Monday, 23 July 2007

Schematic with OrCAD (1)

OrCAD နဲ့ Schematic ဆွဲတော့မယ်ဆိုရင် - ၁

OrCAD နဲ့ Circuit design စဆွဲတော့မယ်ဆိုရင် အရင်ဆုံး OrCAD Layoutထဲကိုဝင်ရပါတယ်။ အဲဒီမှာအခက်အခဲတွေ့နိုင်တာကတော့ License ပါ။ License file ကို OrCAD Installer CD ထဲကနေ Computer ထဲကို အရင်ဆုံးကူးထည့်ထားဖို့ လိုပါတယ်။ Layout ထဲကိုရောက်သွားရင် File Menu ထဲက New ထဲမှာ New Project ကိုရွေးရပါတယ်။ အဲဒီအခါမှာ Dialog Box လေးပေါ်လာပါလိမ့်မယ်။

Project Name ကိုပေး။ Schematic Option ကိုရွေး။ OK ကိုနှိပ်ပါ။

ဒီအခြေအနေရောက်ရင် Schematic စဆွဲလို့ရပါပြီ။ ဒါက Tool Bar ပါ။

Tools တွေကို ဘယ်ကနေညာအတိုင်း ကြည့်မယ်ဆိုရင်...

  1. Select
  2. Place part
  3. Place wire
  4. Place net alias
  5. Place Bus
  6. Place junction
  7. Place bus entry
  8. Place power
  9. Place ground
  10. ........
  11. ........
  12. ........

ဆိုပြီးတွေ့ရပါတယ်။

1. Select

ဒီ Tool ကတော့ ပြောစရာမလိုဘူးထင်ပါတယ်။

2. Place part

ဒါက Components တွေကို နေရာချတဲ့ Tool ပါ။ ရွေးလိုက်ရင် ဒီ လေးပေါ်လာမှာပါ။

ညာဘက်ဒေါင့်က Component ရဲ့ Preview ပါ။ ဒီ Circuit Design လေးကို ဆွဲကြည့်ပါ။

No comments:

Post a Comment