Thursday, 23 October 2008

Load Cell Degitizing Unit (LDU 78.1) for Weighting Machine

ဒီပစ္စည်းက Weighting Machine တွေမှာပဲ သုံးတဲ့ပစ္စည်းပါ။ ၁ x ၂ လက်မ ပတ်လည်ပဲ ရှိပါတယ်။ သူရဲ့လုပ်ငန်းကတော့ Weighter နဲ့ PLC or MCU ကြားမှာ အလေးချိန်ကို တွက်ချက် ဖေါ်ပြပေးတဲ့ အလုပ်ပါပဲ။ High Precision Measuremment Tool တစ်ခုပါ။ ကျွန်တော်သုံးတဲ့ Load Cell Unit က FLINTEC/ SOEMER ပါ။ Germany (EU) က ထုတ်ပါတယ်။ သူက RS-485 Communication ကိုပဲ လုပ်ပေးတာပါ။ ဒါပေမယ့် MCU နဲ့ သုံးတဲ့အခါမှာ RS-232 ကိုပဲ အလုပ်လုပ်တဲ့အတွက် converter (adaptor) တစ်ခုထပ်ထည့်ပေးရပါတယ်။ အဲဒီ Converter က ပုံမှာပြထားတဲ့ အစိမ်းရောင် အောက်ခံလေးပါ။ ပုံကိုကြည့်မယ်ဆိုရင် ဘယ်ဘက်ပိုင်းက Weighter နဲ့ ဆက်ရပြီးတော့ ညာဘက်ပိုင်းက Power supply, MCU/ PLC တွေနဲ့ ဆက်ရပါတယ်။ သူ့မှာ Firmware သပ်သပ်ပါတဲ့အတွက် command level communication လည်းလုပ်လို့ရပါတယ်။ PC's HyperTerminal ဒါမှမဟုတ် သူ့ရဲ့သက်ဆိုင်ရာ software (DOP program) ကိုသုံးရင်လည်း ရပါတယ်။

No comments:

Post a Comment