Tuesday, 17 July 2007

USB Virtual Port

Mocrocontroller နဲ့ USB port ကို အသုံးပြုချင်တဲ့အခါမှာ ပုံမှန်အားဖြင့်တော့ RS232 ကို support လုပ်တဲ့ Port (RXD, TXD) တစ်ခုအနဲဆုံးပါရပါမယ်။ ဒါကို Serial Port လို့ခေါ်ပါတယ်။ ဒါပေမယ့် USB မှာ Mode ၂ မျိုးရှိပါတယ်။ တစ်ခုက UART Mode ဖြစ်ပြီး နောက်တစ်ခုက SPI (Serial Peripheral Interface) Mode ကို အဖြစ်အသုံးပြုလို့ရပါတယ်။ UART အကြောင်းကိုတော့ ကျွန်တော်တင်ခဲ့ပြီးပါပြီ။ အဲဒီလိုသုံးတဲ့အခါမှာ Software ကနေရေးပြီးသုံးရပါတယ် (Virtual Port လို့ခေါ်ပါတယ်)။ Timing Diagram ကိုကြည့်ပြီးရေးရပါတယ်။ အဲဒါကတော့ သက်ဆိုင်တဲ့ USD Device ရဲ့ Data Sheet မှာပါပါတယ်။ အဓိကကြည့်ရမှာတွေကတော့ CLK (Clock), CS (Chip Select), Input, Output Timing တွေပါပဲ။ အောက်မှာ နမူနာ Timing Diagram တွေ ပေးထားပါတယ်။ ရေးရတဲ့ Code တွေကိုတော့ နောက်မှ ထပ်တင်ပါမယ်။

No comments:

Post a Comment