Friday, 19 February 2010

Plogg Energy Logging Device

E-Meter ပါပဲ။ ကျတော် ပထမ သုံးတဲ့အမျိုးအစားပါ။ အရမ်းကို User friendly ဖြစ်ပါတယ်။ အားနည်းချက်က Serial COM သီးသန့်မပါတဲ့အတွက် ZigBEE port မှာ bypass လုပ်ပြီးသုံးရပါတယ်။ ကျတော်သူ့ရဲ့ handshaking ကိုသေချာနားမလည်တဲ့အတွက် reply တွေနောက်ကျပါတယ်။ ဒါပေမယ့် အလွန်တိကျ (ဒဿမ ၄ နေရာအထိ KWh ကိုပြနိုင်ပါတယ်) တဲ့အတွက် ကျတော့် Project တစ်ခုရဲ့ Second Generation အထိ သုံးဖြစ်ခဲ့ပါတယ်။

နောက်ပြဿနာတစ်ခုက Ground isolation သေခြာလုပ်ရပါတယ်။ အရမ်းနုပါတယ်။ ကျတော်သုံးနေရင်းကို ၂ လုံးလောက် ရှော့ဖြစ်ပီး ပျက်သွားပါတယ်။ နောက်ပြီး meter firmware upgrade ပါ။ အကုန်လုံးကို ထုတ်လုပ်တဲ့ ကုန်ပနီပေါ်မှီခိုနေရပါတယ်။ သဘောက သူတို့ firmware ပြောင်းရင် ကျတော်က protocol လိုက်ပြောင်းနေရတာပါ။ လုပ်နေရင်းကို ၂ ခါပြောင်းပါတယ်။

နောက်ပိုင်းမှာ PLC base (RS-485 protocol e-meter) နောက်တစ်မျိုးပြောင်းသုံးခဲ့ပါတယ်။ လိုချင်တဲ့ IEC standard မရလို့ပါ။ Terric Meter မဟုတ်တဲ့အတွက်ပါ။ သဘောက အိမ်သုံးအတွက် ပဲ အဓိကလုပ်ထားတာကြောင့် ကျတော်သုံးမည့် Project behavior နဲ့ မကိုက်တာပါပဲ။

အောက်က ပုံက သူ့ရဲ့ Full function ကို ပြထားတာပါ။ Bundle လိုက်ဝယ်ပြီး အဆင်သင့်သုံးလို့ရပါတယ်။ ကျတော်က Plogg OEM (Module & ZigBEE) သပ်သပ်ဝယ်ပြီး သုံးခဲ့တာပါ။ အဲ့ဒီတုန်းကလည်း Customer က supply လုပ်လို့ သုံးဖြစ်ခဲ့တာပါ။

Graphic LCD

သာမန် Character display LCD တွေနဲ့ ကွာခြားတဲ့အချက်ကတော့ GLCD က Dot Matrix ပုံစံသွားပါတယ်။ ကျွန်တော်သုံးတာက Graphic LCD 128x64 Dot Matrix ပါ။ သူ့ပေါ်မှာ စာရေးတာပဲ ဖြစ်ဖြစ် ပုံဆွဲတာပဲဖြစ်ဖြစ် အဲ့ဒီ Dot Matrix ပုံစံနဲ့ သွားရပါတယ်။ အရှင်းဆုံးပြောရရင်တော့ Dot (pixel) လေးတွေကို ဆက်ပြီးတော့ ပုံဖေါ်လိုက်တာပါပဲ။ ကျန်တဲ့သဘောတရားတွေအကုန်လုံးက ပုံမှန် LCD module တွေနဲ့အတူတူပါပဲ။ ရေးချင်ရင် အနက်ရောင်လေးအုပ်၊ ဖျက်ချင်ရင် အဖြူရောင်လေး ပြန်အုပ် ဆိုတဲ့သဘောတွေပါပဲ။ ဒီကောင်လေးကို သုံးရင်းနဲ့ ဟိုးအရင် ၁၉၉၇ လောက်က Pascal programming မှာ Graphic mode နဲ့ DOS မှာ Windows, Buttons, Text boxes တွေရေးခဲ့တာလေးတွေကိုတောင် ပြန်သတိရမိတယ်။

Thursday, 18 February 2010

Multi-Chip and Single Chip solutions

Embedded Application တွေကို Mass production ထုတ်လုပ်တဲ့အခါမှာ Single Chip solution ကို သုံးကြပါတယ်။ သဘောတရားကတော့ ကိုယ်လုပ်ချင်တဲ့ လုပ်ငန်း ၂ခုကို Chip တစ်ခုထဲမှာ ပေါင်းပြီးထဲ့လိုက်တဲ့သဘောပါ။

