Wednesday, 31 October 2007

Installing MySQL

MySQL ကိုကျွန်တော် မသုံးဘူးသေးပါဘူး။ အခုလဲ Install ပဲလုပ်ရသေးတာပါ။ ဒါကြောင့် အားသာ၊ အားနည်းချက်ကိုလည်း မသိသေးပါဘူး။ ပထမဆုံးတော့ ကျွန်တော် MySQL ကို MySQL website ကနေ download လုပ်တာပါပဲ။ ပြီးတော့ Install လုပ်တယ်။ အဲဒါက Database သက်သက်ပါ။ သုံးလို့မရသေးပါဘူး။ နောက် Database Viewer ကို Download ထပ်လုပ်ပါတယ်။ ကျွန်တော်သိသလောက်တော့ Viewer (yog) တွေအများကြီးရှိမယ်ထင်တယ်။ ကျွန်တော်သုံးတာက SQLyog ပါ။ SQLyog ကို Download လုပ်ပြီးတဲ့အခါ test connection ကြည့်ရင် “Connection Error” ဆိုပြီးလာပြပါတယ်။ အဲဒါဆိုခဏ ပိတ်။ SQL server ရဲ့ Configuration ကို လုပ်။ ဒီအဆင့်ကတော့ သူပြောတာလေးတွေဖတ်ပြီး step-by-step လုပ်လိုက်တာပါပဲ။ ပြီးရင် SQLyog ကိုပြန်ဖွင့် connection အသစ် လုပ်၊ ပြီးရင် ပုံမှန် SQL Server (Enterprise Manager) ကိုသုံးသလိုပဲ Create Database, Create Table တွေလုပ်လို့ရပါပြီ။ ဆက်ရေးပါဦးမယ်။

MySQL Configuration

SQLyog create connection

Download MySQL

Monday, 29 October 2007

Reading Datashets

DataSheets တွေကို ဖတ်ရတဲ့အခါ အရမ်းပျင်းစရာကောင်းပါတယ်။ ကျွန်တော်ကတော့ အခုပြောမည့် ခေါင်းစဉ်တွေပဲဖတ်တယ်။ အဓိကကတော့ Software ပိုင်းနဲ့ဆိုင်တာတွေပဲ ဆိုပါတော့။
၁။ Overview, Features
အဲဒီအပိုင်းမှာ Timer, Oscillators, CPU speed, Memory (Program, RAM, EEPROM), Interrupt, Peripheral devices တွေနဲ့ဆိုင်တဲ့ အကြောင်းအရာလေးတွေ၊ ဒီ CPU ရဲ့အထူးလုပ်ဆောင်ချက်တွေ ပါလို့ပါ။

၂။ I/O ports
ကတော့ ဘယ် Ports ကို ဘာ Function အတွက်သုံးရင် ကောင်းမလဲလို့ သတ်မှတ်လို့ ရအောင်လို့ပါ။

၃။ Register file Summary (Table)
ဒါကတော့ header file (Register Address, Name, Bits) တွေရေးလို့ရအောင်လို့ပါ။ ရေးပြီးသား header file တွေရှိရင်လည်း ပိုနားလည်နိုင်တာပေါ့။ ကောင်းတာကတော့ ဒီ header file နဲ့ Table မှာပါတဲ့ register address တွေကို တိုက်ဆိုင်စစ်ဆေးပြီး မှန်တယ်ဆိုမှ အဲဒီ header file ကိုသုံးပါ။

၎။ I/O Timing
အလုပ်လုပ်တဲ့ အချိန် Trigger interval (Raising, Falling Edges) တွေကိုသိရအောင်လို့ပါ။ Timing Requirements တွေကိုလည်းသိထားမှ ဘယ် Oscillator (frequency) ကိုသုံးရင် အဆင်ပြေမလဲဆိုတာ သတ်မှတ်လို့ရမှာပါ။

Wednesday, 24 October 2007

RTC (Real Time Clock)

