Monday, 29 December 2008

Double Head (Double Auger) Powder Filler

ပုံမှန် Powder Filler က Head တစ်ခုတည်းနဲ့ 2 Speed သုံးပြီး အမှုန့်တွေကို ဖြည့်လေ့ရှိတယ်။ First နဲ့ Second speed ပေါ့။ Normal speed နဲ့ Prelim speed လို့ ခေါ်တာပေါ့။ Double Head (Auger) ကျတော့ အဲဒီသဘောကိုပဲ Head နှစ်ခုခွဲလုပ်တာပါ။ Calculation နဲ့ Processing (speed change) time ကို ကျသွားအောင်လုပ်တာပေါ့။ ပထမ head က Normal speed ပဲဖြည့်တယ်။ ဒုတိယ head က Second speed နဲ့ဆက်ဖြည့်တာပါပဲ။ Container ၂ခုကို တစ်ပြိုင်နက်ဖြည့်တာပေါ့။ Conveyor (Assembly line) ပေါ်မှာအလုပ်လုပ်မှ အဆင်ပြေနိုင်ပါတယ်။



Friday, 26 December 2008

TX Level & RX Gain related to NOISE

ကျွန်တော် ဒုက္ခရောက်ခဲ့တဲ့ အတွေ့အကြုံလေးတစ်ခုပါ။ Modem data communication Project လေးတစ်ခုကို ရေးတုန်းက Terminal နှစ်ခုကို Single Tone Dual Frequency (V.21 300bps FSK High band, Bell 103 300bps FSK High band, V.23 FSK 75bps, Bell 202 FSK Protocols) နဲ့ပို့တော့ နဲ့ Tx Level & Rx Gain တွေကို steps ရွေးလို့ရအောင်ရေးတာပေါ့။ အဲဒီမှာ ပြဿနာက Transmit ပိုင်းမှာတော့ အိုကေပဲ။ Receive ပိုင်းကျတော့ Noise တွေဝင်လာပါလေရော။ ကျွန်တော်က Tx level နဲ့ Rx gain တွေကို ချိန်တဲ့နေရှာမှာ step တစ်မျိုးရွေးလိုက်တာနဲ့ ၂ ခုလုံး Set ဖြစ်သွားအောင် ရေးထားလိုက်တယ်။ တစ်ကယ်တော့ Tx level > Rx gain ဖြစ်ရမယ်လေ။ နို့မို့ဆို Noise တွေကိုပါ Rx ဘက်က Amplify လုပ်လိုက်တော့ garbage data အများကြီး ထွက်လာတာပေါ့လေ။ Software Protocol ဘက်ကနေ အမျိုးမျိုး Filter လုပ်တယ်။ မရဘူး။ နောက်ဆုံး Rx gain ကို လျှော့ချပြီး လွှင့်ကြည့်မှ အိုကေသွားတယ်။ Try in Error လုပ်လိုက်တာပါ။ Theory တွေကို မပိုင်ခဲ့တဲ့ ဆိုးကျိုးပေါ့ဗျာ။

Monday, 22 December 2008

DTMF (Dual Tone Multi Frequency) (Part - 1)

DTMF Key Pad လေးတွေကို လူတိုင်းသုံးဘူးကြမှာပါ။ ကျွန်တော်ပြောချင်တာက အဲဒီ DTMF ရဲ့ Encoding and Decoding အကြောင်းတွေပါ။

DTMF ဆိုတာက ကျွန်တော်ဟိုအရင်ကရေးဘူးတဲ့ PWM နဲ့ယှဉ်ပြောရမယ်ဆိုရင် PWM က Single Tone အတွက် Dual Frequency ပါ။ ဥပမာ 1 အတွက် 2 KHz Frequency နဲ့ 0 အတွက်က 1.5 KHz Frequency ဆိုပါစို့။ DTMF ကျတော့ 0 အတွက် 941, 1633 Hz ထုတ်ပြီးတော့ 1 အတွက် 697, 1209 Hz ထုတ်တာပါ။ 2, 3, 4, 5, 6, 7, 8, 9, A, B, C, D, E, F တွေအတွက်လည်း Tone pair တွေရှိပါတယ်။ သဘောကတော့ A (0x65) ဆိုတဲ့ character ကို transmit လုပ်ဖို့အတွက် PWM က 0110 0101 = 2000, 1500, 2000, .... Hz တွေထုတ်ရပြီးတော့ DTMF ကတော့ 6 5 = 770-1477, 770-1336 Hz တွေ ထုတ်ရတဲ့သဘောပါ။ သဘောကတော့ PWM နဲ့ဆိုရင် 8-bit အတွက် ၈ ခါပို့ရပြီးတော့ DTMF နဲ့ဆိုရင် 8-bit အတွက် ၂ ခါပဲ ပို့ရတဲ့သဘောပါ။

DTMF ရဲ့အားသာချက်က Noise အလွန်နည်းပြီးတော့ Security အလွန်ကောင်းပါတယ်။ အားနည်းချက်ကတော့ DTMF start-up time ကြာတာပါပဲ။ သူ့ရဲ့ Tone pair (frequency pair) တွေနဲ့ Key တစ်ခုချင်းစီကို ကိုယ်စားပြုတဲ့ ဇယားတွေကို အောက်မှာပြထားပါတယ်။ ဒါတွေက တစ်ကမ္ဘာလုံးက သုံးနေတဲ့ DTMF tone တွေပါ။

