Tuesday, 29 January 2008

NEC MCU's Debuggers and Programmers

NEC Microcontroller တွေနဲ့ ရေးတဲ့အခါကြုံရတဲ့ Problem လေးတွေပါ။ ကျွန်တော်သုံးဘူးတာ Programmer နှစ်မျိုးရှိပါတယ်။ PG-FPL3 နဲ့ MiniCUBE2 ပါ။ MiniCUBE2 က Debugging လုပ်လို့ရပြီး FPL3 က Debugging မရပါဘူး။ Target speed 8MHz, 16MHz ရှိတဲ့ MCU တွေပေါ်မူတည်ပြီး Hardware (Programmer) မှာ switch ကိုပြောင်းပေးရပါတယ်။ Software မှာလည်း Setting ပြန်ပြင်ပေးရပါတယ်။ အဲဒီလိုမလုပ်ရင် သုံးလို့မရပါဘူး။ နောက်တစ်ခုက Port (USB-Serial) မှာ Driver လိုပါတယ်။ Install & Setting လုပ်ပေးရပါတယ်။ အောက်မှာ Setting လုပ်တဲ့ နမူနာပြထားပါတယ်။ PRM (Parameter File) ကိုလည်း Install လုပ်ရပါတယ်။ Software, driver အားလုံးကို NEC ရဲ့ Website မှာ free download လုပ်လို့ရပါတယ်။ FPL3 အတွက်ဆိုရင် FPL3 Software ကိုသုံးပါတယ်။

MiniCUBE2 and AccessoriesPG-FPL3FPL3 setup screen

No comments:

Post a Comment