Thursday, 21 February 2008

Programming With LabVIEW (3) (Creating and Using SubVI)

ဒီ LabVIEW အကြောင်းကို ကျွန်တော်ရပ်ထားခဲ့တာကြာပါပြီ။ LabVIEW က တစ်ခြား Programming Language တွေလိုပဲ Function တွေသုံးလို့ရပါတယ်။ ဒီမှာကျတော့ SubVI လို့ခေါ်ပါတယ်။ သူ့ကိုတည်ဆောက်ရတာ မခက်ပါဘူး။ ဒါပေမယ့် တစ်ချက်နှစ်ချက် လောက်တော့ သိဖို့လိုပါတယ်။

ပထမအဆင့်အနေနဲ့ ကိုယ်သုံးချင်တဲ့ VI ကိုတည်ဆောက်ရပါတယ်။ အဲဒါကပုံမှန် LabVIEW program ရေးတဲ့အတိုင်းပါပဲ။ အောက်မှာနမူနာအနေနဲ့ Fahrenheit ကနေ Celsius Degree ပြောင်းတဲ့ program လေးကိုပေးထားပါတယ်။

အဲလိုတည်ဆောက်လို့ပြီးသွားတဲ့အခါ အဲဒီ VI ကို SubVI အဖြစ်တစ်ခြား VI မှာထည့်သုံးလို့ရအောင် setting လုပ်ပေးရပါတယ်။ အဲဒါကတော့ ညာဘက်အပေါ်ဒေါင့်မှာ Icon လေးကို Right click လုပ်လိုက်ရင် Pattern ထဲမှာ အထက်က မှာပါတဲ့ Patterns ကိုရွေးရပါတယ်။ pattern ရွေးတဲ့နေရာမှာ ဘယ်၊ ညာ block နှစ်ခြမ်းရှိတဲ့ထဲက ဘယ်ဘက်က အခြမ်းက Input (Passed Value) ဖြစ်ပြီး၊ ညာဘက်က အခြမ်းက Output (Return) ဖြစ်ပါတယ်။ 1 Input, 1 Output ရှိတဲ့အတွက် တစ်ကွက်စီပဲဖြစ်နေတာပါ။ 2 Inputs ဆိုရင် ဘယ်ဘက်အခြမ်းမှာ ၂ ကွက်ဖြစ်ရပါမယ်။ ပုံမှန်က အဖြူရောင်တွေပါ။ ပြီးရင် Input Control ကိုရွေး ဘယ်ဘက်အကွက်ကို click လုပ်။ Output Indicator ကိုရွေး ညာဘက်အကွက်ကို click လုပ်ရင် အထက်မှာပါတဲ့အတိုင်း လိမ်မော်ရောင်လေးတွေ ဖြစ်လာမှာပါ။ အရောင်ကိစ္စကတော့ Integer ဆိုရင် အပြာရောင်၊ Float ဆိုရင် လိမ်မော်၊ Character ဆိုရင် အစိမ်း၊ String ဆိုရင် ပန်းရောင်ပါ။ Array ဆိုရင် line ထူပါတယ်။ Data Flow တွေကလည်း အဲဒီအရောင်တွေ အတိုင်းပါပဲ။ ပုံတွေမှာကြည့်လိုက်ပါ။

အဲဒီ SubVI ကိုအခြား VI မှာယူသုံးလိုက်တဲ့ ပုံတွေပါ။ C->F Icon လေးက SubVI ရဲ့ Icon ပါ။ ကျန်တာတွေကတော့ အရင်တစ်ခါရေးခဲ့သလို နေရာချ။ Flow line တွေလိုက်ဆက်ပေး။ ပြီးရင် လို့ရပါပြီ။ နောက်ထပ် Post တွေမှာ Tools, Instruments, Components တွေကိုနဲနဲခြင်းထည့်ပြောသွားပါမယ်။ အဓိကဖြစ်တတ်တဲ့ Error တွေကတော့ မတူတဲ့ Data Type အချင်းချင်း Data Flow ချိတ်မိတာပါပဲ။

No comments:

Post a Comment