ကျွန်တော်အခုသုံးတဲ့ CMX865 မှာတော့ start-up time က ကြာ
ပါတယ် one key အတွက် 40 ms အနည်းဆုံးပါ။ ကျွန်တော်လိုချင်တဲ့ 200 Baud မရနိုင်တဲ့အတွက် DTMF ကိုမသုံးနိုင်ပါဘူး။ Single tone ကိုပဲ သုံးလိုက်ပါတယ်။ Noise အတွက်တော့ Software/ Hardware Filter တွေထပ်ခံရမယ်ထင်တယ်။ ပြီးတော့ Digital & Analogue ground ကိုခွဲရပါလိမ့်မယ်။




Tuesday, 9 December 2008

Short Notes (2)

Active Low အတွက် Signal ကို Scope နဲ့ဖတ်တဲ့အခါမှာ Low ဖြစ်တဲ့ Pulse ကိုပဲ ဖတ်ရပြီးတော့ Active High အတွက်ဆိုရင် High ဖြစ်တဲ့ Pulse ကိုဖတ်ရပါတယ် Pulse ကိုဖတ်တဲ့အခါမှာလည်း One Cycle အပြည့်ကို ဖတ်လို့မရပါဘူး။ ဖတ်ခဲ့ရင် Pulse Rate (Frequency) ရသွားမှာပါ။ Pulse (Time) ကိုလိုချင်တဲ့အတွက် Pulse (Low/ High) ဖြစ်သွားတဲ့ အချိန်လေးကိုပဲ ဖတ်ပါ။

Tuesday, 25 November 2008

C-Bus Vs SPI

C-Bus က SPI နဲ့ ခပ်ဆင်ဆင်တူပါတယ်။ အောက်မှာ ဇယားနဲ့ ကွာခြားပုံတွေကို ပြထားပါတယ်။

ဒါပေမယ့် SPI မှာ command တွေမလိုပဲ C-Bus မှာတော့ command တွေသုံးရပါတယ်။ ဘာကြောင့်လည်းဆိုတော့ သူ့မှာ mode တွေရှိလို့ပါ။ အပေါ်သုံးခုက Modem mode တွေဖြစ်ပြီး အောက်ဆုံးတစ်ခုက DTMF (Dual Tone Multi-Frequency) mode ဖြစ်ပါတယ်။
- Bell 103 300bps (FSK High band (Answering modem))/ (Low band (Calling modem))
- V.23 FSK (1200bps/ 75bps)
- Bell 202 FSK (1200bps/ 150bps)
- DTMF / Tones
ဆိုပြီး mode တွေရှိပါတယ်။ အားလုံးအတွက် commands က အတူတူပါပဲ။ အားသာချက်ကတော့ ကိုယ်လိုချင်တဲ့ speed (baud rate) ကိုတွက်ချက်ပြီး ကြိုက်တဲ့ mode သုံးလို့ရတာပါပဲ။ ကျွန်တော်တို့ ပုံမှန်သုံးနေတဲ့ DTMF communication က 220 baud လောက်ပဲ ရပါတယ်။ Radio Channel ပေါ်တင်လိုက်တဲ့ အခါမှာ 100 baud လောက်တောင်မကျန်တဲ့အတွက် CMX865 ဆိုတဲ့ IC ကို သုံးချင်တဲ့အတွက် အဲဒီ IC ကလက်ခံတဲ့ C-Bus ကို လေ့လာရတာပါ။
command တွေကတော့ -
General Reset Command (address only, no data). Address = $01
General Control Register, 16-bit write only. Address = $E0
Transmit Mode Register, 16-bit write-only. Address = $E1
Receive Mode Register, 16-bit write-only. Address = $E2
Transmit Data Register, 8-bit write only. Address = $E3
Receive Data Register, 8-bit read-only. Address = $E5
Status Register, 16-bit read-only. Address = $E6
Programming Register, 16-bit write-only. Address = $E8

ဒါက CMX865 ပါ။ သူနဲ့ ဆက်စပ်တဲ့ components diagram ကိုပါ တင်ပေးလိုက်ပါတယ်။ coding ကိုတော့ နောက်ထပ်တင်ပေးပါမယ်။




Monday, 24 November 2008

C-Bus (Clipsal Bus) communication Overview

C-Bus (Clipsal Bus) ဆိုတာကတော့ Communication Protocol တစ်မျိုးပါပဲ။ I2C, SPI, UART တို့လိုပါ။ ဒါပေမယ့် သူက Remote Control Communication အတွက် အဓိက လုပ်ထားတဲ့ Protocol ပါ။ Wired ကော၊ Wireless ကော ရပါတယ်။ အဲဒါက အားသာချက်ပါ။
Wired C-Bus System ကတော့ Standard Category 5 UTP Network Communication Cable ကို သုံးပါတယ်။ Network Topology ကတော့ ကြိုက်တာ သုံးလို့ရတယ်လို့ ပြောပါတယ်။ ကျွန်တော်က ခုမှ စလေ့လာတုန်းပါ။ ကျွန်တော့ Application ကတော့ Star Topology ကိုပဲ သုံးမှာပါ။ Wired မှာ Cable Length က 1000 meters အထိအရှည်ဆုံးရပါတယ်။ Wireless မှာတော့ Attenuation, Noise, Distoration တွေကြောင့် အဲဒီလောက် အရှည်တော့ ရမယ် မထင်ပါဘူး။
Network တစ်ခုမှာ Terminal 255 အထိ အများဆုံး ချိတ်ဆက်လို့ရပါတယ်။ 8 bit Addressing ကိုသုံးထားတယ်လို့ ထင်ပါတယ်။
သူ့မှာလည်း ထုံးစံအတိုင်း Data Synchronisation အတွက် ONE system colck generating unit တစ်ခုလိုပါတယ်။
C-Bus က တစ်ခြား Protocol တွေ (TCP/IP, Crestron, AMX, LonWorks, ModBus, Charmed Quark Controller, etc ..) နဲ့လည်း ချိတ်ဆက် သုံးလို့ရပါတယ်။ သဘောကတော့ PC Network၊ PLC တွေနဲ့လည်း ဆက်သွယ်လို့ရတဲ့ သဘောပေါ့။
အောက်မှာ C-Bus overview နဲ့ သူဆက်သွယ်လို့ရတဲ့ Device တွေကိုပုံနဲ့ ပြထားပါတယ်။