ဥပမာ - Freescale က Energy meter ကိုထုတ်တဲ့နေရာမှာ အရင်က 2 Chip solution ကို သုံးပါတယ်။ E-Meter အတွက် ADC နဲ့ဆိုင်တဲ့ Chip တစ်လုံးနဲ့ Data collection, calculation, user interface တွေအတွက် MCU တစ်လုံးကို ခွဲပြီးသုံးပါတယ်။ သဘောကတော့ သူတို့အရင် ရှိပြီးသား IC တွေကို ယူသုံးလိုက်တဲ့သဘောပါ။ R & D အဆင့်လောက်ပေါ့။ နောက်ပိုင်းကျတော့ ခုန E-meter အဆင်ပြေသွားတဲ့ အခါ အဲ့ ၂ လုံးကို ပေါင်းလိုက်ပြီးတော့ Chip တစ်ခုတည်းမှာ Embedded ထဲ့လိုက်တယ်။ Single chip solution ကိုပြောင်းပစ်လိုက်တယ်။

အားသာချက်က ဈေးသက်သာသွားတယ်၊ နေရာပိုထွက်လာတယ်၊ power consumption ကျသွားတယ်။ လိုအပ်ချက်က Mass production ထုတ်မှအဆင်ပြေတယ်။ အောက်ကပုံကတော့ Multi chip and single chip solution ကို ယှဉ်ပြထားတဲ့ပုံပါ။ ဒီစကားအသုံးအနှုန်းက သပ်သပ် အလုပ်လုပ်နိုင်နေတဲ့ Chip ၂ လုံးကို တစ်လုံးတည်းမှာ ပေါင်းပြီး သုံးတဲ့အခါမှာ ပြောလေ့ရှိကြပါတယ်။

Tuesday, 16 February 2010

Mifare Card A, B, C

Mifare ကဒ်တွေ (ISO 14443 လို့လည်း ပြောကြပါတယ်)က ခုနောက်ပိုင်း အသုံးအများဆုံး Contactless Card အမျိုးအစားတွေပါ။
Type A က Card ID ၈ လုံးပါပါတယ်။ ဈေးပေါပါတယ်။ သိပ်အရေးမကြီးတဲ့ Private လုပ်ငန်းတွေ Attendance system တွေမှာ အသုံးများပါတယ်။
Type B က Transportation တွေမှာ အသုံးများပါတယ် (စင်္ကာပူက EZlink ကဒ်လိုပေါ့)။ တရုတ်က ပြည်နယ်တစ်ချို့၊ အိန္ဒိယ၊ ဂျပန်၊ ကိုးရီးယားတွေမှာ အသုံးများပါတယ်။ Card ID ၁၆ လုံးပါပါတယ်။
Type C က E-Passport တွေမှာ အသုံးများပါတယ်။ ကျတော်တွေ့ဘူးတာ ကိုးရီးယား ပါ့စ်ပို့မှာပါ။ Card ID ၃၂ လုံးပါပါတယ်။

Felica (Sony) Card, Mifare ISO14443 A, B, C and CEPAS protocol

Singapore ရဲ့ public ကား၊ ရထားတွေမှာ ပိုက်ဆံပေးတဲ့စံနစ်မှာသုံးတဲ့ EZlink card အသစ် (၂၀၀၉ စက်တင်ဘာမှ အပြီးလဲပေးထားတဲ့ကဒ်) အမျိုးအစားပါ။ ထုတ်လုပ်တဲ့ ကုန်ပနီက Sony ပါ။ အဲ့ဒါကြောင့် အဲဒီကဒ်ကို ဖတ်တဲ့အခါ -

၁။ Sony ကထုတ်တဲ့ Protocol (Felica) ကိုအသုံးပြုပြီး ဖတ်ရပါတယ်။
၂။ ဒါပေမယ့် ကဒ်အမျိုးအစားက Mifare (B) or ISO 14443 B ပါ။ သဘောက Mifare B ကဒ်အမျိုးအစားဖတ်နိုင်တဲ့ Reader တွေနဲ့ပဲ ရပါလိမ့်မယ်။
၃။ CEPAS (Contactless ePurse Applications) ဆိုတာက Encryption method ပါ။ ဟက်ခ် လုပ်ပိုင်ခွင့်မရှိပါ။

အဲဒီတော့ ကျတော်တို့က အဲ့ဒီကဒ်ကို သုံးပြီး အလုပ်လုပ်တဲ့ System တစ်ခုဖန်တီးတဲ့အခါ အဲဒီကဒ်ရဲ့ နံပါတ်ကိုပဲ ဖတ်လို့ရပါတယ်။ EZlink ကဒ်တွေပေါ်မှာ ရေးထားတယ် နံပါတ် ၁၆ လုံးပေါ့။ အထဲက တန်ဖိုးတွေကို ပြင်ခွင့်မရှိပါ။

