Thursday, 5 June 2008

Radio Frequency IDentification system (RFID)

RFID ကို နောက်ပိုင်းမှာ တော်တော်များများသုံးလာပါတယ်။ ကျွန်တော်နောက်လုပ်မယ့် Project တော်တော်များများမှာ RFID system ကိုသုံးရမှာမို့လို့ ဒီ Post ကိုစတင်လိုက်တာပါ။ နောက်ထပ်လည်း RF နဲ့ပါတ်သတ်တဲ့ Post တွေတင်ပါဦးမယ်။ RFID မှာ သုံးမျိုးရှိပါတယ်။
1. Passive RFID
2. Active RFID
3. Semi-Passive RFID တွေပါပဲ။
RFID မှာ Transmitter နဲ့ Receiver/ Transponder/ Tag ဆိုပြီးပါပါတယ်။ တော်တော်များများသိကြမှာပါ။ Credit Card, Door Lock, ATM card, ... တွေမှာသုံးလေ့ရှိပါတယ်။

Passive က Transmitter မှာ Power Source ပါပြီးတော့ Tag မှာမပါပါဘူး။ IC နဲ့ Antanna Coil တစ်ခုလောက်ပဲပါပြီးတော့ အလွန်ပါးပါတယ်။
Active က Transmitter ရော Tag မှာပါ Power source ပါပါတယ်။ ဒါကြောင့် သီးခြားစီအလုပ်လုပ်နိုင်ပါတယ်။

Semi-passive က Transmitter မှာ Power source ပါပြီးတော့ Tag မှာမပါပါဘူး။ ဒါပေမယ့် Transmitter က power supply (scan) လုပ်ရင် Response ပြန်နိုင်ပါတယ်။ အောက်ဆုံးကပုံက RFID Transmission ရဲ့ပုံပါ။

No comments:

Post a Comment