Electronics E-Books Series (2)

Electronic စာအုပ် လက်ကျန်တွေ ထပ်တင်ပေးလိုက်ပါတယ်။









Friday, 14 November 2008

Ethernet Module at Embedded Software (Rabbit)

Embedded Software တွေမှာ Flash File System သုံးတာကို ကျွန်တော် ရေးခဲ့ဘူးပါတယ်။ အခု အဲဒီထဲက ဖိုင်တွေကို ဘယ်လို ယူလို့ရလည်း၊ MCU ထဲကို file တွေဘယ်လိုထည့်လည်း ဆိုတာကို ပြောမှာပါ။ FTP protocol တော်တော်များများ ကြားဘူးပါလိမ့်မယ်။ MCU တွေမှာလည်း FTP, TCP/ IP, UDP စတဲ့ Protocol တွေကို သုံးပါတယ်။ အဲလိုသုံးဖို့အတွက် MCU မှာ Ethernet port ရှိရပါတယ်။ MCU ကို IP Address အရင်ပေးရမှာပါ။ Dynamic IP ကော Static IP ကော လုပ်လို့ရပါတယ်။ ဟိုဘက်က DHCP သုံးရင်တော့ Dynamic IP ကိုသုံးလို့ရပါတယ်။ ဒါပေမယ့် Static ကတော့ ပိုပြီးအဆင်ပြောပါတယ်။ အဲဒီ Ehternet port ကနေပြီး နဲ့ Network cable ကိုချိတ်ဆက်ပြီး PC ကနေ FTP software တစ်မျိုးမျိုးနဲ့ လုပ်ကြတာပါ။ MCU ဘက်မှာတော့ IP Address, User Name, Password တွေကို setting လုပ်ပေးရတာပေါ့။ အဲဒီ Ethernet port ကနေပဲ WLAN Module နဲ့ဆက်ပြီးတော့ WLAN facility တွေကို သုံးလို့ရပါတယ်။

ဒီလိုလုပ်တဲ့ နေရာမှာ TCP/ IP protocol က Transparent ဖြစ်ပါတယ်။ ဘာမှကြားခံ Hardware, Software တွေထည့်နေစရာ မလိုပါဘူး။

ကျွန်တော်က Filezilla, Core FTP Software တွေသုံးပြီး access လုပ်ပါတယ်။

Thursday, 6 November 2008

Short Notes (1)

၁။ Battery Backup RAM က power ဖြတ်လိုက်သော်လည်း RAM variables ထဲမှာ နောက်ဆုံး data တွေကျန်ခဲ့တယ်။ နောက်တစ်ကြိမ် power on ပြီး ပြန် run လို့ အဲဒီ တွေကို Initialize မလုပ်ဘူးဆိုရင် contents အဟောင်းအတိုင်း ကျန်ခဲ့တယ်။
Non-battery backup RAM က power ဖြတ်လိုက်ရင် variable ထဲက data တွေ အကုန်ပျောက်ကုန်တယ်။ initialize လည်း ပြန်လုပ်စရာမလိုဘူး။ ဒါကြောင့် MCU တွေမှာ program ရေးတော့မယ်ဆိုရင် battery backup ပါ၊ မပါ အရင်စစ်ဆေးပါ။
၂။ Mifare card reader မှာ Wegan mode နဲ့ Command mode ဆိုပြီး ရှိတယ်။ Wegan က card ကို အမြဲဖတ်နေပြီးတော့ Command mode က command ပေးတဲ့အခါမှာပဲ card ကို ဖတ်တယ်။
wegan mode ကို Barcode reader တွေမှာသုံးထားပြီးတော့ command mode ကို Smart card reader တွေမှာသုံးလေ့ရှိတယ်။

Friday, 31 October 2008

LDU ၏နောက်ဆက်တွဲ

LDU နဲ့ ပါတ်သတ်ပြီး ပြောစရာလေးတွေ ကျန်နေလို့ ဆက်ရေးတာပါ။ ပုံက LDU Wiring Diagram ပါ။ ပြောမှာက Weigher နဲ့ LDU ချိတ်မည့် ကိစ္စပါ။ ကျွန်တော့် အရင်သုံးထားတဲ့ LDU က 4 wire ပဲချိတ်စရာ လိုပါတယ်။ Exc+, Exc-, Sig+, Sig- တွေပေါ့။ နောက်အသစ်က 6 wire ချိတ်ရပါတယ်။ အမှန်က 6 wire ချိတ်ရတာပေါ့။ ဘာကြောင့် Sen+, Sen- ပိုပါလည်းဆိုတော့ Compensate လုပ်ဖို့အတွက်ပါ။ ပထမ LDU ရဲ့ Firmware မှာ Sen+/ - ကို checiking လုပ်ထားတာမပါပါဘူး။ နောက် LDU ကျတော့မပါမဖြစ်အောင် စစ်ထားတဲ့အတွက် Sen (2 wire) ထည့်ကို ထည့်ပေးရပါတယ်။ တစ်ကယ်လို့ Weigher မှာ 4 wire ပဲထွက်ရင်တော့ Exc+ နဲ့ - ကို loop ပြန်ပါတ် ထည့်ပေးလိုက် (short) ပါ။