EZlink ကဒ်ကို ဖတ်လို့ရတဲ့ Reader တွေ အများကြီးရှိပါတယ်။ မှတ်ရမှာက Felica, ISO14443 A,B,C (C ကပါချင်မှပါပါ) ဆိုတဲ့စာလေးတွေ ပါမှ အဲဒီကဒ်ကို ဖတ်လို့ရတယ်လို့ သတ်မှတ်ရပါမယ်။
Sony (Felica) Card တည်ဆောက်ထားပုံFelica Card Reader တစ်မျိုး

Uni-directional And Bi-directional Energy Meter

Uni-directional energy meter ကတော့ ကမ္ဘာမှာ (အထူးသဖြင့် တရုတ်ပြည်မှာ) အသုံးများပြီးသား ပါ။ ရှင်းပါတယ် ကိုယ်သုံးသလောက် ကိုယ်ရှင်းပေါ့။ သာမန်မီတာတွေနဲ့ ကွာခြားချက်က တစ်လုံးချင်းကို လိုက်ဖတ်နေစရာမလိုပဲ Group လိုက်ကို (wireless နည်းပညာတစ်ခုခု သုံးပြီး) လိုက်ဖတ်သွားတဲ့ Digital Meter အမျိုးအစားပါ။ Bi-directional engery meter ကအနောက်နိုင်ငံတွေက စတင်ပြီး ခေတ်စားနေတဲ့ စတိုင်လ်ပေါ့ဗျာ။

သဘောတရားက Solar panel, Wind turbine တွေကို အိမ်တွေမှာတပ်ထားတယ် (တစ်အိမ်လုံးပေါ့ဗျာ)။ နေ့ပိုင်းဆိုရင် electricity အသုံးနဲတဲ့အတွက် (ရုံးသွားကြတာများသကိုး) အဲ့ဒီ solar, wind တွေက ရတဲ့ စွမ်းအင်ကို အစိုးရ၊ ကုန်ပနီ တွေကို ပြန်ရောင်းတယ် (Main power grids နဲ့ တိုက်ရိုက် ချိတ်ဆက်ထားလေ့ရှိတယ်)။ ညပိုင်းကျတော့ အဲ့ဒီ grids တွေကနေ electricity ပြန်ဆွဲတယ်။ သဘောက 2 ways ပေါ့ (အရောင်းနဲ့ အ၀ယ်)။

Bi-directional E-meter (ပုံစံက uni နဲ့ အတူတူပါပဲ)

နောက်ပိုင်း solar, wind စတဲ့ renewable energy တွေကို တစ်နိုင်တစ်ပိုင် သုံးလာကြရင် bi-directional energy meter တွေခေတ်စားလာလိမ့်မယ် လို့ယူဆရကြောင်းပါ။ စလုံးအနေနဲ့ ဖြစ်နိုင်ခြေအတော်နဲပါတယ်။ ထိုစွမ်းအင်တွေ ပေါများစွာရနိုင်သော ကျွန်တော်တို့ နိုင်ငံမှာ (ဘယ်တော့မှန်းမသိသော) တစ်ချိန်ချိန်မှာ ခေတ်စားလာလိမ့်မယ်၊ အောင်မြင်လာလိမ့်မယ်လို့ မျှော်လင့်ရကြောင်းပါ။


