XBee (Series 2, PRO) ကိုသုံးတဲ့အခါမှာ သူ့ကို ခိုင်းဖို့အတွက် Command တွေရှိပါတယ်။ သူ့မှာက Command Mode ၂ ခုရှိပါတယ်။ AT နဲ့ API ပါ။ သူတို့ပြောထားတာကတော့ AT mode က default mode လို့ဆိုပေမယ့်။ ကျွန်တော်အခုသုံးတဲ့ မှာတော့ default က API mode ဖြစ်နေပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း API ကိုသုံးပြီးပဲ ဆက်ရေးပါတယ်။
တစ်ကယ်ကတော့ AT mode က AT command တွေကို တိုက်ရိုက်ပေးရုံပါပဲ။ သူ့ရဲ့ command format က ဒီလိုပါ။
API ကကျတော့ သူကိုယ်ပိုင် frame ထဲကို AT command တွေထည့်လိုက်တာပါပဲ။ API frame ရဲ့ပုံစံက ဒီလိုပါ။
ဒါပေမယ့် data တွေကို ပို့တဲ့အခါမှာတော့ API frame ကိုသုံးကိုသုံးရပါတယ်။ ဆိုလိုချင်တာက AT mode က XBee ကို လိုအပ်တဲ့ setting တွေချပေးတဲ့အခါမှာပဲ သုံးပါတယ်။ ဥပမာ - နာမည် (ID) ပေးတာတို့၊ (Channel, Power level) ကြည့်တာတို့အတွက်ပါ။
XBee ရဲ့ User Manual ကို ဒေါင်းချင်ယင် ဒီမှာ ယူပါ။

XBee ကိုသုံးပြီးဘာတွေဆောက်နေတာလဲ?
ReplyDeleteဘာတွေဆောက်နေတာလဲဗျ...
ReplyDeleteXBee ကို စမ်းသုံးယုံတင်ပါပဲ။ အဆင်သိပ်မပြေလို့ အခု Telegisis ကို ပြောင်းသုံးလိုက်ပါတယ်။ Mesh Data Network လေးတစ်ခု အတွက်ပါပဲ။
ReplyDelete