အောက်ဆုံးက နောက်တစ်ပုံက LDU အဟောင်းနဲ့ ချိတ်ထားတဲ့ 4 wire ပုံပါ။ ညာဘက်က ကြိုးတွေက Power နဲ့ Rs-232C ကြိုးတွေပါ။

Thursday, 23 October 2008

Load Cell Degitizing Unit (LDU 78.1) for Weighting Machine

ဒီပစ္စည်းက Weighting Machine တွေမှာပဲ သုံးတဲ့ပစ္စည်းပါ။ ၁ x ၂ လက်မ ပတ်လည်ပဲ ရှိပါတယ်။ သူရဲ့လုပ်ငန်းကတော့ Weighter နဲ့ PLC or MCU ကြားမှာ အလေးချိန်ကို တွက်ချက် ဖေါ်ပြပေးတဲ့ အလုပ်ပါပဲ။ High Precision Measuremment Tool တစ်ခုပါ။ ကျွန်တော်သုံးတဲ့ Load Cell Unit က FLINTEC/ SOEMER ပါ။ Germany (EU) က ထုတ်ပါတယ်။ သူက RS-485 Communication ကိုပဲ လုပ်ပေးတာပါ။ ဒါပေမယ့် MCU နဲ့ သုံးတဲ့အခါမှာ RS-232 ကိုပဲ အလုပ်လုပ်တဲ့အတွက် converter (adaptor) တစ်ခုထပ်ထည့်ပေးရပါတယ်။ အဲဒီ Converter က ပုံမှာပြထားတဲ့ အစိမ်းရောင် အောက်ခံလေးပါ။ ပုံကိုကြည့်မယ်ဆိုရင် ဘယ်ဘက်ပိုင်းက Weighter နဲ့ ဆက်ရပြီးတော့ ညာဘက်ပိုင်းက Power supply, MCU/ PLC တွေနဲ့ ဆက်ရပါတယ်။ သူ့မှာ Firmware သပ်သပ်ပါတဲ့အတွက် command level communication လည်းလုပ်လို့ရပါတယ်။ PC's HyperTerminal ဒါမှမဟုတ် သူ့ရဲ့သက်ဆိုင်ရာ software (DOP program) ကိုသုံးရင်လည်း ရပါတယ်။

Monday, 20 October 2008

PIC18F4420 Timer Module (8 bit/ 16 bit)

Timer တွေနဲ့ပါတ်သတ်တဲ့ ပို့စ်တွေတော့ တင်ဘူးပါတယ်။ ခုရေးမှာက Datasheet တွေမှာပါတဲ့ Block Diagram ကိုဖတ်ပြီး Timer ရဲ့အလုပ်လုပ်ပုံကို လေ့လာတဲ့ သဘောပါ။ အောက်မှာ ကျွန်တော်ပြထားတာက 8 bit နဲ့ 16 bit Timer ရဲ့ Diagram တွေပါ။
ထုံးစံအတိုင်း ဘယ်ကနေ ညာကို စဖတ်မယ်ဆိုရင် -
၁။ Timer ရဲ့ speed က Oscillator (External) ရဲ့ ၄ ပုံတစ်ပုံ ရှိပါတယ်။ အဲဒါကို Timer interrupt နဲ့ တစ်ပြိုင်နက် ON ပါတယ်။ Interrupt က Pin (Hardware) ဒါမှမဟုတ် Software interrupt ရှိပါမယ်။
၂။ Prescaler သုံးရင် Prescaler အတွက် Ratio ထည့်တွက်ပါတယ်။
၃။ Internal clock က Timer interval အတွက် သုံးပါတယ်။ သုံးတဲ့ Register ကတော့ datasheet ကနေ ထပ်လေ့လာရပါတယ်။
၎။ TM0L က Tick တန်ဖိုးတစ်ခုပါ။ Tick ပေါင်း 00 FF (256) အထိရပါတယ်။ 8 bit ဖြစ်နေလို့ပါ။ TM0H မှာကြည့်လိုက်ရင် 16 bit ရတဲ့အတွက် FF FF (65535) tick အထိ ထည့်ပေးလို့ရပါတယ်။ ပိုပြီး interval ရှည်လို့ရတဲ့ သဘောပေါ့။
ဒါက PIC18F4420 MCU အတွက်သုံးတဲ့ Timer Routine ပါ။
အထက်က အဆင့်တွေအတိုင်း ရေးရင် Timer sub routine ကိုရမှာပါ။ ရေးတာကတော့ compiler ပေါ်မူတည်ပြီး လွယ်တာ ခက်တာတော့ ရှိပါလိမ့်မယ်။



Tuesday, 23 September 2008

ဘာရယ်လို့တော့ မဟုတ်ပါဘူး .....

ဘာရယ်လို့တော့ မဟုတ်ပါဘူး .....