Saturday, 13 February 2010

GSM/ GPRS (General packet radio service) Data Network Usage

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်နေရာမှာရောက်ရောက် ဆက်သွယ်လို့ အဆင်ပြေဆုံးက GSM Network ပါ။ နိုင်ငံတိုင်းလိုလိုက Service Provider က GSM service နဲ့ GPRS Data service တွေကို ပေးလေ့ရှိပါတယ် (ကျွန်တော်တို့ နိုင်ငံတော်မှာတော့ မပေးပါ)။
ဥပမာ - ကျွန်တော့် Device တေ
ွကို သြဇီ၊ ဥရောပ၊ ယူအက်စ်၊ ဟောင်ကောင်၊ စလုံး အကုန်လုံးမှာထားပြီး အကုန်လုံးကို စင်္ကာပူကနေ ထိန်းချုပ်ချင်တယ် ဆိုပါစို့။ အဲ့ဒီ Device ကလည်း WiFi မရှိတဲ့ နေရာတွေမှာ ရှိချင်လည်း ရှိမယ်ဆိုပါစို့ (WiFi က တစ်မြို့လုံးမှာ ရှိနေဖို့ဆိုတာ ဖြစ်နိုင်ခြေနဲတာကိုး)။ အဲဒီအခါမျိုးမှာ GPRS data network ကိုသုံးရပါတယ် (မြို့ထဲမှာ ကတော့ GSM Network မိနေမှာပဲကိုး)။
အောက်မှာ GPRS Network ရဲ့အလုပ်
လုပ်ပုံအကြမ်းကို ပြထားပါတယ်။ ကျတော့ Device တွေက PDA လိုကောင်မျိုးလေးတွေပါ။ သက်ဆိုင်တဲ့ Data တွေကို စုဆောင်းထားပြီး GPRS ကနေ Database server ကို ပြန်ပို့ပါတယ်။ ကျတော့ Device မှာသုံးထားတဲ့ GSM/ GPRS Module က SIM3XX series ပါ။ အဲ့ဒီ အကြောင်းကို ဆက်ရေးပါမယ်။

Sample GPRS Network Operation

SIM300 GSM/ GPRS Module

RCM5400W နောက်ဆက်တွဲ (၁)

RCM54XX တွေရဲ့အားသာချက်က Zworld http mini server လေးထဲ့လို့ရပါတယ်။ ဒါပေမယ့် အဲ့ဒီ Server ရဲ့ Foot Print က အတော်ကြီးတဲ့အတွက် တစ်ကယ်တမ်း အသေအကြေသုံးကြစတမ်းဆိုရင် Storage Area များတဲ့ (၂ ဆ၊ ဈေးလည်း ပိုပါတယ်) RCM5450 လိုကောင်နဲ့မှ အဆင်ပြေလိမ့်မယ်။ ကျတော်သုံးတဲ့ ပုံစံက FTP server ကို အဲဒီထဲမှာ ထဲ့ပြီးတော့ Wireless Filer Transfer လောက်ပါပဲ။ http server ကို သုံးဖို့ စဉ်းစားပေမယ့်လည်း Port forwarding ကိတ်စတွေမှာ ပြသနာရှိနေတဲ့အတွက် တိုက်ရိုက် Data Access လုပ်တဲ့နည်းကို မေ့ပစ်ပြီး FTP နည်းစံနစ်ကို သုံးလိုက်ရတာပါ။

အားသာချက် နောက်တစ်ခုက Embedded WiFi Module ဖြစ်တဲ့အတွက် DHCP ကိုသုံးလို့ရပါတယ်။ အရင် 3700 ကတော့ Static IP ပဲ အဆင်ပြေပါတယ်။

Ref : http://www.rabbit.com/products/rcm5400W/


Introduction of RCM5400W

RCM5400W ကိုကြိုက်မိတာ ဒီရက်ပိုင်းမှပါ။ အရင်ကျတော်သုံးနေကျကောင်က RCM3700, 3720 တွေ။ 3700 တွေရဲ့အားနည်းချက်က သူ့မှာ Ethernet Port တော့ပါတယ် ဒါပေမယ့် ခုနောက်ပိုင်းမှာ WiFi တွေကိုပဲအဓိကထားကြတာကိုး Cable တွေကအဆင်မပြေတော့တော့။ အဲ့တော့ ဒီကောင့်ကို အခုသုံးနေတဲ့ပုံစံက Acksys Wifi (Bridge) Card ကို ထပ်ထဲ့ပေးနေရတယ်။ Acksys က ဈေးကြီးတဲ့အပြင် Setting လည်း ချချပေးနေရတာကြောင့် ထပ်ရှာလိုက်တဲ့အခါ RCM5000 series ကိုတွေ့တာပဲ။ နောက်ပိုင်းတွေမှာ b/ g အထိရလာတော့ အဲ့ကောင်ကို နောက်ပိုင်းမှာ သုံးဖို့ ဆုံးဖြတ်လိုက်တယ်။ ဈေးကတော့ ၂ ဆကျော်ရှိတယ်။


RCM5400W (Rabbit Core Module)

Saturday, 11 April 2009

XBee's AT commands and API command frame

XBee (Series 2, PRO) ကိုသုံးတဲ့အခါမှာ သူ့ကို ခိုင်းဖို့အတွက် Command တွေရှိပါတယ်။ သူ့မှာက Command Mode ၂ ခုရှိပါတယ်။ AT နဲ့ API ပါ။ သူတို့ပြောထားတာကတော့ AT mode က default mode လို့ဆိုပေမယ့်။ ကျွန်တော်အခုသုံးတဲ့ မှာတော့ default က API mode ဖြစ်နေပါတယ်။ အဲဒါနဲ့ ကျွန်တော်လည်း API ကိုသုံးပြီးပဲ ဆက်ရေးပါတယ်။

