Friday, 27 July 2007

Related Header Files and Compliers (for C language)

Embedded Software (Firmware) ရေးတဲ့အခါမှာ header file, Complier တွေကအရေးကြီးပါတယ်။ ကိုသုံးမည့် Microchip နဲ့ဆိုင်တဲ့ header file, Complier တွေမရှိရင် Software လည်းရေးလို့မရပါဘူး။ Complie တောင်လုပ်လို့မရနိုင်ပါဘူး။ ဥပမာအားဖြင့် ကျွန်တော်တို့က C8051F320 ဆိုတဲ့ Microcontroller နဲ့ SC2004 ဆိုတဲ့ LCD Module ကိုသုံးကြမယ်ဆိုပါစို့၊ အဲဒီအတွက် SC2004LCD.h, C8051F320.h ဆိုတဲ့ header file တွေရှိရပါမယ်။ အများအားဖြင့်တော့ Internet မှာရှာလို့ရပါတယ်။ တစ်ချို့ကျတော့လည်း Chip ၀ယ်တဲ့အခါမှာပါပါတယ်။ Chip နဲ့သက်ဆိုင်တဲ့ Compiler မှာလည်း Header file creation Tool တစ်ခုအဖြစ်နဲ့ပါလေ့ရှိပါတယ်။ Cygnal Chip တွေအတွက်ဆိုရင် Silicon Labs Compiler မှာ Config2 ဆိုတဲ့ Tool အနေနဲ့ပါပါတယ်။ အဲဒီလိုပဲ Chip မတူရင် Compiler လည်းကွာခြားလေ့ရှိပါတယ်။ ဥပမာ- ARM ဆိုရင် Keil၊ Cygnal ဆိုရင် Silicon Labs၊ Hitachi ဆိုရင် HI-TECH၊ NEC ဆိုရင် IAR အစရှိသဖြင့် Compiler တွေရှိကြပါတယ်။ အဲဒီ Compiler တွေကတော့ Chip ၀ယ်တဲ့အခါမှာ Installer CD နဲ့ပါပါတယ်။ Internet မှာရှာရင်တော့ Trial တို့၊ Demo တို့ပဲရနိုင်ပါတယ်။ JAVA Language နဲ့ရေးမယ်ဆိုရင်လည်း JAVA Compiler လိုပါတယ်။ Assembly Language နဲ့ရေးမယ်ဆိုရင်တော့ Compiler မလိုပါဘူး။

No comments:

Post a Comment