၁၉၉၆ သြဂုတ်လလောက်မှာ MIT (Mandalay Institute of Technology) ရောက်ရော။ ဒီဇင်ဘာလောက်မှာ ကျောင်းတွေပိတ်ရော။ နောက်ပီးပြန်လည်းဖွင့်ရော MTU (Mandalay Technology University) ဖြစ်သွားတယ်။ အဲဒီကနေစပီး ပျက်သွားလိုက်တာ GTC တွေဖြစ်။ ဘွဲ့ကလည်း B.E ကနေ GTI, B.Tech တွေဖြစ်နဲ့။ တစ်နှစ်ကို လူ ၁၀၀၀ (တစ်ထောင်) လောက်တောင် မခေါ်တဲ့ ကျောင်းကနေ ခုဆို တစ်နှစ်ကို ၁၀၀၀၀၀ (တစ်သိန်း) တောင်ကျော်သွားပြီထင်တယ်။ တစ်နိုင်ငံလုံးမှာ ၂ ကျောင်းပဲ ရှိခဲ့တာကနေ ခုဆို ၁၀ ကျောင်းတောင်ကျော်နေပြီ ထင်တယ်။ ကြားဘူးတာတော့ရှိတယ် “အရေအတွက်မှ အရည်အချင်းသို့” ဆိုလား ....

Saturday, 20 September 2008

Programming with Touch Panel

Touch Panel အကြောင်းကို ပို့စ်တစ်ခုမှာတော့ ရေးဘူးပါတယ်။ Touch Panel တွေမှာ Program ရေးတဲ့အခါမှာ Protocol တစ်ခုကို ကိုယ်တိုင်ဖန်တီးယူရပါတယ်။ Microcontroller တွေကို သုံးပီး Low level နဲ့ software ရေးရင်ပေါ့။ PLC နဲ့တွဲသုံးမယ်ဆိုရင်တော့ PLC တွေမှာ support လုပ်တဲ့ dedicated protocol အမျိုးအစားကို ရွေးချယ်ပေးရုံပါပဲ။ တကယ်တော့ Touch Panel တွေက PLC တွေအတွက် အဓိကထားပြီး ထုတ်ထားတဲ့အတွက် MCU တွေနဲ့ရေးတဲ့အခါ တွေမှာ handshaking ပြသနာတက်လေ့ရှိပါတယ်။ ကျွန်တော်အရင်က TOP2M touch panel ကိုသုံးပါတယ်။ သူ့မှာက program routine အနေနဲ့သက်သက်ရေးလို့မရပဲ Register လေးတွေကို setting ချပေးလိုက်ပီး communication တွေလုပ်ပါတယ်။ အခုသုံးနေတဲ့ Delta ကတော့ program routine တွေကိုရေးလို့ရပါတယ်။ VB source code တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ပြသနာက MCU ကနေ Direct Memory addressing လုပ်လို့မရတဲ့အတွက် data read/ write လုပ်တဲ့အခါမှာ အခက်အခဲတွေတွေ့ပါတယ်။ အခုလောလောဆယ်တော့ အဲဒါနဲ့ခေါင်းကိုက်နေပါတယ်။ သက်ဆိုင်ရာကုမ်ပနီရဲ့ AE နဲ့တော့ အဆက်အသွယ်လုပ် ထားပါတယ်။ ပြန်တော့မဖြေသေးဘူး။ ကျွန်တော့်အထင်တော့ direct memory addressing မရရင် ဖြစ်နိုင်မယ်မထင်ပါဘူး။



Monday, 15 September 2008

50+ Linux E-books

Linux E-Books တွေပါ။ ကျွန်တော်အတွက်တော့ သိပ်မလိုအပ်ပါဘူး။ Electronic နဲ့လည်း သိပ်တော့ မဆိုင်ပါဘူး။ ဒါပေမယ့် အသုံးလိုတဲ့ သူများရှိရင် မှာထားခဲ့ကြပါ။

Thursday, 4 September 2008

Electronics E-Books Series (1)

အရင်ကတော့ တစ်ချို့တစ်ဝက်တွေကို တင်ထားပါသေးတယ်။ Electronic နဲ့ပါတ်သတ်တဲ့ စာအုပ်တွေပါပဲ။ လင့်ခ်တွေ သေကုန်လို့ စာရင်းတွေ ပြန်တင်ပေးလိုက်တာပါ။ ထုံးစံအတိုင်း အီးမေးလ်ကနေပဲ ပို့ပေးပါမယ်။ စီဘောက်စ်မှာ တောင်းခဲ့ကြပါ။

Monday, 1 September 2008

SMART Card

Smart Card ဆိုတာကို တော်တော်ရင်းနှီးကြလိမ့်မယ် ထင်တယ်။ Credit card, MRT card, Prepaid card, Telephone card (Sim card, prepaid card) တွေမှာလည်း သုံးတယ်။ staff card, time card တွေမှာလည်း သုံးတယ်။ သူ့မှာ သုံးတဲ့ပုံကိုမူတည်ပြီး ၂ မျိုးရှိပါတယ်။

1. Contact Smart Card
2. Contact-less Smart Card
ဆိုပီးရှိပါတယ်။


Contact smart card က သူ့မှာ contact area တစ်ခုရှိပါတယ်။ gold-plated contact pad လေးတစ်ခုပါပါတယ်။ အောက်ကပုံမှာ ပြထားပါတယ်။ 1 cm2 လောက်ပဲရှိပါတယ်။ သူက reader ထဲမှာထည့်ပြီး ဖတ်ရပါတယ်။

Contact-less smart card က RFID နည်းပညာကို သုံးပါတယ်။ အဲဒါကိုတော့ RFID post မှာရေးထားပီးပါပြီ။

အောက်ကပုံက Smart Card ရဲ့ pin out တွေပါ။ များသောအားဖြင့်တော့ I2C protocol ကိုသုံးပြီးရေးပါတယ်။ အဓိက ထိန်းထားတာကတော့ Security code နဲ့ encryption system ကိုသုံးပါတယ်။ protocol က transparent ဖြစ်ပါတယ်။