တစ်ကယ်ကတော့ AT mode က AT command တွေကို တိုက်ရိုက်ပေးရုံပါပဲ။ သူ့ရဲ့ command format က ဒီလိုပါ။

API ကကျတော့ သူကိုယ်ပိုင် frame ထဲကို AT command တွေထည့်လိုက်တာပါပဲ။ API frame ရဲ့ပုံစံက ဒီလိုပါ။

ဒါပေမယ့် data တွေကို ပို့တဲ့အခါမှာတော့ API frame ကိုသုံးကိုသုံးရပါတယ်။ ဆိုလိုချင်တာက AT mode က XBee ကို လိုအပ်တဲ့ setting တွေချပေးတဲ့အခါမှာပဲ သုံးပါတယ်။ ဥပမာ - နာမည် (ID) ပေးတာတို့၊ (Channel, Power level) ကြည့်တာတို့အတွက်ပါ။
XBee ရဲ့ User Manual ကို ဒေါင်းချင်ယင် ဒီမှာ ယူပါ။

Friday, 13 March 2009

Create Free iTunes Account without Credit Card

Jailbreak လုပ်ထားတဲ့ ဖုန်းတွေအတွက်တော့ iTune Account လိုအပ်ပါတယ်။ ဘာလို့လည်းဆိုတော့ iPhone Crack application တွေကိုထည့်တဲ့အခါမှာ ကိုယ်သုံးမည့် ကွန်ပျူတာရဲ့ iTune ကနေ application တစ်ခုကို အနည်းဆုံး download and install လုပ်ပေးရပါတယ်။ မလုပ်ပေးခဲ့ရင် ဖုန်းထဲကို crack application တွေ ထည့်လိုက်သော်လည်းပဲ ဖွင့်လို့မရဘူးလို့ လာပြောနေပါလိမ့်မယ်။ တစ်ကယ်လည်း မရပါဘူး။ (ဒီပြသနာက ကျွန်တော် ၂ ရက်လောက် ကြုံခဲ့ရတဲ့ ပြသနာပါ။)
ခုပြောမှာက iTune account ကို Credit card မလိုပဲလုပ်လို့ရတဲ့နည်းပါ။ အပြင်ကလူတွေအတွက် Credit/ Debit card မခက်ပေမယ့် မြန်မာကလူတွေကနေနဲ့က free လိုအပ်ပါတယ်။ နည်းကတော့ လွယ်ပါတယ်။

၁။ iTune ကို download/ Install လုပ်ပြီး ဖွင့်လိုက်ပါ။

၂။ Country မှာ US ကိုရွေးပါ။ တစ်ခြားနိုင်ငံတော့ မစမ်းဘူးဘူး။ US ကတော့ cards မရှိပဲ လုပ်လို့ရပါတယ်။ Singapore, Thai, ... တွေ ဆိုရင်တော့ မရပါ။


၃။ Free ပေးတဲ့ application တစ်ခုခုကို ရွေးလိုက်ပါ။ Account မလုပ်ရသေးတဲ့အတွက် New Account Register လုပ်မယ်ဆိုတာကို နှိပ်ပါ။

၎။ အောက်က ပုံလေးတွေအတိုင်းလိုက်သွားပြီး Credit card ရွေးတဲ့နေရာရောက်ရင် None ကိုရွေးပါ။ ကျန်တာတွေကိုတော့ လည်သလိုသာထည့်လိုက်ပါ။

၅။ ပြီးသွားတဲ့အခါမှာ ခုနရွေးထားတဲ့ application ကိုသူ့ဟာသူဒေါင်းပါလိမ့်မယ်။ ပြီးသွားရင် ကြိုက်တဲ့ crack application တွေကိုထည့်သုံးလို့ရပါပြီ။

(crack application တွေ ထည့်လို့ရအောင် ဖုန်းကို MobileInstallation patch လုပ်ရပါသေးတယ်။ နောက်တစ်ပို့စ်မှာ ထပ်တင်ပါဦးမယ်။)


Jailbreaking iPhone with QuickPWN 2.2.5

Jailbreak ဆိုတာတော့ ဘာလည်းလို့ မရေးတော့ဘူး။ သိပြီးသား ဖြစ်ကြဖို့များပါတယ်။ ကျွန်တော်ပြောမှာက iPhone ကို Jailbreak လုပ်တဲ့နည်းပါ။ တစ်ကယ်ကတော့ သိပ်မခက်ပါဘူး။ ဒါပေမယ့် စလုပ်ရင်တော့ ကြောင်တတ်ပါတယ်။ ကျွန်တော်အခုပြောမည့် နည်းတွေကတော့ မြန်မာနိုင်ငံက လူတွေအတွက်လည်း အဆင်ပြေမည့်နည်းပါ။ လိုအပ်ချက်တွေကတော့ ...

