Thursday, 19 June 2008

M2I TOP2 Touch Screen Interface Programming (1)

Touch Panel (Screen) ကိုမြင်ဖူး သုံးဖူးကြလိမ့်မယ်ထင်တယ်။ ကျွန်တော်ပြောမှာက Touch Panel ကိုသုံးပြီး Microcontroller Interface ရေးတဲ့ပုံစံကိုပါ။ သူ့ က Application program လိုလဲမဟုတ်၊ Embedded program နဲ့လည်း သိပ်မတူဘူး။ Application လို Intercafe တွေ create ရပြီးတော့ Embedded လို Memory address, Register တွေကိုသုံးပြီးရေးပါတယ်။ ကျွန်တော်တို့ သုံးတာက M2I TOP2 Touch Panel ပါ။ အဖြူနဲ့ တစ်ခြားတစ်ရောင် Monochrome ပဲရပါတယ်။ Microcontroller Interface ပိုင်းကတော့ RS232 ပါ။ PC Interface ကတော့ download သက်သက်အတွက်ပဲ သုံးပါတယ်။ RS232 နဲ့ပါပဲ။ သူ့မှာ Main Menu တစ်ခုပါပြီးတော့။ Program Mode ဆိုရင်တော့ အဲဒီ Menu ကို ဖြောက်ထားလို့ရပါတယ်။ Baud Rate ကိုလည်း Program Runtime အတွင်းမှာ ပြောင်းသုံးလို့ရပါတယ်။ Software Reset တော့ လုပ်ပေးရပါတယ်။

No comments:

Post a Comment