Monday, 22 October 2007

Timer for Embedded Programming

Timer ဆိုတာကိုတော့ သုံးဘူးကြမှာပါ။ ဒီ Post က Hardware နဲ့ဆက်စပ်တဲ့ Timer ပါ။ ARM9/ 10/ 11 CPU နဲ့ Gameboy Hardware ကိုအခြေခံပြီးရှင်းပြသွားပါမယ်။ Case Study သဘောပေါ့။ ကျွန်တော်က ARM9 ကိုအသုံးပြုပြီး Gameboy ကနေ Frequency အမျိုးမျိုးထုတ်ပေးနိုင်တဲ့ Program ရေးတာပါ။ Frequency ထုတ်တာကတော့ Signal ကို low/ high တွေ တစ်လှည့်စီပေးပြီး အဲဒီ signal တွေကြားမှာ time interval လေးတွေခြားပေးခြင်းအားဖြင့် frequency ထုတ်တာပါပဲ။ Pseudo frequency သဘောပါပဲ။ Oscilloscope နဲ့တိုင်းတာပြီးစစ်ဆေးလို့ ရအောင်လို့ပါ။
အဲဒီအခါမှာ time interval က အလွန်တိကျဖို့ လိုအပ်လာပါတယ်။ ဒါကြောင့် Timer နဲ့ Interrupt ကို အသုံးပြုပြီး ရေးတာပါ။ ဒီ Post မှာတော့ Interrupt အကြောင်းမပါသေးပါဘူး။
ARM ရဲ့Timer မှာ Frequency ၄ မျိုးပါပါတယ်။ Frequency ပေါ်မူတည်ပြီး interval တွေ ကွာခြားပါတယ်။ ဥပမာ - 16.384 kHz ဆိုရင် ရဲ့တန်ဖိုးကို တစ်ကြိမ်မှာ 61.04
μs နှုန်းနဲ့ တိုးပေးတာပါ။ Frequency တွေကတော့ ဒီလိုတွေ ရှိပါတယ်။

၁။ 1 Cycle, 16.78 MHz Frequency, 59.59 ns Interval
၂။ 64 Cycle, 262.21 kHz Frequency, 3.815
μs Interval
၃။ 256 Cycle, 65.536 kHz Frequency, 15.26 μs Interval
၎။ 1024 Cycle, 16.384 kHz Frequency, 61.04 μs Interval

တစ်ခြား CPU တွေမှာလည်း ဒီလိုသဘောမျိုးပါပဲ။ ဥပမာ - ကျွန်တော်က 1 ms ကို အတိအကျ လိုချင်တယ် ဆိုပါတော့။ C Language နဲ့ဆိုရင် ဒီလိုရေးရပါတယ်။

// Control Register ထဲမှာ Timer ကို အသုံးပြုမယ်။ Timer ရဲ့ Frequency က 16.78 Mhz ပါ (တစ်ကြိမ်ကို ၁ စီတိုး)။ Interrupt ကိုအသုံးပြုမယ်။
REG_TM1CNT= TM_ENABLE | TM_FREQ_SYSTEM | TM_IRQ;

// Data register ထဲမှာ Timer တန်ဖိုး ကိုထည့်ပါမယ်။ hex 4000 ရဲ့ value က 16384 ဖြစ်လို့ပါ။ (“-” ထည်ပေးတာကတော့ Timer က “0” အထိရောက်အောင် တိုးလို့ပါ)။ တိုက်ရိုက်တန်ဖိုး ၁၆၃၈၄ လည်းထည့်လို့ရပါတယ်။
REG_TM1D = - 0x4000;

// ပြီးရင် Timer ကို ပြန်ပိတ်ပေးပါ။
REG_TM1CNT &= ~TM_ENABLE;

ဒါဆိုရင် Timer1 control code ရပါပြီ။ အဲဒီ Code တွေကို Function တစ်ခုအဖြစ် ခွဲထားပြီး ယူသုံးနိုင်ပါတယ်။
Gameboy (ARM9) မှာ Timer ၄ ခုပါပါတယ် REG_TM0CNT, REG_TM1CNT, REG_TM2CNT, REG_TM3CNT တွေပါ။ Timer တွေကို Cascade ချိတ်ပြီးလည်းသုံးနိုင်ပါတယ်။ နောက် ပိုစ့်မှာ ဆက်ပြောပါမယ်။

No comments:

Post a Comment