RTC (Real Time Clock) ကို Timer အစားသုံးလို့ရပါတယ်။ သူက IC တစ်မျိုးပါ။ တိကျတဲ့ အချိန်တစ်ခုကို သတ်မှတ်တဲ့နေရာမှာ သုံးပါတယ်။ RTC က Main System ရဲ့ Timer ကိစ္စတွေ၊ Coding တွေ ကိုသက်သာစေပါတယ်။ ပြီးတော့ ပိုပြီးတိကျတဲ့ အချိန်ကို ရပါတယ်။ တွေမှာသုံးပါတယ်။ Maxim, Philips, Dallas Semiconductor, Texas Instruments and STMicroelectronics ကုမ္ပဏီတွေက RTC IC ထုတ်လုပ် ကြပါတယ်။ RTC ကို Microcontroller တွေထဲမှာလည်း Build-in အဖြစ်တွေ့နိုင်ပါတယ်။ RTC မှာ (32.768 kHz) Oscillator ပါတတ်ပါတယ်။ Computer မှာတော့ SouthBridge Chip မှာပါပါတယ်။

RTC IC ရဲ့ပုံပါ။

SouthBridge မှာပါတဲ့ RTC နဲ့ဆက်စပ်ပုံ။

RTC Block Diagram

Monday, 22 October 2007

Interrupt (IRQ) handling for Timers

Interrupt မှာ ၂ မျိုးရှိပါတယ်။ Hardware IRQ နဲ့ Software IRQ ပါ။ Hardware မှာ Port IRQs, Key IRQs, Display IRQs တွေပါပြီးတော့၊ Software မှာ Timer IRQs, DMA IRQs တွေပါတယ်လို့ ခွဲလို့ရပါတယ်။ Hardware, Automation, Machine တွေကို Accurate Timing နဲ့ အလုပ်လုပ်ချင်တဲ့အခါ သုံးကြတာပါ။ Embedded Software တွေမှာ အဓိကသုံးပါတယ်။ Interrupt မှာသုံးတဲ့ Register တွေကတော့ REG_INTERUPT, REG_IME, REG_IE, REG_IF တွေပါ။
REG_INTERUPT က interrupt handler ပါ။ interrupt ဖြစ်တဲ့အခါ လုပ်လိုက်တဲ့ Action ကို မှတ်တဲ့ register ပါ။
REG_IME က master interrupt ပါ။ Interrupt တွေကို အဖွင့်အပိတ် (Enable, Disable) လုပ်ပေးတဲ့ register ပါ။
REG_IE က interrupt enable ပါ။ ဘယ် interrupt ကို လုပ်မယ်ဆိုတာ သတ်မှတ်ပေးတာပါ။ REG_IME နဲ့ကွာတဲ့အချက်ကတော့ က interrupt တစ်ခုချင်းစီအတွက် (Enable, Disable) လုပ်တာပါ။
REG_IF က လက်ရှိရောက်နေတဲ့ interrupt ကို စစ်ဆေးတာပါ။ ဥပမာ - Timer0 overflow interrupt ကိုရောက်သွားပြီဆိုရင် REG_IF မှာ Timer0 ရဲ့ bit pattern ရောက်သွားပါတယ်။ REG_IE bit pattern နဲ့ အတူတူပါပဲ။ အောက်က နမူနာ program ကိုကြည့်ရင် ရှင်းပါလိမ့်မယ်။

//.......................INTERRUPT Routine
void enableTimerInterrupt()
{
REG_IE |= INT_TIMER0; // Enable Timer interrupt detection
REG_TM0CNT |= TIME_IRQ_ENABLE; // Make Timer generate IRQ
}

void interruptHandler(void)
{
REG_IME = 0; //disable interrupts
if(REG_IF==INT_TIMER0)
{
if(stateflag==0){SCLO();stateflag=1;}
else if(stateflag==1){SCHI();stateflag=0;}
}
REG_IF = REG_IF; // Tell GBA that interrupt has been handled
REG_IME = 1; //enable interrupts
}

void setupInterrupts(void)
{
REG_IME = 0x0; //disable interrupts
REG_INTERUPT = (u32)interruptHandler; //set int handler
enableTimerInterrupt();
REG_IME = 0x1; //enable interrupts
}