၁။ ဒေါင်းလုတ် လုပ်ရမည့် Software များ။ (QuickPwn, iPhone Firmware Version 2.2.1, WinSCP, MobileInstallation 2.2.1, iTune)
၂။ WiFi Access။ (ဒါကတော့ မြန်မာနိုင်ငံမှာ အခက်အခဲ နဲနဲရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိသလောက် တစ်ချို့အင်တာနက် ကဖေးတွေမှာ WiFi ရနိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် သုံးရင်လည်း ရပါတယ်။)
၃။ iTune Account။ (ဒါကို နောက်ထပ် ပို့စ်တစ်ခုမှာ ထပ်တင်ပေးပါ့မယ်။ ရှည်သွားမှာစိုးလို့ပါ။)
၎။ သုံးချင်တဲ့ iPhone Cracked Application များ။ (အဲဒါတွေကတော့ ကိုယ်တိုင်ဒေါင်းချင်လည်း ရတယ်။ ရှိပြီးသားလူဆီက ကူးသုံးရင်လည်း ရပါတယ်။ ကျွန်တော် ဒေါင်းထားတာလေးတွေလည်း ပြန်တင်ပေးပါဦးမယ်။)
*** အရေးကြီးတာတစ်ခုက ကိုယ့်ဖုန်းရဲ့ Firmware version ကိုအရင်ကြည့်ပါ။ တစ်ကယ်လို့ Version 2.2.1 ထက်နိမ့်နေခဲ့ရင် iTune ကိုသုံးပြီး Upgrade လုပ်ပေးပါ။ အဲဒီကိတ်စက ကြာနိုင်ပါတယ်။ ခုန Firmware 2.2.1 File ကိုသုံးပြီးတော့ လုပ်ရင်လည်းရပါတယ်။ လုပ်တဲ့နည်းကို ကျွန်တော် ထပ်တင်ပေးပါမယ်။ ***

ဒီပို့စ်မှာ ၁ အတွက်အရင် ရေးပါမယ်။ နံပါတ် (၁) အတွက် လင့်တွေကတော့ ...
QuickPwn 2.2.5, iPhone Firmware Version 2.2.1, WinSCP, MobileInstallation 2.2.1, iTune

အဲဒါတွေရပြီဆိုရင် ပထမဆုံး QuickPwn ကိုဖွင့်ပါ။ အောက်ကပုံပေါ်လာပါလိမ့်မယ်။

iPhone ကိုကွန်ပျူတာမှာ တပ်ထားပြီးရင် OK နှိပ်ပြီး Button မျှားလေးထပ်နှိပ်လိုက်ပါ။ အောက်ကပုံထပ်ပေါ်လာမယ်။ (အမှန်ခြစ်အစိမ်းက ခုအချိန်မှာ မပေါ်သေးပါ။)

အဲဒီမှာ Browse ထဲကနေ ခုနဒေါင်းထားတဲ့ iPhone Firmware Version 2.2.1 ဖိုင်ကို လင့်ပေးလိုက်ပါ။ ခနစောင့်လိုက်ရင်။ ဖုန်းပေါ်မှာ အမှန်ခြစ်လေး ပေါ်လာပြီး မျှားကို ဆက်နှိပ်ပါ။ အောက်က ပုံထပ်ပေါ်မယ်။ Install Cydia, Install Installer ကို ရွေးပါ။ ပြီး မျှားကို နှိပ်ပါ။

မျှားလေးကိုပဲ ထပ်နှိပ်လိုက်ပါ။ နောက် Screen တစ်ခုထပ်ပေါ်လာမှာပါ။ အဲဒီထဲမှာပါတဲ့ အဆင့်လေးတွေအတိုင်း ခလုတ်လေးတွေ နှိပ်သွားပါ။

