Saturday, 13 February 2010

GSM/ GPRS (General packet radio service) Data Network Usage

ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံ၊ ဘယ်နေရာမှာရောက်ရောက် ဆက်သွယ်လို့ အဆင်ပြေဆုံးက GSM Network ပါ။ နိုင်ငံတိုင်းလိုလိုက Service Provider က GSM service နဲ့ GPRS Data service တွေကို ပေးလေ့ရှိပါတယ် (ကျွန်တော်တို့ နိုင်ငံတော်မှာတော့ မပေးပါ)။
ဥပမာ - ကျွန်တော့် Device တေ
ွကို သြဇီ၊ ဥရောပ၊ ယူအက်စ်၊ ဟောင်ကောင်၊ စလုံး အကုန်လုံးမှာထားပြီး အကုန်လုံးကို စင်္ကာပူကနေ ထိန်းချုပ်ချင်တယ် ဆိုပါစို့။ အဲ့ဒီ Device ကလည်း WiFi မရှိတဲ့ နေရာတွေမှာ ရှိချင်လည်း ရှိမယ်ဆိုပါစို့ (WiFi က တစ်မြို့လုံးမှာ ရှိနေဖို့ဆိုတာ ဖြစ်နိုင်ခြေနဲတာကိုး)။ အဲဒီအခါမျိုးမှာ GPRS data network ကိုသုံးရပါတယ် (မြို့ထဲမှာ ကတော့ GSM Network မိနေမှာပဲကိုး)။
အောက်မှာ GPRS Network ရဲ့အလုပ်
လုပ်ပုံအကြမ်းကို ပြထားပါတယ်။ ကျတော့ Device တွေက PDA လိုကောင်မျိုးလေးတွေပါ။ သက်ဆိုင်တဲ့ Data တွေကို စုဆောင်းထားပြီး GPRS ကနေ Database server ကို ပြန်ပို့ပါတယ်။ ကျတော့ Device မှာသုံးထားတဲ့ GSM/ GPRS Module က SIM3XX series ပါ။ အဲ့ဒီ အကြောင်းကို ဆက်ရေးပါမယ်။

Sample GPRS Network Operation

SIM300 GSM/ GPRS Module

1 comment:

  1. အရမ်းကို တန်ဖိုး၇ှိတဲ့စာတွေပါဗျာ ဆက်ေ၇းစေချင်ပါတယ်

    ReplyDelete