setupInterrupt() ဆိုတဲ့ function ကိုခေါ်ပြီး သုံးရပါတယ်။

Cascading Timers

Timer တွေကို Cascade လုပ်တယ်ဆိုတာကတော့ Timer တစ်ခု Overflow (သတ်မှတ်ထားတဲ့ ကိုရောက်တဲ့အခါ) နောက် Timer ကို On (Enable) လိုက်ခြင်းကို cascade လုပ်တယ်လို့ပြောတာပါ။ အထူးသဖြင့် Automation အပိုင်းတွေမှာ သုံးလေ့ရှိပါတယ်။ ဥပမာ - 1s ရောက်ဖို့ဆိုရင် 1000 ms ပေါ့။ အဲဒီတော့ Timer1 ကို အကြိမ် ၁၀၀၀ looping (while, for) ပတ်ရမည့် သဘောပါ။ အဲဒီလို looping ပတ်တဲ့အခါ အချိန်က Accurate မဖြစ်တော့ပါဘူး။ ဘာလို့လဲဆိုတော့ looping ရဲ့ instruction cycle အချိန်ကို ထည့်တွက်လို့ပါ။ အဲဒီအခါမျိုးမှာ Cascading ဒါမှမဟုတ် Interrupt ကိုသုံးရပါတယ်။ Timer1 နဲ့ Timer2 ကို Cascade ချိတ်ထားခြင်းဖြင့် အကြိမ် 1000 ရောက် မရောက်ကို Timer2 နဲ့စစ်ဆေးပါတယ်။ အောက်မှာ Coding ရေးထားပါတယ်။

REG_TM1CNT= TM_ENABLE | TM_FREQ_SYSTEM | TM_IRQ;
REG_TM1D = - 0x4000;
REG_TM2CNT= TM_ENABLE | TM_FREQ_SYSTEM | TM_IRQ | TM_CASCADE;

while(REG_2 != 1000){}
REG_TM1CNT &= ~TM_ENABLE;
REG_TM2CNT &= ~TM_ENABLE;

Timer2 ကိုသုံးတဲ့အခါမှာ Cascade လို့ပြောလိုက်တာနဲ့ သူ့အရှေ့က Timer1 ကို Cascade လုပ်ရမယ်လို့ အလိုလိုသိပါတယ်။ Cascade ကို Overflow လို့လဲ ရေးလေ့ရှိပါတယ်။

Timer for Embedded Programming

Timer ဆိုတာကိုတော့ သုံးဘူးကြမှာပါ။ ဒီ Post က Hardware နဲ့ဆက်စပ်တဲ့ Timer ပါ။ ARM9/ 10/ 11 CPU နဲ့ Gameboy Hardware ကိုအခြေခံပြီးရှင်းပြသွားပါမယ်။ Case Study သဘောပေါ့။ ကျွန်တော်က ARM9 ကိုအသုံးပြုပြီး Gameboy ကနေ Frequency အမျိုးမျိုးထုတ်ပေးနိုင်တဲ့ Program ရေးတာပါ။ Frequency ထုတ်တာကတော့ Signal ကို low/ high တွေ တစ်လှည့်စီပေးပြီး အဲဒီ signal တွေကြားမှာ time interval လေးတွေခြားပေးခြင်းအားဖြင့် frequency ထုတ်တာပါပဲ။ Pseudo frequency သဘောပါပဲ။ Oscilloscope နဲ့တိုင်းတာပြီးစစ်ဆေးလို့ ရအောင်လို့ပါ။
အဲဒီအခါမှာ time interval က အလွန်တိကျဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် Timer နဲ့ Interrupt ကို အသုံးပြုပြီး ရေးတာပါ။ ဒီ Post မှာတော့ Interrupt အကြောင်းမပါသေးပါဘူး။
ARM ရဲ့Timer မှာ Frequency ၄ မျိုးပါပါတယ်။ Frequency ပေါ်မူတည်ပြီး interval တွေ ကွာခြားပါတယ်။ ဥပမာ - 16.384 kHz ဆိုရင် ရဲ့တန်ဖိုးကို တစ်ကြိမ်မှာ 61.04
μs နှုန်းနဲ့ တိုးပေးတာပါ။ Frequency တွေကတော့ ဒီလိုတွေ ရှိပါတယ်။