- Recovery Mode ထဲဝင်သွားဖို့ ခနစောင့်ပါ။ (ရောက်သွားတဲ့အခါ နောက်အဆင့်တစ်ခုကို အလိုလို ပြောင်းသွားပါလိမ့်မယ်။)
- Home button ကို 5 seconds နှိပ်ထားပါ။
- Home ကို မလွှတ်ပဲ Power Button (Wake-up button) ကို 10 seconds ထပ်နှိပ်ပါ။ နှိပ်ထားပါ။ (အဲဒီအချိန်မှာ ဖုန်းက restart ခနဖြစ်သွားပါလိမ့်မယ်။ ဂရုမစိုက်ပါနဲ့။)
- Power ကိုလွှတ်လိုက်ပြီး Home ကို 20 seconds နှိပ်ထားပါ။ (ဒီအဆင့်တွေက သူ့ထဲမှာလည်း အလိုလိုပြောင်းသွားတာပါ။ မှတ်စရာတော့ သိပ်မလိုလှပါဘူး။)
- အဆင့်အားလုံးမှန်ရင် သူ့ဟာသူ ဆက်ပြီး Jailbreak လုပ်နေပါလိမ့်မယ်။ ပြီးသွားရင် အောက်ကပုံအတိုင်း ဖြစ်သွားပါလိမ့်မယ်။ (မမှန်ရင်တော့ ပြန်စရမှာပေါ့။)

ဖုန်းမှာတော့ အောက်ကပုံလေးတွေ အဆင့်ဆင့်ပေါ်နေပါလိမ့်မယ်။ ကိုယ်က ဘာမှဆက်လုပ်စရာ မလိုတော့ပါဘူး။













နောက်ဆုံးမှာ ဖုန်းက Restart ဖြစ်သွားပြီး Cydia နဲ့ Installer ဆိုတဲ့ icon ၂ ခု အပိုပါလာပါလိမ့်မယ်။ ဒါဆို Jailbreak လုပ်တာပြီးသွားပါပြီ။ Cydia store ထဲမှာ Free ပေးထားတဲ့ application လေးတွေ အများကြီးပါပါတယ်။ Vido Recording, Blacklisting, Forward mail စတဲ့ Application လေးတွေ Free ပေးထားပါတယ်။

iPhone Cracked Applications တင်တဲ့ ကိတ်စကို ကျွန်တော်နောက် ပို့စ်တစ်ခုမှာ ထပ်တင်ပါမယ်။
(iPhone Buttons and Interface)
“ လုပ်နည်းတွေကို သင်ပေးတဲ့ ကိုကျော်မျိုးလှိုင် ကိုကျေးဇူးပါ။ ”

Tuesday, 10 March 2009

Key Bouncing Problem on Switches and How to Debounce

Bouncing problem ဆိုတာကတော့ Embedded application တွေမှာ ဖြစ်တတ်တဲ့ ကိစ္စပါပဲ။ သဘောကတော့ ခလုတ် (switch/ key) ကို တစ်ချက်နှိပ်ပေမယ့် pulse တွေအများကြီး ၀င်သွားတဲ့ ပြသနာပါ။ Keyboard ခလုတ် ကပ်သွားသလို ဖြစ်တာပေါ့။ အဲဒါကို key bouncing လို့ ခေါ်ပါတယ်။ အဲဒီ ပြသနာကို ပြန်ဖြေရှင်းတာကိုတော့ debouncing လို့ပြောတာပေါ့။

Microcontroller application တွေမှာ Debounce လုပ်တဲ့နည်း ၃ မျိုးရှိပါတယ်။
၁။ ပထမဆုံး Key (pulse) တစ်ချက် နှိပ်တာကိုပဲ အတည်ယူပါ။ နောက်ထပ် ၀င်လာတဲ့ pulse တွေကို ignore လုပ်ပစ်ပါ။ (နောက်ထပ် Key မလွှတ်မချင်း လုပ်ငန်း မပြီးသေးဘူးလို့ သတ်မှတ်ပြီး ဘာမှဆက်မလုပ်ပဲ ရပ် (nop) ထားပါ)
၂။ တစ်ချက်နှိပ်ပြီး ခနစောင့်နေပါ။ ( ၁ စက္ကန့်၊ ဒါမှ မဟုတ် ၀.၅ စက္ကန့်ပေါ့။ Switch ရဲ့သဘာဝပေါ်မူတည်ပြီး စောင့်ရတဲ့ အချိန်ကို ညှိပါ)
၃။ ပထမ Key တစ်ချက်နှိပ်ရင် အလုပ်လုပ်ပြီး ဒုတိယ Key တစ်ချက်မနှိပ်ခင်အထိ စောင့်ခိုင်းထားပါ။

Bouncing ကို Hardware ရော Software ရောနဲ့ ထိန်းလို့ ရပါတယ်။ Software နဲ့ကတော့ ပိုလွယ်ပါတယ်။ Hardware နဲ့ဆိုရင်တော့ အောက်မှာ ပြထားတဲ့ အတိုင်း တပ်ဆင်ပြီး ထိန်းလို့ရပါတယ်။ HCF4093 ကတော့ အိုင်စီပါ။

