Tuesday, 31 July 2007

USB Vs other ports

USB port နဲ့ RS232, Header (Connector) တွေကိုချိတ်ဆက်တဲ့ Circuit Diagram လေးတွေပါ။

၁။ ပထမတစ်ခုက USB port နဲ့ RS232 port ကိုချိတ်ဆက်တာဖြစ်ပါတယ်။ Computer ထဲမှာ built-in မဟုတ်တဲ့အတွက် external power supply (5V) တော့ပေးရပါမယ်။ Computer မပါပဲ USB port ကိုအသုံးပြုပြီး storage device ကနေ data (Read, Write) ချင်တဲ့အခါမှာသုံးပါတယ်။ UART mode လို့ခေါ်ပါတယ်။

၂။ ဒုတိယတစ်ခုကတော့ USB port နဲ့ Header ကိုချိတ်တဲ့ပုံစံပါ။ SPI mode လို့ခေါ်ပါတယ်။ Software ကနေကတော့ Virtual port လို့လည်းခေါ်ပါတယ်။

ဘယ်လိုခွဲခြားပြီးသုံးလို့ရလဲဆိုရင်တော့ ကျွန်တော်တို့သုံးတဲ့ Microcontroller က RS232 port ကို ၂ ခုပဲလက်ခံတယ်ဆိုပါစို့။ ကျွန်တော်ကလည်း အဲဒီ port ၂ ခုလုံးကိုအသုံးပြုခဲ့ပြီးဖြစ်နေချိန်မှာ USB port နဲ့ data (Read, Write) လုပ်ချင်တဲ့အခါမှာ SPI mode ကိုသုံးရပါတယ်။ SPI မှာ Master mode နဲ့ Slave mode ဆိုပြီး၂ မျိုးရှိပါတယ်။ Master က USB, MMC (Memory Card) device တစ်ခုမကသုံးလို့ရပြီး Slave ကတော့ device တစ်ခုပဲ သုံးလို့ရပါတယ်။ ကျွန်တော်ကတော့ Slave mode ကိုပဲသုံးဘူးပါတယ်။ USB Port ကိုတော့ ကြိုက်တဲ့အမျိုးအစား သုံးလို့ရပါတယ်။ အခုအသုံးပြုထားတာက VDrive2 ဆိုတဲ့တံဆိပ်ပါ။

- အောက်ကပုံလေးတွေက VDrive2 နဲ့ RS232 (Male, Female) ရဲ့ပုံတွေပါ။

မှတ်ချက် ။ ။ UART, SPI, RS232 အကြောင်းတွေကိုတော့ အရင် post တွေမှာရှင်းပြခဲ့ပြီးပါပြီ။

Diagram (1)

Diagram (2)


No comments:

Post a Comment