၁။ 1 Cycle, 16.78 MHz Frequency, 59.59 ns Interval
၂။ 64 Cycle, 262.21 kHz Frequency, 3.815
μs Interval
၃။ 256 Cycle, 65.536 kHz Frequency, 15.26 μs Interval
၎။ 1024 Cycle, 16.384 kHz Frequency, 61.04 μs Interval

တစ်ခြား CPU တွေမှာလည်း ဒီလိုသဘောမျိုးပါပဲ။ ဥပမာ - ကျွန်တော်က 1 ms ကို အတိအကျ လိုချင်တယ် ဆိုပါတော့။ C Language နဲ့ဆိုရင် ဒီလိုရေးရပါတယ်။

// Control Register ထဲမှာ Timer ကို အသုံးပြုမယ်။ Timer ရဲ့ Frequency က 16.78 Mhz ပါ (တစ်ကြိမ်ကို ၁ စီတိုး)။ Interrupt ကိုအသုံးပြုမယ်။
REG_TM1CNT= TM_ENABLE | TM_FREQ_SYSTEM | TM_IRQ;

// Data register ထဲမှာ Timer တန်ဖိုး ကိုထည့်ပါမယ်။ hex 4000 ရဲ့ value က 16384 ဖြစ်လို့ပါ။ (“-” ထည်ပေးတာကတော့ Timer က “0” အထိရောက်အောင် တိုးလို့ပါ)။ တိုက်ရိုက်တန်ဖိုး ၁၆၃၈၄ လည်းထည့်လို့ရပါတယ်။
REG_TM1D = - 0x4000;

// ပြီးရင် Timer ကို ပြန်ပိတ်ပေးပါ။
REG_TM1CNT &= ~TM_ENABLE;

ဒါဆိုရင် Timer1 control code ရပါပြီ။ အဲဒီ Code တွေကို Function တစ်ခုအဖြစ် ခွဲထားပြီး ယူသုံးနိုင်ပါတယ်။
Gameboy (ARM9) မှာ Timer ၄ ခုပါပါတယ် REG_TM0CNT, REG_TM1CNT, REG_TM2CNT, REG_TM3CNT တွေပါ။ Timer တွေကို Cascade ချိတ်ပြီးလည်းသုံးနိုင်ပါတယ်။ နောက် ပိုစ့်မှာ ဆက်ပြောပါမယ်။

Gameboy Hardware Schematics

Gameboy ကို အသုံးပြုလို့ရတဲ့ Application နေရာတွေကတော်တော်များပါတယ်။ သူ့မှာ ARM9/ 10/ 11 family series ကိုအသုံးပြုထားတဲ့အတွက် Micro-p PCB သပ်သပ် ထပ်လုပ်စရာမလိုပဲ သုံးလို့ရပါတယ်။ ဂျပန်၊ ထိုင်ဝမ်၊ ဥရောပနိုင်ငံ (အထူးသဖြင့် ဂျာမနီ)၊ ယူအက်စ် တွေမှာသုံးတာများပါတယ်။ Gameboy Programmer ရာထူးဆိုပြီးတောင် ရှိပါတယ်။ LCD Display, RAM, IO ports (RS-232, General IOs), Audio, Video ports, Buttons (10 Keys), External Oscillator တွေပါတဲ့အတွက် အဆင်ပြေပါတယ်။ တစ်ခြား ဆက်စပ် Devices (Wireless, USB, NIC, SPI) တွေနဲ့ တွဲပြီးသုံးရင်လည်းရပါတယ်။ အောက်မှာ Gameboy ရဲ့ Schematics ကို ပေးထားပါတယ်။ဒါက Gameboy နဲ့ RS-232 ကို ချိတ်ဆက်တဲ့ Schematics ပါ။