Dummies E-Books

ကျွန်တော့်ဆီမှာ ရှိတဲ့ Dummies E-books တွေပါ။ အရင် ပို့စ်တွေမှာတော့ နဲနဲဆီ တင်ဘူးပါတယ်။ ဒါပေမယ့် လင့်ခ်တွေ သေသွားလို့ ဒေါင်းလို့ရတော့မယ် မထင်ဘူး။ လိုချင်ရင် စီဘောက်စ်မှာ ပြောထားခဲ့ကြပါ။ အီးမေးလ် တစ်ခုလည်း ပေးထားပါ။ ကျွန်တော် ပို့ပေးလိုက်ပါမယ်။ စာအုပ်အားလုံးကို တင်လို့ အဆင်မပြေလို့ပါ။

Monday, 25 August 2008

PIC Microcontrollers Projects Samples

PIC Microcontroller တွေနဲ့ပါတ်သတ်တဲ့ နမူနာ Project ကလေးတွေပါတဲ့ Website လေးပါ။ Source COde, Hardware Assembly တွေပါထည့်ရေးထားလို့ အဆင်ပြေမှာပါ။

http://www.micro-examples.com

Tuesday, 12 August 2008

I2C EEPROM Operation (Source Code)

I2C (EEPROM) Operation လေးတွေပါ။ ဒါပေမယ့် MiKroC Compiler နဲ့ရေးမှရမှာပါ။ PIC18F series နဲ့ 24LC256 EEPROM Memory အတွက်ပါ။



ZigBEE Topologies

ZigBEE မှာ Topology ၃ မျိုးရှိပါတယ်။ ပုံမှန် Wireless Network Topology တွေနဲ့ ခပ်ဆင်ဆင်ပါပဲ။
1. ZigBee Star
2. ZigBee Tree
3. Zig Bee Mesh Topology
တွေလို့ ရှိပါတယ်။ ဘာမှတော့ မဆန်းပါဘူး။ ပိုပြီး Wireless Network Performance ကောင်းလာတာပဲ ရှိပါတယ်။ လုပ်ငန်းတွေက အတူတူပါပဲ။ ထုံးစံအတိုင်း Performance ကောင်းချင်ရင် Devices ပိုတပ်ရတာပေါ့။

ZigBee Star Topology
ZigBee Tree Topology
Zigbee Mesh Topology

Friday, 1 August 2008

ZigBEE Introduction

WPLANs (Wireless Personal LANs) တွေကို တည်ဆောက်တဲ့နေရာမှာ WiFi, Bluetooth, ZigBEE ဆိုပြီး technology အမျိုးမျိုးရှိပါတယ်။ အဲဒီထဲမှာ ZigBEE က ဈေးအသက်သာဆုံးနဲ့ တည်ဆောက်ရတာ အလွယ်ကူဆုံးပါ။ ZigBEE က Low-Power Digital Radio ကိုသုံးထားတာဖြစ်ပါတယ်။ short range, low data rate, low power requirement applicationတွေတည်ဆောက်တဲ့နေရာမှာ သုံးလေ့ရှိကြပါတယ်။ IEEE 802.15.4 Standard ကိုအသုံးပြုထားပါတယ်။ အသုံးပြုလေ့ရှိတဲ့ နေရာတွေကတော့။
- Home Automation
- ZigBee Smart Energy
- Telecommunication Application
- Personal Home
- Hospital Care တွေမှာပါ။
တစ်ခုတွေ့ဘူးတာက ဆေးရုံတွေမှာ လူနာကိုရှာတဲ့ စနစ်နဲ့ စတိုတွေမှာ ပစ္စည်းရှာတဲ့စနစ်ကလေးတွေ လုပ်ထားတာလေးတွေပါ။
နောက်ထပ် သုံးတဲ့ နေရာလေးတွေကတော့။
- Home Entertainment and Control — Smart lighting, advanced temperature control, safety and security, movies and music
- Home Awareness — Water sensors, power sensors, smoke and fire detectors, smart appliances and access sensors
- Mobile Services — m-payment, m-monitoring and control, m-security and access control, m-healthcare and tele-assist
- Commercial Building — Energy monitoring, HVAC, lighting, access control
Industrial Plant — Process control, asset management, environmental management, energy management, industrial device control

ZigBEE (Device Types) တွေကတော့ သူ့ရဲ့ အသုံးပေါ်မူတည်ပြီးတော့ ၃ မျိုးခွဲထားပါတယ်။
ZigBee coordinator(ZC): The most capable device, the coordinator forms the root of the network tree and might bridge to other networks. There is exactly one ZigBee coordinator in each network since it is the device that started the network originally. It is able to store information about the network, including acting as the Trust Centre & repository for security keys.
ZigBee Router (ZR): As well as running an application function a router can act as an intermediate router, passing data from other devices.
ZigBee End Device (ZED): Contains just enough functionality to talk to the parent node (either the coordinator or a router); it cannot relay data from other devices. This relationship allows the node to be asleep a significant amount of the time thereby giving long battery life. A ZED requires the least amount of memory, and therefore can be less expensive to manufacture than a ZR or ZC.
ဘာသာပြန်ရင် မှားမှာစိုးလို့ တိုက်ရိုက် တင်ပေးလိုက်ပါတယ်။

