါပဲ။ API frame ရဲ့ပုံစံက ဒီလိုပါ။

ဒါပေမယ့် data တွေကို ပို့တဲ့အခါမှာတော့ API frame ကိုသုံးကိုသုံးရပါတယ်။ ဆိုလိုချင်တာက AT mode က XBee ကို လိုအပ်တဲ့ setting တွေချပေးတဲ့အခါမှာပဲ သုံးပါတယ်။ ဥပမာ - နာမည် (ID) ပေးတာတို့၊ (Channel, Power level) ကြည့်တာတို့အတွက်ပါ။
XBee ရဲ့ User Manual ကို ဒေါင်းချင်ယင် ဒီမှာ ယူပါ။