Software နဲ့ဆိုရင်တော့ အောက်မှာ ပြထားတဲ့အတိုင်း ရေးလို့ရပါတယ်။ ဒီ program မှာက active low ကိုယူထားပါတယ်။

//////////////////////////////////////////////////////////////////////
void init_ports(void) {
TRISIO = (1<<5);>// set as output except bit 5 GP5=i/p

//////////////////////////////////////////////////////////////////////
int get_key(void) {

// Is GP5 low - no so exit
if (GPIO & (1<<5))>

delay_ms(1); // wait for key to settle

// Is GP5 high ? yes so exit = false key.
if ( (GPIO & (1<<5))>0 ) return 0; // was a false key so restart

return 1; // key ok so return valid
}
//////////////////////////////////////////////////////////////////////

Monday, 16 February 2009

RTC, Timer And External Oscillator

RTC နဲ့ TIMER တွေ အကြောင်းကို ကျွန်တော် ခဏခဏ ရေးလေ့ရှိပါတယ်။ အခုပြောပြချင်တာက RTC ကို Timer နဲ့ရေးတဲ့အခါ လိုအပ်တဲ့ လိုအပ်ချက်တွေပါ။ အများအားဖြင့် RTC သုံးချင်တဲ့အခါ External RTC chip ကိုသုံးလေ့ ရှိကြပါတယ်။ ဒါပေမယ့် Hardware overload ကိုလျှော့ချချင်တဲ့ အခါမှာဖြစ်ဖြစ်၊ Boom Price ကိုလျှော့ချင်တဲ့အခါမှာ ဖြစ်ဖြစ် RTC ကို routine ရေးပြီးသုံးကြပါတယ်။

အဲဒီအခါမှာ Timer တစ်ခုကို သုံးပြီး ရေးရပါတယ်။ အောက်မှာ RTC ရေးရတဲ့ Assembly source codeကို ပြထားပါတယ်။ C language အဖြစ်လည်း ပြောင်းပြီးရေးလို့ရပါတယ်။ ဒါပေမယ့် RTC routine အများစုကို Assembly ရေးလေ့ရှိပါတယ်။ Instruction cycle ကိုလျှော့ချချင်လို့ပါ။

အဲလို ရေးတဲ့အခါမှာ Timer ရဲ့ အချိန်ကို တိကျအောင် External Crystal (Oscillator) တစ်ခုကို ချိတ်ဆက်ပေးရပါတယ်။ အောက်မှာ ပြထားတာကတော့ Timer1 ကိုသုံးပြီးတော့ RTC routine ကိုရေးတဲ့အခါ လိုအပ်တဲ့ Crystal ချိတ်ဆက်ပေးရတဲ့ ပုံပါ။



Friday, 6 February 2009

PIC18F85J90 Plug-In Module

TQFP (Thin Quad Flat Pack) MCU တွေနဲ့ အလုပ်လုပ်တဲ့အခါ။ Mass production (standard PCB လုပ်ပြီးတဲ့အခါ) မှာတော့ သိပ်စဉ်းစားစရာ မလိုပေမယ့် R & D လုပ်တဲ့အခါမှာတော့ တစ်ချက်စဉ်းစားရပါတယ်။ အဲဒါက TQFP တွေက prototype PCB ပေါ်မှာ solder လုပ်ဖို့ အရမ်းခက်ခဲပါတယ်။ ရတယ်ထားဦး ကြာမယ်လေ။ အဲဒီတော့ သူ့အတွက် Daughter board (Plug-In Module) တွေရှာရပါတယ်။ အဲဒီ Module လေးတွေက Demo, Evolution Board တွေမှာတပ်သုံးတာပါ။ ရှိရင်တော့ အိုကေပါတယ်။ မရှိရင်တော့ prototype board မှာပဲရအောင် solder လုပ်ရမှာပေါ့။ ဒါကတော့ အလုပ်ကလေး တစ်ခုလုပ်ဖို့ ကျွန်တော့ အတွက်လိုအပ်တဲ့ PIC18F85J90 PIM ပါ။ သူက I/ O pin တွေကို နောက်ကျောမှာ ထုတ်ပေးထားတဲ့အတွက် ကျန်တဲ့ Device တွေနဲ့ I/ O pin တွေကနေတစ်ဆင့် ဆက်ပေးရုံပါပဲ။ ဒီ Module ကတော့ LCD Interface အတွက်အဓိကပါ။

သတိထားရမှာက Interface တစ်ခုချင်းစီအတွက် အဓိကထားပြီး PIM တွေက ရှိတတ်ပါတယ်။ ၀ယ်ရင်တော့ သေချာစစ်ပြီးမှ ၀ယ်သုံးပါ။