စိတ်ဝင်စားတယ်ဆိုရင်တော့ Freescale ကထုတ်တဲ့ Demo Board လေးတွေက တော်တော်အဆင်ပြေ ပါတယ်။ ကျောင်းသား Project တွေမှာ သုံးရင် တော်တော်အဆင်ပြေတဲ့ Development Tool လေးပါ။ သူ့ကို Zigbee Router နဲ့ End Devices တွေအဖြစ် သုံးလို့ရပါတယ်။

Monday, 21 July 2008

EZ-Digital OS-310M Portable Oscilloscope

ကျွန်တော်အခုသုံးနေတဲ့ Oscilloscope လေးပါ။ အရင်တစ်ခါရေးခဲ့တဲ့ Techtronik Oscilloscope နဲ့ သဘောတရားခြင်း တူပါတယ်။ Techtronik ကတော့ function ပိုများ၊ ပိုမြင့်တာပေါ့။ ဒါလေးကတော့ Compact ဖြစ်တယ်။ Battery ပါတဲ့အတွက် external power မလိုတော့ portable ဖြစ်တာပေါ့။ အောက်မှာ သူ့ရဲ့ features တွေကို ရေးပေးထားပါတယ်။
- 100 MHz Band width
- Two channels and dual digitizers
- External trigger

- Built-in 3-3/4 (4,000 counts) digital multimeter with auto or manual range
- Extra bright backlit LCD display
- Automatic optimized panel setting and tracking according to input signal
- Automatic measurements
- RS-232C Programmability/Communication
- Arithmetic function
- Rechargeable Ni-Cd battery and external AC adapter
- Direct hardcopy through RS-232C

Wednesday, 16 July 2008

External Memory using I2C Serial EEPROM

နဲနဲအစပျိုးပါဦးမယ်။ ကျွန်တော်တို့ Microcontroller program ရေးတဲ့အခါ memory သုံးရပါတယ်။ ၂ မျိုးသုံးလေ့ရှိပါတယ်။ On-Chip နဲ့ External Memory ပါ။ On-Chip က MCU ထဲမှာ ပါပြီးတော့ External က အပြင်မှာသပ်သပ်ထပ်ထည့်တဲ့ Memory ပါ။ ကွန်ပျူတာမှာဆိုရင်တော့ Cache နဲ့ RAM သဘောပေါ့။ ကျွန်တော် ပြောမှာက External Memory အကြောင်းပါ။ သူ့မှာ application ပေါ်မူတည်ပြီး အမျိုးအစားတွေကွဲလေ့ရှိပါတယ်။ SD, EEPROM, Flash ဆိုပြီးရှိကြပါတယ်။ protocol (I2C, SPI, UART) တွေလည်းကွဲကြပါတယ်။ ခုဟာက I2C protocol ကိုသုံးပြီးတော့ ရေးရတဲ့ EEPROM အကြောင်းပါ။

သူ့မှာ operation ၂ မျိုးပဲပါပါတယ်။ Read နဲ့ Write ပေါ့။ အောက်မှာ Read/ Write operation တွေရဲ့ Data Frame ပုံစံတွေပြထားပါတယ်။ I2C protocol အကြောင်းကိုတော့ ထပ်ပြောပါဦးမယ်။


Operate Speed Mode Servo Motor using PWM

PWM အကြောင်းကို ကျွန်တော်ရေးနေတာများပါပြီ ဘယ်နေရာတွေမှာ ဘယ်လိုသုံးလည်း ဆိုတာကို ဆက်ရေးပါမယ်။ ကျွန်တော်သုံးဘူးတဲ့ နေရာတွေပေါ့။ ပထမတစ်ခုက Servo Motor (Direction Mode) မှာပါ။ Motor ရဲ့ Revolution မှာ လိုအပ်တဲ့ Pulse တွေပေးနိုင်အောင် သုံးပါတယ်။ Pulse တွေက အသေပေးထားလို့ မရ (Speed ကိုပြောင်းပြီး သုံးချင်တဲ့အတွက်) တဲ့အတွက် PWM ကိုသုံးရတာပါ။ Forward/ Backward (Directions) ပေးတာကတော့ Digital I/ O ကို low/ high လုပ်ပြီး သုံးလို့ရပါတယ်။

Friday, 11 July 2008

Bittorrent protocol with Free Download Manager

RSJ က Cbox မှာရေးသွားလို့ တစ်ခုသတိရ သွားတယ်။ Torrent နဲ့ပါတ်သတ်လို့ ဆက်ရေးစရာ နည်းနည်းရှိလို့ပါ။ Bittorrent ဆိုတဲ့ Software ကိုသုံးလို့ရတယ်လို့ အရင်ပို့စ်မှာ ကျွန်တော်ရေးခဲ့ပါတယ်။ Bittorrent က Bandwidth တွေကို ရနိုင်သမျှဆွဲပြီး သူ့ Software မှာသုံးတဲ့အတွက် တစ်ခါတစ်လေမှာ Whole Network (LAN) ကြီး breakdown ဖြစ်သွားတတ်ပါတယ်။ အဲဒီတော့ အကောင်းဆုံးနည်းက Free Download Manager ကိုသုံးပြီး bittorrent protocol ကို ပြန်သုံးပါ။ FDM ကို Install လုပ်တဲ့အခါမှာ bittorrent protocol ကိုသုံးမလားဆိုတဲ့ Checkbox လေးပါပါတယ်။ အဲဒါကို checked လုပ်ပေးလိုက်ရုံပါပဲ။ သူ့ကိုသုံးမည့် bandwidth ကိုလည်း သတ်မှတ်ပေးထားလို့ရတော့ LAN ကြီး breakdown မဖြစ်တော့ဘူးပေါ့။ ပုံမှန် speed (စင်ကာပူ ရဲ့ Internet Speed နဲ့ဆို) 600 MB လောက်ကို တစ်ရက်ခွဲလောက်ပဲ ကြာပါတယ်။ Health ကောင်းတဲ့ torrent ဆိုရင်ပေါ့။ Health ဆိုတာ Seeder နဲ့ Leecher ရဲ့ ratio ပါ။ Leecher က ဆွဲတဲ့သူဖြစ်ပြီး၊ Seeder က တင်တဲ့သူတွေပါ။ torrent တွေကို နှောက်ယှက်တဲ့ Tracker ဆိုတာလည်းရှိပါသေးတယ်။ တွေဝင်လာရင် torrent တွေ download လုပ်နေရင်းနဲ့ ပြတ်ကျသွားတတ်ပါတယ်။ အဲလိုဆိုရင် နောက် torrent တစ်ခုထပ်ရှာပြီး ဆွဲရပါတယ်။

