Monday, 24 November 2008

C-Bus (Clipsal Bus) communication Overview

C-Bus (Clipsal Bus) ဆိုတာကတော့ Communication Protocol တစ်မျိုးပါပဲ။ I2C, SPI, UART တို့လိုပါ။ ဒါပေမယ့် သူက Remote Control Communication အတွက် အဓိက လုပ်ထားတဲ့ Protocol ပါ။ Wired ကော၊ Wireless ကော ရပါတယ်။ အဲဒါက အားသာချက်ပါ။
Wired C-Bus System ကတော့ Standard Category 5 UTP Network Communication Cable ကို သုံးပါတယ်။ Network Topology ကတော့ ကြိုက်တာ သုံးလို့ရတယ်လို့ ပြောပါတယ်။ ကျွန်တော်က ခုမှ စလေ့လာတုန်းပါ။ ကျွန်တော့ Application ကတော့ Star Topology ကိုပဲ သုံးမှာပါ။ Wired မှာ Cable Length က 1000 meters အထိအရှည်ဆုံးရပါတယ်။ Wireless မှာတော့ Attenuation, Noise, Distoration တွေကြောင့် အဲဒီလောက် အရှည်တော့ ရမယ် မထင်ပါဘူး။
Network တစ်ခုမှာ Terminal 255 အထိ အများဆုံး ချိတ်ဆက်လို့ရပါတယ်။ 8 bit Addressing ကိုသုံးထားတယ်လို့ ထင်ပါတယ်။
သူ့မှာလည်း ထုံးစံအတိုင်း Data Synchronisation အတွက် ONE system colck generating unit တစ်ခုလိုပါတယ်။
C-Bus က တစ်ခြား Protocol တွေ (TCP/IP, Crestron, AMX, LonWorks, ModBus, Charmed Quark Controller, etc ..) နဲ့လည်း ချိတ်ဆက် သုံးလို့ရပါတယ်။ သဘောကတော့ PC Network၊ PLC တွေနဲ့လည်း ဆက်သွယ်လို့ရတဲ့ သဘောပေါ့။
အောက်မှာ C-Bus overview နဲ့ သူဆက်သွယ်လို့ရတဲ့ Device တွေကိုပုံနဲ့ ပြထားပါတယ်။




No comments:

Post a Comment