Friday, 13 March 2009

Jailbreaking iPhone with QuickPWN 2.2.5

Jailbreak ဆိုတာတော့ ဘာလည်းလို့ မရေးတော့ဘူး။ သိပြီးသား ဖြစ်ကြဖို့မျာပါတယ်။ ကျွန်တော်ပြောမှာက iPhone ကို Jailbreak လုပ်တဲ့နည်းပါ။ တစ်ကယ်ကတော့ သိပ်မခက်ပါဘူး။ ဒါပေမယ့် စလုပ်ရင်တော့ ကြောင်တတ်ပါတယ်။ ကျွန်တော်အခုပြောမည့် နည်းတွေကတော့ မြန်မာနိုင်ငံက လူတွေအတွက်လည်း အဆင်ပြေမည့်နည်းပါ။ လိုအပ်ချက်တွေကတော့ ...

၁။ ဒေါင်းလုတ် လုပ်ရမည့် Software များ။ (QuickPwn, iPhone Firmware Version 2.2.1, WinSCP, MobileInstallation 2.2.1, iTune)
၂။ WiFi Access။ (ဒါကတော့ မြန်မာနိုင်ငံမှာ အခက်အခဲ နဲနဲရှိနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်သိသလောက် တစ်ချို့အင်တာနက် ကဖေးတွေမှာ WiFi ရနိုင်ပါတယ်။ အဲဒီကနေတစ်ဆင့် သုံးရင်လည်း ရပါတယ်။)
၃။ iTune Account။ (ဒါကို နောက်ထပ် ပို့စ်တစ်ခုမှာ ထပ်တင်ပေးပါ့မယ်။ ရှည်သွားမှာစိုးလို့ပါ။)
၎။ သုံးချင်တဲ့ iPhone Cracked Application များ။ (အဲဒါတွေကတော့ ကိုယ်တိုင်ဒေါင်းချင်လည်း ရတယ်။ ရှိပြီးသားလူဆီက ကူးသုံးရင်လည်း ရပါတယ်။ ကျွန်တော် ဒေါင်းထားတာလေးတွေလည်း ပြန်တင်ပေးပါဦးမယ်။)
*** အရေးကြီးတာတစ်ခုက ကိုယ့်ဖုန်းရဲ့ Firmware version ကိုအရင်ကြည့်ပါ။ တစ်ကယ်လို့ Version 2.2.1 ထက်နိမ့်နေခဲ့ရင် iTune ကိုသုံးပြီး Upgrade လုပ်ပေးပါ။ အဲဒီကိတ်စက ကြာနိုင်ပါတယ်။ ခုန Firmware 2.2.1 File ကိုသုံးပြီးတော့ လုပ်ရင်လည်းရပါတယ်။ လုပ်တဲ့နည်းကို ကျွန်တော် ထပ်တင်ပေးပါမယ်။ ***

ဒီပို့စ်မှာ ၁ အတွက်အရင် ရေးပါမယ်။ နံပါတ် (၁) အတွက် လင့်တွေကတော့ ...
QuickPwn 2.2.5, iPhone Firmware Version 2.2.1, WinSCP, MobileInstallation 2.2.1, iTune

အဲဒါတွေရပြီဆိုရင် ပထမဆုံး QuickPwn ကိုဖွင့်ပါ။ အောက်ကပုံပေါ်လာပါလိမ့်မယ်။

iPhone ကိုကွန်ပျူတာမှာ တပ်ထားပြီးရင် OK နှိပ်ပြီး Button မျှားလေးထပ်နှိပ်လိုက်ပါ။ အောက်ကပုံထပ်ပေါ်လာမယ်။ (အမှန်ခြစ်အစိမ်းက ခုအချိန်မှာ မပေါ်သေးပါ။)

အဲဒီမှာ Browse ထဲကနေ ခုနဒေါင်းထားတဲ့ iPhone Firmware Version 2.2.1 ဖိုင်ကို လင့်ပေးလိုက်ပါ။ ခနစောင့်လိုက်ရင်။ ဖုန်းပေါ်မှာ အမှန်ခြစ်လေး ပေါ်လာပြီး မျှားကို ဆက်နှိပ်ပါ။ အောက်က ပုံထပ်ပေါ်မယ်။ Install Cydia, Install Installer ကို ရွေးပါ။ ပြီး မျှားကို နှိပ်ပါ။

မျှားလေးကိုပဲ ထပ်နှိပ်လိုက်ပါ။ နောက် Screen တစ်ခုထပ်ပေါ်လာမှာပါ။ အဲဒီထဲမှာပါတဲ့ အဆင့်လေးတွေအတိုင်း ခလုတ်လေးတွေ နှိပ်သွားပါ။

- Recovery Mode ထဲဝင်သွားဖို့ ခနစောင့်ပါ။ (ရောက်သွားတဲ့အခါ နောက်အဆင့်တစ်ခုကို အလိုလို ပြောင်းသွားပါလိမ့်မယ်။)
- Home button ကို 5 seconds နှိပ်ထားပါ။
- Home ကို မလွှတ်ပဲ Power Button (Wake-up button) ကို 10 seconds ထပ်နှိပ်ပါ။ နှိပ်ထားပါ။ (အဲဒီအချိန်မှာ ဖုန်းက restart ခနဖြစ်သွားပါလိမ့်မယ်။ ဂရုမစိုက်ပါနဲ့။)
- Power ကိုလွှတ်လိုက်ပြီး Home ကို 20 seconds နှိပ်ထားပါ။ (ဒီအဆင့်တွေက သူ့ထဲမှာလည်း အလိုလိုပြောင်းသွားတာပါ။ မှတ်စရာတော့ သိပ်မလိုလှပါဘူး။)
- အဆင့်အားလုံးမှန်ရင် သူ့ဟာသူ ဆက်ပြီး Jailbreak လုပ်နေပါလိမ့်မယ်။ ပြီးသွားရင် အောက်ကပုံအတိုင်း ဖြစ်သွားပါလိမ့်မယ်။ (မမှန်ရင်တော့ ပြန်စရမှာပေါ့။)

ဖုန်းမှာတော့ အောက်ကပုံလေးတွေ အဆင့်ဆင့်ပေါ်နေပါလိမ့်မယ်။ ကိုယ်က ဘာမှဆက်လုပ်စရာ မလိုတော့ပါဘူး။













နောက်ဆုံးမှာ ဖုန်းက Restart ဖြစ်သွားပြီး Cydia နဲ့ Installer ဆိုတဲ့ icon ၂ ခု အပိုပါလာပါလိမ့်မယ်။ ဒါဆို Jailbreak လုပ်တာပြီးသွားပါပြီ။ Cydia store ထဲမှာ Free ပေးထားတဲ့ application လေးတွေ အများကြီးပါပါတယ်။ Vido Recording, Blacklisting, Forward mail စတဲ့ Application လေးတွေ Free ပေးထားပါတယ်။

iPhone Cracked Applications တင်တဲ့ ကိတ်စကို ကျွန်တော်နောက် ပို့စ်တစ်ခုမှာ ထပ်တင်ပါမယ်။
(iPhone Buttons and Interface)
“ လုပ်နည်းတွေကို သင်ပေးတဲ့ ကိုကျော်မျိုးလှိုင် ကိုကျေးဇူးပါ။ ”

No comments:

Post a Comment