Download Free Download Manager :

Wednesday, 9 July 2008

Pulse Width Modulation (PWM) over Analog Communication

Pulse Width Modulation ထုတ်တယ်ဆိုတာ Digital Circuit ကနေ Analog Signal တွေထုတ်ချင်တဲ့အခါ သုံးပါတယ်။ တစ်နည်းအားဖြင့် Modulation ပေါ့ဗျာ။ Frequency Division Modulation (FDM) လို့လည်းခေါ်ကြတယ်။ သူရဲ့ processing ကနဲနဲတော့ရှုပ်တယ်။ အဓိကက timing နဲ့ noise ပါ။ ဥပမာလေးနဲ့ပြောတာပေါ့။

ဥပမာ ။ ။ A ကိုပို့ချင်တယ်ဆိုကြပါဆို့ ASCII အနေနဲ့ဆိုရင် 65၊ Hexa နဲ့ဆိုရင် 41။ သူ့ကို ပုံမှန် serial communication (UART) နဲ့ပို့မယ်ဆိုရင် Start bit, Data, Stop bit ဆိုတဲ့ protocol နဲ့ ရိုးရိုးတန်းတန်းပို့ပါတယ်။ ထုံးစံအတိုင်း Low/ High နဲ့ပေါ့။ Binary digit ဆိုရင် 1000001 ပေါ့။ အဲဒီနေရာမှာ Frequency နဲ့ကျတော့ Low = 2400 Hz, High = 3000 Hz ထားတယ်ဆိုပါစို့။ Low တွေဖြစ်တဲ့အချိန်မှာ 24 KHz ကိုလွှတ်ပြီးတော့ High တွေဖြစ်တဲ့အချိန်မှာ 30 Kz ကိုလွှတ်တယ်။ ၁၀ ဆ လွှတ်ရတာကတော့ Resolution အတွက်ပါ။ အဆများလေလေ Resolution ပိုကောင်းလေပေါ့။ timing က 5ms ဆိုရင် 1 bit ကို 5ms ထားပြီးလွှတ်ရတာပေါ့။ ပြန်ဖမ်းတဲ့အခါမှာလည်း အဲဒီ protocol အတိုင်းဖမ်းရပါတယ်။

တကယ်တော့ FM Radio တွေလည်း အဲလိုပဲ လွှင့်လေ့ရှိပါတယ်။ Frequency မြင့်လေ timing နဲ့ filtering လုပ်ရတာတွေ ခက်လာလေပါပဲ။ နောက်ထပ်အရေးကြီးတာက Noise ပါ။

Monday, 30 June 2008

Pulse Width Modulation (PWM) with Rabbit 3000 MCU

PWM (Pulse Width Modulation) ကို နောက်ပိုင်း MCU တွေမှာ တော်တော်တွေ့လာရပါတယ်။ ကျွန်တော်အခုပြမှာက Rabbit 3000 နဲ့ပါ။ အရင်ကျွန်တော်သုံးခဲ့တဲ့ MCU တွေ Cygnal, NEC, ARM မှာ ဒီ function မပါတဲ့အတွက် Timer တွေ၊ Interrupt တွေနဲ့ ရှုပ်နေအောင်တွက်ရ ရေးခဲ့ရပါတယ်။ ပြီးတော့ Time interval တိကျမှုလည်း မရှိပါဘူး။ ဒီ PWM function ကတော့ interval တိကျမှုရှိတဲ့အပြင် Duty Cycle ကိုလည်း လိုအပ်သလို (%) နဲ့ထုတ်ပေးလို့ရပါတယ်။ တကယ်တော့ MCU တွေရဲ့အားသာချက်ပါသလို compiler (core module) တွေရဲ့စွမ်းရည်ကလည်း အရမ်းမြင့်လာလို့ပါ။ ဒီမှာ pwm_set ၄ ခါရေးရတာကတော့ Rabbit 3000 မှာ PWM Channel ၄ ခုပါတဲ့အတွက်ဖြစ်ပါတယ်။ Duty cycle တစ်မျိုးစီနဲ့ ရေးပြထားတာပါ။

void main()
{
unsigned long freq;
int pwm_options;

// request 10kHz PWM cycle (will select closest possible value)
freq = pwm_init(10000);
printf("Actual PWM frequency = %d Hz\n", freq);
pwm_options = 0;
pwm_set(0, 0.10 * 1024, pwm_options);

pwm_set(1, 0.25 * 1024, pwm_options);
pwm_set(2, 0.50 * 1024, pwm_options);
pwm_set(3, 0.99 * 1024, pwm_options);
while(1); //keep running the program

}